Shwe News

ကမၻာပ်က္ရင္ခုိေအာင္းဖုိ႕အတြက္ ေျမေအာက္မွာ ဘန္ကာေတြေဆာက္ေနတဲ့ အေမရိကန္ဘီလ်ံနာမ်ား

လြန္ခဲ့တဲ့ ႏွစ္ႏွစ္အတြင္းမွာ နယူးဇီလန္ႏုိင္ငံအတြင္း ေျမေအာက္ဘန္ကာေတြေဆာက္လုပ္ေနတဲ့ စီလီကြန္ဗီလီမွ မီလ်ံနာ အနည္းဆံုး ၇ ဦးရွိပါတယ္။
ႏ်ဴကလိယားစစ္ပြဲေတြနဲ႕ လူခ်မ္းသာေတြကုိပစ္မွတ္ထားေနတဲ့ ဝရုန္းသုန္းကားမႈေတြေၾကာင့္ အေရးေပၚအေျခအေနျဖစ္လာခဲ့ရင္ အေမရိက ကေနထြက္ေျပးတိမ္းေရွာင္ႏုိင္ဖုိ႕အတြက္ အခုလုိတည္ေဆာက္ေနၾကတာပဲျဖစ္ပါတယ္။

ေျမေအာက္ ၄ မီတာအက်ယ္အဝန္းရွိတဲ့ တန္ ၁၅၀ ဒဏ္ခံ ဘန္ကာခန္းတစ္ခုကုိ ေဒၚလာ ၁၁.၅ သန္းကုန္က်ေၾကာင္း ဘန္ကာတည္ေဆာက္ေရးအဖြဲ႕အစည္း Rising S Company အေျပာအရသိရပါတယ္။

“နယူးဇီလန္ႏုိင္ငံဟာ ဘယ္ႏုိင္ငံနဲ႕မွ ရန္စမရွိတဲ့အတြက္ ႏ်ဴကလိယ ပစ္မွတ္တစ္ခုဘယ္ေတာ့မွျဖစ္လာမွာမဟုတ္ဘူး။
ဘယ္ေတာ့မွ စစ္မီးေတြကူးစက္မွာမဟုတ္ဘူး။

ေအးေအးခ်မ္းခ်မ္းေနထုိင္ခ်င္တဲ့သူေတြအတြက္ အေကာင္းဆံုးေနရာတစ္ခုပဲ ” လုိ႕ Rising S Company ရဲ႕ အေထြေထြမန္ေနဂ်ာ ဂယ္လီလင့္ခ်္ က ေျပာၾကားခဲ့ပါတယ္။
လတ္တေလာမွာေတာ့ အေမရိကန္မွ နယူးဇီလန္ သို႕ ၉၂ မီတာ ပတ္လည္ ဘန္ကာႏွစ္ခုကို ကုန္တင္ကား ၁၉ စီးနဲ႕ အပိုင္းလိုက္ပို႕ေဆာင္ထားေၾကာင္းလည္း သိရပါတယ္။
တစ္ခုကေတာ့ ေျမာက္ပုိင္းက Auckland မွာ တည္ေဆာက္မွာျဖစ္ျပီး ေနာက္တစ္ခုကေတာ့ ေတာင္ဘက္ကြ်န္းစြယ္ဘက္က ဘယ္ေနရာမွန္းမသိတဲ့ေနရာတစ္ခုမွာတည္ေဆာက္မွာပဲျဖစ္ပါတယ္။
နယူးဇီလန္သမၼတေဟာင္းကေတာ့ သူတုိ႕ဆီမွာ အေျခစိုက္လာေနထိုင္ခ်င္ၾကတဲ့ အေမရိကန္ဘီလ်ံနာေတြအေၾကာင္း အခုလိုပဲေျပာျပထားပါတယ္။
“ကမၻာၾကီးတစ္ခုလံုးမီးေတာက္ေနတဲ့အခါ အေျခခ်ေနထုိင္ႏုိင္ဖုိ႕အတြက္ နယူးဇီလန္ႏုိင္ငံမွာ ေျမေနရာဝယ္ယူခ်င္တဲ့သူေတြအမ်ားအျပားရွိတယ္”

Paypal ရဲ႕ ပူးတြဲတည္ေထာင္သူ Peter Thiel ဟာဆိုရင္ နယူးဇီလန္မွာ ဘန္ကာႏွစ္ခန္းဝယ္ထားျပီးျပီျဖစ္ျပီး တစ္ခုကေတာ့ႏ်ဴကလိယဒဏ္ကာကြယ္ႏုိင္တဲ့အခန္းျဖစ္တယ္လုိ႕သိရပါတယ္။
ေနာက္ထပ္အမည္အေဖာ္လုိသူ ဝယ္ယူထားသူတစ္ေယာက္ကလည္း သူ႕ဂိုေထာင္ထဲမွာ ေသနတ္တပ္ထားတဲ့ ေမာ္ေတာ္ဆိုင္ကယ္ရွိေၾကာင္းေျပာျပထားပါေသးတယ္။
အေရးေပၚအေျခအေနျဖစ္လာတဲ့အခါမွာ ဘန္ကာပုိင္ရွင္ေတြဟာ သီးသန္႕ေလယာဥ္ေတြနဲ႕ နီဗားဒါးကုိ ပ်ံသန္းျပီး အဲ့ဒီမွာရွိတဲ့အျခားေလယာဥ္တစ္စင္းနဲ႕မွ နယူးဇီလန္ကိုဆက္လက္ပ်ံသန္းရမွာျဖစ္ပါတယ္။

