CELEBRITY

နှစ်ယောက်အတူတွဲပြီး ပွဲတက်ခဲ့တဲ့ ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူ

အကဗီဒီယိုတွေနဲ့ ကျော်ကြားတဲ့သူလေးတစ်ယောက်ဖြစ်တဲ့အပြင် သရုပ်ဆောင်တစ်ယောက်အဖြစ်လည်း အနုပညာလှုပ်ရှားမှုတွေကို ပြုလုပ်နေတဲ့ မင်းသမီးလေး ဧငြိမ်းဖြူနဲ့ နာမည်ကျော် အဆိုတော် တစ်ယောက်ဖြစ်တဲ့ ရဲရင့်အောင်တို့ကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ အနုပညာရှင်စုံတွဲလေးဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့ Oppo F9 မိတ်ဆက်ပွဲကို အတူတွဲပြီး တက်ရောက်ခဲ့ပါတယ်။

ဧငြိမ်းဖြူကတော့ ပန်းရောင်ကိုယ်ကြပ် အရှည်လေးနဲ့ လှနေတဲ့ သူမရဲ့ ဓါတ်ပုံလေးတွေကို “တစ်ခါတစ်လေတော့လဲ အရိုးရှင်းဆုံးက အဆန်းဆုံးတဲ့” လို့ တင်ထားပြီး ချစ်သူရဲ့ရင့်အောင်နဲ့အတူ ရိုက်ထားတဲ့ ဓါတ်ပုံလေးကိုလည်း တင်ပေးထားတာဖြစ်ပါတယ်။

ဧငြိမ်းဖြူ နဲ့ ရဲရင့်အောင်တို့ကတော့ စိတ်တူ ကိုယ်တူနဲ့ ဝါသနာတူတဲ့ စုံတွဲလေးဖြစ်လို့ ပရိသတ်တွေတိုင်း အားကျရတဲ့ စုံတွဲလေးလည်း ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ အနုပညာလှုပ်ရှားမှုတွေကိုလည်း အားပေးလိုက်ပါဦးနော် ပရိသတ်ကြီးရေ…။
Source: A Nyein Phyu

About the author

ShweLight

Leave a Comment