EDUCATION KNOWLEDGE TECH NEWS

KBZ Mobile Banking သုံးသူများ သတိထားကြရန် ဖတ်ပြီး ရှယ်ပေးကြပါ

အဖြစ်အပျက် ဇတ်လမ်းက
ဆေးကုမ္ပဏီရုံးတခု (ကျွန်တော်တို့ရုံး) က မန်နေဂျာ အကြီးတယောက်က သူ့ရဲ့ ဖုန်းထဲမှာ သူ့ရဲ့ Mobile Banking Password ကို notepad လိုဟာမျိုးနဲ့ ရိုက်မှတ်ထားသတဲ့။ သူက အိုင်တီကိုလဲ သိတ်အကြွမ်းတ၀င်မရှိလေတော့ UN/PW ပေါင်းစုံကို အာ့လိုမျိုးနဲ့ပဲ မှတ်ထားတာ။

ပြီးခဲ့တဲ့လက ဖုန်းကို Update လုပ်စရာပေါ်လာလို့ S**** Mobile ဖုန်းဆိုင်ကို သွားအပ်တယ်တဲ့။
ပြန်လာပြီး နောက်ပိုင်းမှာ Mobile Banking လဲမသုံးဖြစ်သလို အကောင့်ကိုလဲ သိပ်မစစ်ဖြစ်ဖူးတဲ့။
မနေ့ကညမှ ဖုန်းထဲကို OTP (one time password) တွေရောက်နေတာကို သတိထားမိလို့ ဘေးဘီကိုမေးမြန်းကြည့်တော့မှာ သူ့ Mobile Banking တခုခုဖြစ်နေပြီဆိုတာ သတိထားမိတာတဲ့။ အာ့နဲ့ အပူဖုန်းလိုင်းတွေဆက်တော့လဲ ပုရိတ်သတ်ကြီးသိတဲ့ အတိုင်းဆက်မရ ဖုန်းပိတ်ထား ဖြစ်နေလို့ နောက်ဆုံးကြံရာမရလို့ ရသလိုကြံပြီး ကိုယ့် Mobile Account Password ကို သုံးကြိမ်သုံးလီ အမှားရိုက်ပြီး Lock ချလိုက်ရသတဲ့။

ဒီနေ့မနက်ကြမှ ဘဏ်သွားပြီး စစ်တဲ့ အခါမှာ Mobile Banking ကနေ ဖုန်းနံပတ် ၅လုံး ၆လုံးလောက်ကို Mobile Topup တွေလုပ်ထားတာတွေ့တာ တန်းစီနေတာပဲ။ ပေါင်းကြည့်လိုက်တော့ ၅သိန်း ၇သောင်းကျော်။
ဆာ့ဗစ်လုပ်ခဲ့တဲ့ S**** Mobile ကို သွားပြောတော့လဲ့ မထူးခြား။ Topup လုပ်ထားတဲ့ ဖုန်းနံပတ်တွေထဲက တခုကို ဆက်ကြည့်တော့လဲ နဲနဲပြောပြီးတာနဲ့ ငြင်းပြီး နောက်တခါဆက်တော့ ပိတ်သွားသတဲ့။

 

တကယ်တန်း OTP တက်တာက Mobile Account Transfer ကြောင့်တက်တာ။ Account to Account Transfer မှာသာ OTP မခံထားလို့ကတော့ ရှိသမျှ အကုန်ပါသွားလောက်တယ်။

ဒီအဖြစ်အပျက်ကနေ သင်ခန်းစာယူသင့်တာကတော့
၁။ Mobile Banking ရဲ့ Password ဆိုတာ မိမိရဲ့ ပိုင်ဆိုင်မှု့ကို သိမ်းဆည်းတာဖြစ်တဲမီးခံသတ္တာသော့ပါပဲ။ အထူးသဖြင့် KBZ mobile ရော၊ i Banking နှစ်ခုစလုံးက UN/PW သိသူတိုင်းက ကြိုက်ရာနေရာ (မည်သည့်ဖုန်း၊ ကွန်ပြူတာ၊ အင်တာနက်လိုင်း) ကနေ Login ၀င်ကြည့်လို့ရတယ် ဆိုတာသတိထားပါ။

၂။ ၀င်ပြီးသွားတာနဲ့ OTP မလိုပဲနဲ့ သုံးလို့ရတာတွေရှိနေတယ်ဆိုတာသတိထားဘို့လိုပါတယ်။ အကယ်လို့ သူ့ဖုန်းသည်သာ ဆိုင်မှာ SIM ထည့်လျှက် ရောက်နေမယ်ဆိုရင် ဒီလိုအခြေအနေမျိုးမှာ သူ့အကောင့်ထဲက ငွေအားလုံးကို အခြားအကောင့်ဆီ ရွှေ့သွားနိုင်တဲ့ အနေအထားမျိုး ဖြစ်သွားနိုင်ပါတယ်။ OTP က register phone ကို ငွေပေးချေမှု့ လွဲပြောင်းမှု့ လုပ်တိုင်းပို့ပါတယ်။

၃။ အရေးကြီးတဲ့ Password ဟူသမျှကို လုံခြုံအောင် သိမ်းဖို့ဟာက ကိုယ့်တာဝန်ဖြစ်ကြောင်းနဲ့

၎။ လွယ်ကူရင် သူကြွယ်တောင် သူခိုးဖြစ်ဆိုတဲ့ စကားပုံမမေ့ပါနဲ့။ မိမိဖုန်း Service လုပ်မယ်ဆိုရင် အရေးကြီးတဲ့ Data ကို ဖျက်ချင်ဖျက်၊ ရွှေ့ချင်ရွှေ့ထားသင်ကြောင်း။

Zaw Min Aye (နည်းပညာချစ်သူ)

About the author

ShweLight

Leave a Comment