Mr.Thiel နဲ႕ Sam Altman ကေတာ့ နယူးဇီလန္ဟာသူတို႕ရဲ႕ပုန္းခိုရာျဖစ္တယ္လုိ႕ ၂၀၁၆ ခုႏွစ္က အတိအလင္းေျပာၾကားထားပါတယ္။
Mr.Altman ဟာဆုိရင္ ဇီဝစစ္ပြဲျဖစ္လာႏိုင္ေခ်ကို စဥ္းစားထားတဲ့အတြက္ လက္နက္ေတြအျပင္ ဓါတ္ေငြ႕ကာမ်က္ႏွာဖံုးေတြ ၊ ေတာထဲမွာစခန္းခ်လို႕ရမယ့္ တဲ့ေတြ နဲ႕ ဓါတုဆန္႕က်င္ေဆးဝါးေတြကုိပါစုေဆာင္းထားပါတယ္။

ေနာက္ထပ္ဘန္ကာတည္ေဆာက္ထားသူႏွစ္ေယာက္ကေတာ့ ရုပ္ရွင္ဒါရိုက္တာ ဂ်ိန္းကင္မရြန္းနဲ႕ ဟဒ္ဖန္ မန္ေနဂ်ာ ဂ်ဴလီယန္ေရာ္ဘင္ဆင္တုိ႕ပဲျဖစ္ပါတယ္။
အျခားအေမရိကန္ စီးပြားေရးလုပ္ငန္းရွင္ ၁၀ ေယာက္ဟာလည္း Queenstown မွာ ေျမေနရာေတြဝယ္ထားေၾကာင္း ပြဲစားေတြအေျပာအရသိထားရပါတယ္။

Bulletin of the Atomic Scientists အဖြဲ႕မွ ထိန္းသိမ္းေနတဲ့ Doomsday Clock (စီရင္ရာေန႕ နာရီ )ဟာဆုိရင္ ၂၀၁၈ ခုႏွစ္မွာ ညသန္းေခါင္ကို ၂ မိနစ္အလိုအထိ နီးကပ္လာတဲ့အတြက္ ဘီလ်ံနာေတြအခုလိုျပင္ဆင္ေနတာလည္းျဖစ္ႏုိင္ပါတယ္။

Writer – Min Thu (Daily Hot News )

  • Unicode

ကမ္ဘာပျက်ရင်ခိုအောင်းဖို့အတွက် မြေအောက်မှာ ဘန်ကာတွေဆောက်နေတဲ့ အမေရိကန်ဘီလျံနာများ

လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ နယူးဇီလန်နိုင်ငံအတွင်း မြေအောက်ဘန်ကာတွေဆောက်လုပ်နေတဲ့ စီလီကွန်ဗီလီမှ မီလျံနာ အနည်းဆုံး ရ ဦးရှိပါတယ်။
နျူကလိယားစစ်ပွဲတွေနဲ့ လူချမ်းသာတွေကိုပစ်မှတ်ထားနေတဲ့ ဝရုန်းသုန်းကားမှုတွေကြောင့် အရေးပေါ်အခြေအနေဖြစ်လာခဲ့ရင် အမေရိက ကနေထွက်ပြေးတိမ်းရှောင်နိုင်ဖို့အတွက် အခုလိုတည်ဆောက်နေကြတာပဲဖြစ်ပါတယ်။

မြေအောက် ၄ မီတာအကျယ်အဝန်းရှိတဲ့ တန် ၁၅၀ ဒဏ်ခံ ဘန်ကာခန်းတစ်ခုကို ဒေါ်လာ ၁၁.၅ သန်းကုန်ကျကြောင်း ဘန်ကာတည်ဆောက်ရေးအဖွဲ့အစည်း Rising S Company အပြောအရသိရပါတယ်။

“နယူးဇီလန်နိုင်ငံဟာ ဘယ်နိုင်ငံနဲ့မှ ရန်စမရှိတဲ့အတွက် နျူကလိယ ပစ်မှတ်တစ်ခုဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး။
ဘယ်တော့မှ စစ်မီးတွေကူးစက်မှာမဟုတ်ဘူး။

