Shwe News

ကိုယ္ဝန္ ၂၂ ပတ္နဲ႔ ေမြးဖြားခဲ့တဲ့ ကေလးကို ေဆး႐ုံမွ ဘြဲ႕အပ္ႏွင္း (႐ုပ္သံ)

အေမရိကန္နိုင္ငံတြင္ ၂၂ ပတ္သာကိုယ္ဝန္ေဆာင္ၿပီး ေမြးဖြားလာခဲ့တဲ ကေလးေလးတစ္ဦးကို ယူအက္ေအ မိခင္နဲ႔ကေလးေဆး႐ုံ အထူးၾကပ္မတ္ကုသေဆာင္ကေန ဘြဲ႕အပ္ႏွင္းအခမ္းအနား ျပဳလုပ္ေပးခဲ့ပါတယ္။

‘မိုလီ’ လို႔ အမည္ရတဲ့ အမ်ိဳးသမီးဟာ သူမရဲ့ကိုယ္ဝန္ ၂၂ ပတ္သားမွာ အထဲက ကေလးေနရထိုင္ရခက္လာတဲ့ ျပႆနာၾကဳံခဲ့တာေၾကာင့္ ေဆး႐ုံေပၚမွာ သုံးပတ္ခန႔္ တက္ၿပီးမွ ပုံမွတ္ထက္ ပိုမိုေစာစီးစြာျဖင့္ သားေယာက်္ားေလး တစ္ဦး ဖြားျမင္ခဲ့ပါတယ္။ ကေလးကို “ကူလန္” လို႔ အမည္ေပးထားပါတယ္။

‘ကူလန္’ ကို မေမြးဖြားမီက ဒီေလာက္အခ်ိန္အေစာႀကီး ေမြးလာခဲ့မယ္ဆိုရင္ ကေလး အသက္ရွင္ဖို႔ ၂ % သာ အခြင့္အေရးရွိၿပီး အသက္ရွင္ခဲ့ရင္ေတာင္ မသန္မစြမ္းျဖစ္လာနိုင္တယ္လို႔ ဆရာဝန္ေတြက ေဆးပညာအရ ေျပာၾကားခဲ့ပါတယ္။

ဒါေပမယ့္လည္း မိဘျဖစ္သူေတြက ေမၽွာ္လင့္ခ်က္ကို မေလ်ာ့ခ်ခဲ့ပါဘူး။ ‘မိုလီ’ ရဲ့ ခင္ပြန္းျဖစ္သူက ‘ေရာဘတ္’ က အနီးနားမွာရွိတဲ့ ျပည္နယ္ ၃ ခုထဲက ေဆး႐ုံေပါင္း ၁၆ ႐ုံကို ေျခတိုေအာင္ သြားေရာက္စုံစမ္းခဲ့ၿပီး ကေလးေစာေမြးမယ့္ ဇနီးသည္နဲ႔ ကိုက္ညီမယ့္ အသင့္ေတာ္ဆုံး ေဆး႐ုံကို လိုက္ရွာခဲ့ပါတယ္။

‘မိုလီ’ ဟာ ၿပီခဲ့တဲ့ ႏွစ္တုန္းက ကိုယ္ဝန္ႏွစ္ႀကိမ္ ပ်က္က်ထားဖူးသူလည္းျဖစ္လို႔ ဒီတစ္ႀကိမ္ ကေလးေမြးနိုင္ဖို႔ အတြက္ ဘာလာလာရင္ဆိုင္ရန္ အားတင္းထားၾကတာပါ။

‘မိုလီ’ ကို ပန္ဆာကိုလာေဆး႐ုံကေန ယူအက္ေအ မိခင္နဲ႔ကေလးေဆး႐ုံကို လႊဲေျပာင္းေပးပို႔ခဲ့ၿပီး အထူးၾကပ္မတ္ေဆာင္ထဲမွာ အေရးေပၚမီးဖြားခဲ့ရတာျဖစ္ပါတယ္။ ေမြးလာတဲ့ ကေလးဟာ ၁၃.၉ ေအာင္စသာရွိၿပီး အျခားေသာ ပုံမွန္မဟုတ္တဲ့ အေျခအေနေတြကို ရင္ဆိုင္ေက်ာ္ျဖတ္ခဲ့ရပါတယ္။

ေဆး႐ုံေပၚမွာ ရက္ေပါင္း ၁၆၀ ၾကာ အသက္ရွင္ဖို႔ ႐ုန္းကန္ခဲ့ရၿပီး ေနာက္ဆုံးမွာေတာ့ “ကူလန္” ေလးဟာ ပုံမွန္ကေလးေတြလို ျဖစ္လာၿပီး ကိုယ္အေလးခ်ိန္လည္း ၅ ေပါင္ ၁၁ ေအာင္စ ရွိၿပီမို႔ အႏၲရာယ္အခက္ခဲေတြ အားလုံးကို ေအာင္ျမင္စြာ ေက်ာ္ျဖတ္နိုင္ခဲ့ပါတယ္။