အေးအေးချမ်းချမ်းနေထိုင်ချင်တဲ့သူတွေအတွက် အကောင်းဆုံးနေရာတစ်ခုပဲ ” လို့ Rising S Company ရဲ့ အထွေထွေမန်နေဂျာ ဂယ်လီလင့်ချ် က ပြောကြားခဲ့ပါတယ်။
လတ်တလောမှာတော့ အမေရိကန်မှ နယူးဇီလန် သို့ ၉၂ မီတာ ပတ်လည် ဘန်ကာနှစ်ခုကို ကုန်တင်ကား ၁၉ စီးနဲ့ အပိုင်းလိုက်ပို့ဆောင်ထားကြောင်းလည်း သိရပါတယ်။
တစ်ခုကတော့ မြောက်ပိုင်းက Auckland မှာ တည်ဆောက်မှာဖြစ်ပြီး နောက်တစ်ခုကတော့ တောင်ဘက်ကျွန်းစွယ်ဘက်က ဘယ်နေရာမှန်းမသိတဲ့နေရာတစ်ခုမှာတည်ဆောက်မှာပဲဖြစ်ပါတယ်။
နယူးဇီလန်သမ္မတဟောင်းကတော့ သူတို့ဆီမှာ အခြေစိုက်လာနေထိုင်ချင်ကြတဲ့ အမေရိကန်ဘီလျံနာတွေအကြောင်း အခုလိုပဲပြောပြထားပါတယ်။
“ကမ္ဘာကြီးတစ်ခုလုံးမီးတောက်နေတဲ့အခါ အခြေချနေထိုင်နိုင်ဖို့အတွက် နယူးဇီလန်နိုင်ငံမှာ မြေနေရာဝယ်ယူချင်တဲ့သူတွေအများအပြားရှိတယ်”

Paypal ရဲ့ ပူးတွဲတည်ထောင်သူ Peter Thiel ဟာဆိုရင် နယူးဇီလန်မှာ ဘန်ကာနှစ်ခန်းဝယ်ထားပြီးပြီဖြစ်ပြီး တစ်ခုကတော့နျူကလိယဒဏ်ကာကွယ်နိုင်တဲ့အခန်းဖြစ်တယ်လို့သိရပါတယ်။
နောက်ထပ်အမည်အဖော်လိုသူ ဝယ်ယူထားသူတစ်ယောက်ကလည်း သူ့ဂိုထောင်ထဲမှာ သေနတ်တပ်ထားတဲ့ မော်တော်ဆိုင်ကယ်ရှိကြောင်းပြောပြထားပါသေးတယ်။
အရေးပေါ်အခြေအနေဖြစ်လာတဲ့အခါမှာ ဘန်ကာပိုင်ရှင်တွေဟာ သီးသန့်လေယာဉ်တွေနဲ့ နီဗားဒါးကို ပျံသန်းပြီး အဲ့ဒီမှာရှိတဲ့အခြားလေယာဉ်တစ်စင်းနဲ့မှ နယူးဇီလန်ကိုဆက်လက်ပျံသန်းရမှာဖြစ်ပါတယ်။

Mr.Thiel နဲ့ Sam Altman ကတော့ နယူးဇီလန်ဟာသူတို့ရဲ့ပုန်းခိုရာဖြစ်တယ်လို့ ၂၀၁၆ ခုနှစ်က အတိအလင်းပြောကြားထားပါတယ်။
Mr.Altman ဟာဆိုရင် ဇီဝစစ်ပွဲဖြစ်လာနိုင်ချေကို စဉ်းစားထားတဲ့အတွက် လက်နက်တွေအပြင် ဓါတ်ငွေ့ကာမျက်နှာဖုံးတွေ ၊ တောထဲမှာစခန်းချလို့ရမယ့် တဲ့တွေ နဲ့ ဓါတုဆန့်ကျင်ဆေးဝါးတွေကိုပါစုဆောင်းထားပါတယ်။

နောက်ထပ်ဘန်ကာတည်ဆောက်ထားသူနှစ်ယောက်ကတော့ ရုပ်ရှင်ဒါရိုက်တာ ဂျိန်းကင်မရွန်းနဲ့ ဟဒ်ဖန် မန်နေဂျာ ဂျူလီယန်ရော်ဘင်ဆင်တို့ပဲဖြစ်ပါတယ်။
အခြားအမေရိကန် စီးပွားရေးလုပ်ငန်းရှင် ၁၀ ယောက်ဟာလည်း Queenstown မှာ မြေနေရာတွေဝယ်ထားကြောင်း ပွဲစားတွေအပြောအရသိထားရပါတယ်။

Bulletin of the Atomic Scientists အဖွဲ့မှ ထိန်းသိမ်းနေတဲ့ Doomsday Clock (စီရင်ရာနေ့ နာရီ )ဟာဆိုရင် ၂၀၁၈ ခုနှစ်မှာ ညသန်းခေါင်ကို ၂ မိနစ်အလိုအထိ နီးကပ်လာတဲ့အတွက် ဘီလျံနာတွေအခုလိုပြင်ဆင်နေတာလည်းဖြစ်နိုင်ပါတယ်။

Writer – Min Thu (Daily Hot News )

About the author

Shwe News

Leave a Comment