ဒါေၾကာင့္မို႔ သူေဆး႐ုံဆင္းမယ့္ေန႔မွာပဲ အထူးၾကပ္မတ္ေဆာင္က ဘြဲ႕အပ္ႏွင္းတဲ့ အခမ္းအနားအတိုင္း “ကူလန္” ကို ဘြဲ႕ဝတ္စုံ၊ ဦးထုတ္ ဝတ္ေပးၿပီး ဘြဲ႕ယူေနာက္ခံတီးလုံးေတြနဲ႔ ၿမိဳင္ၿမိဳင္ဆိုင္ဆိုင္ ေဆး႐ုံက ဆင္းခြင့္ေပးလိုက္ပါတယ္။

Credit popolay

  • Unicode

အမေရိကန်နိုင်ငံတွင် ၂၂ ပတ်သာကိုယ်ဝန်ဆောင်ပြီး မွေးဖွားလာခဲ့တဲ ကလေးလေးတစ်ဦးကို ယူအက်အေ မိခင်နဲ့ကလေးဆေးရုံ အထူးကြပ်မတ်ကုသဆောင်ကနေ ဘွဲ့အပ်နှင်းအခမ်းအနား ပြုလုပ်ပေးခဲ့ပါတယ်။

‘မိုလီ’ လို့ အမည်ရတဲ့ အမျိုးသမီးဟာ သူမရဲ့ကိုယ်ဝန် ၂၂ ပတ်သားမှာ အထဲက ကလေးနေရထိုင်ရခက်လာတဲ့ ပြဿနာကြုံခဲ့တာကြောင့် ဆေးရုံပေါ်မှာ သုံးပတ်ခန့် တက်ပြီးမှ ပုံမှတ်ထက် ပိုမိုစောစီးစွာဖြင့် သားယောကျ်ားလေး တစ်ဦး ဖွားမြင်ခဲ့ပါတယ်။ ကလေးကို “ကူလန်” လို့ အမည်ပေးထားပါတယ်။

‘ကူလန်’ ကို မမွေးဖွားမီက ဒီလောက်အချိန်အစောကြီး မွေးလာခဲ့မယ်ဆိုရင် ကလေး အသက်ရှင်ဖို့ ၂ % သာ အခွင့်အရေးရှိပြီး အသက်ရှင်ခဲ့ရင်တောင် မသန်မစွမ်းဖြစ်လာနိုင်တယ်လို့ ဆရာဝန်တွေက ဆေးပညာအရ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့်လည်း မိဘဖြစ်သူတွေက မျှော်လင့်ချက်ကို မလျော့ချခဲ့ပါဘူး။ ‘မိုလီ’ ရဲ့ ခင်ပွန်းဖြစ်သူက ‘ရောဘတ်’ က အနီးနားမှာရှိတဲ့ ပြည်နယ် ၃ ခုထဲက ဆေးရုံပေါင်း ၁၆ ရုံကို ခြေတိုအောင် သွားရောက်စုံစမ်းခဲ့ပြီး ကလေးစောမွေးမယ့် ဇနီးသည်နဲ့ ကိုက်ညီမယ့် အသင့်တော်ဆုံး ဆေးရုံကို လိုက်ရှာခဲ့ပါတယ်။

‘မိုလီ’ ဟာ ပြီခဲ့တဲ့ နှစ်တုန်းက ကိုယ်ဝန်နှစ်ကြိမ် ပျက်ကျထားဖူးသူလည်းဖြစ်လို့ ဒီတစ်ကြိမ် ကလေးမွေးနိုင်ဖို့ အတွက် ဘာလာလာရင်ဆိုင်ရန် အားတင်းထားကြတာပါ။

‘မိုလီ’ ကို ပန်ဆာကိုလာဆေးရုံကနေ ယူအက်အေ မိခင်နဲ့ကလေးဆေးရုံကို လွှဲပြောင်းပေးပို့ခဲ့ပြီး အထူးကြပ်မတ်ဆောင်ထဲမှာ အရေးပေါ်မီးဖွားခဲ့ရတာဖြစ်ပါတယ်။ မွေးလာတဲ့ ကလေးဟာ ၁၃.၉ အောင်စသာရှိပြီး အခြားသော ပုံမှန်မဟုတ်တဲ့ အခြေအနေတွေကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရပါတယ်။

ဆေးရုံပေါ်မှာ ရက်ပေါင်း ၁၆၀ ကြာ အသက်ရှင်ဖို့ ရုန်းကန်ခဲ့ရပြီး နောက်ဆုံးမှာတော့ “ကူလန်” လေးဟာ ပုံမှန်ကလေးတွေလို ဖြစ်လာပြီး ကိုယ်အလေးချိန်လည်း ၅ ပေါင် ၁၁ အောင်စ ရှိပြီမို့ အန္တရာယ်အခက်ခဲတွေ အားလုံးကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

ဒါကြောင့်မို့ သူဆေးရုံဆင်းမယ့်နေ့မှာပဲ အထူးကြပ်မတ်ဆောင်က ဘွဲ့အပ်နှင်းတဲ့ အခမ်းအနားအတိုင်း “ကူလန်” ကို ဘွဲ့ဝတ်စုံ၊ ဦးထုတ် ဝတ်ပေးပြီး ဘွဲ့ယူနောက်ခံတီးလုံးတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ဆေးရုံက ဆင်းခွင့်ပေးလိုက်ပါတယ်။

Credit popolay

About the author

Wai Phyo Oo

Leave a Comment