MOBILE TECH NEWS

Xiaomi က မတ္လ ၂၇ ရက္ေန႔မွာ မိတ္ဆက္တဲ႔ Mi Mix 2S ဖုန္းရဲ႕ ေစ်းႏႈန္းႏွင့္ အခ်က္အလက္မ်ား။

အရည္အေသြးျမင့္မားတဲ့ ေက်ာဘက္ကင္မရာႏွစ္ခုစနစ္ပါဝင္ၿပီး Qualcomm ရဲ႕ Snapdragon 845 ပရိုဆက္ဆာကိုသံုးထားတဲ႔ Mi Mix 2S ဖုန္းကို မတ္လ ၂၇ ရက္ေန႔ ရွန္ဟုိင္းပြဲမွာ Xiaomi က မိတ္ဆက္လိုက္ပါတယ္။

သတၱဳေဘာင္နဲ႔ ceramic ကိုယ္ထည္ကို သုံးထားတဲ႔အတြက္ ဖုန္းရဲ႕ ဒီဇိုင္းက အလြန္လွပတာေတြ႔ရပါတယ္။
အေပၚနဲ႔ေအာက္ေဘာင္ေတြကို တတ္ႏုိင္သေလာက္ေလွ်ာ့ခ်ထားတာကို ေတြ႔ရပါတယ္။

OIS စနစ္ပါ 12MP ကင္မရာမ်ားကို ေက်ာဘက္ ဘယ္ေထာင့္မွာ ေဒါင္လုိက္ ထည့္သြင္းထားပါတယ္။ဖုန္းရဲ႕ မ်က္နာျပင္ကေတာ႔ ၅.၉၉ လက္မ OLED Display တပ္ဆင္ထားမွာ ျဖစ္ၿပီး မ်က္ႏွာျပင္ အရည္အေသြးမွာ FullHD+ IPS panel ရွိပါတယ္။ ျပီးေတာ႔ မ်က္နွာျပင္ အခ်ိဳးမွာ 18:9 ျဖစ္ပါတယ္။
screen ရဲ resolution ကေတာ့ 2160×1080 pixel ရိွပါတယ္။

ေရွ႕ကင္မရာအတြက္ ဖုန္းရဲဲ႕ေအာက္ဘက္မွာ 5MP f/2.0 selfie ကင္မရာကို ထည့္သြင္းထားပါတယ္။
ျပီးေတာ႔ Android Oreo အေျချပဳ MIUI 9 ကို သုံးထားပါတယ္။ ဘက္ထရီကေတာ႔ 3400 mAh ပဲ ပါ၀င္ပါတယ္။

ထူးျခားမႈတစ္ခုကေတာ႔ Mi Mix 2s ဖုန္းမွာ အားအျမန္သြင္းႏုိင္မယ့္ ႀကိဳးမဲ့ အားသြင္းစနစ္ Qi wireless charging အေထာက္အပံ့ပါဝင္တဲ့ ကမၻာ့ပမထဆံုး ceramic ထုတ္ကုန္တစ္ခုျဖစ္လာပါတယ္။

၀မ္းနည္းစရာတစ္ခုကေတာ႔ ဒီဖုန္းမွာ နားၾကပ္ေပါက္မပါပါဘူး။ ေရစိမ္ခံႏိုင္ျခင္းမရွိသလုိ ေရဖ်န္းပက္မႈဒဏ္လည္း မခံႏုိင္ပါဘူးလို႕ သိရပါတယ္။ ျပီးေတာ႔ SD card slot မပါဝင္ပါဘူး။

 

Mi Mix 3s ကို 6GB/64GB, 6GB/128GB နဲ႔ 8GB/256GB ဆိုၿပီး သံုးမ်ိဳးေရြးခ်ယ္ ၀ယ္ယူနုိင္ပါတယ္။ အေရာင္ကိုေတာ့ အနက္နဲ႔အျဖဴဆိုၿပီး ႏွစ္မိ်ဳးရနိုင္ပါတယ္။

Mi Mix 2s ရဲ႕ေစ်းႏႈန္းမွာေတာ႔ ေဒၚလာ ၅၃၀ နဲ႔စတင္ ေရာင္းခ်မွာ ျဖစ္ပါတယ္။ 6GB/128GB ေမာ္ဒယ္အတြက္က ေဒၚလာ ၆၄၀ နဲ႕ စတင္ေရာင္းခ်မွာပါ။

ေအာက္မွာ Xiaomi ကေန တရား၀င္ လုပ္ထားတဲ႔ Video တစ္ခုကို ႀကည့္လိုက္ပါ။

Mi Mix 2Sနဲ႕ ရုိက္ကူးထားတဲ႔ ပုံေတြကို ေအာက္မွာ တင္ေပးလိုက္ပါတယ္။

Boykhai (နည္းပညာခ်စ္သူ)

  • (Unicode)

Xiaomi က မတ်လ ၂၇ ရက်နေ့မှာ မိတ်ဆက်တဲ့ Mi Mix 2S ဖုန်းရဲ့ စျေးနှုန်းနှင့် အချက်အလက်များ။

အရည်အသွေးမြင့်မားတဲ့ ကျောဘက်ကင်မရာနှစ်ခုစနစ်ပါဝင်ပြီး Qualcomm ရဲ့ Snapdragon 845 ပရိုဆက်ဆာကိုသုံးထားတဲ့ Mi Mix 2S ဖုန်းကို မတ်လ ၂၇ ရက်နေ့ ရှန်ဟိုင်းပွဲမှာ Xiaomi က မိတ်ဆက်လိုက်ပါတယ်။

သတ္တုဘောင်နဲ့ ceramic ကိုယ်ထည်ကို သုံးထားတဲ့အတွက် ဖုန်းရဲ့ ဒီဇိုင်းက အလွန်လှပတာတွေ့ရပါတယ်။
အပေါ်နဲ့အောက်ဘောင်တွေကို တတ်နိုင်သလောက်လျှော့ချထားတာကို တွေ့ရပါတယ်။

OIS စနစ်ပါ 12MP ကင်မရာများကို ကျောဘက် ဘယ်ထောင့်မှာ ဒေါင်လိုက် ထည့်သွင်းထားပါတယ်။ဖုန်းရဲ့ မျက်နာပြင်ကတော့ ၅.၉၉ လက်မ OLED Display တပ်ဆင်ထားမှာ ဖြစ်ပြီး မျက်နှာပြင် အရည်အသွေးမှာ FullHD+ IPS panel ရှိပါတယ်။ ပြီးတော့ မျက်နှာပြင် အချိုးမှာ 18:9 ဖြစ်ပါတယ်။
screen ရဲ resolution ကတော့ 2160×1080 pixel ရှိပါတယ်။

ရှေ့ကင်မရာအတွက် ဖုန်းရဲဲ့အောက်ဘက်မှာ 5MP f/2.0 selfie ကင်မရာကို ထည့်သွင်းထားပါတယ်။
ပြီးတော့ Android Oreo အခြေပြု MIUI 9 ကို သုံးထားပါတယ်။ ဘက်ထရီကတော့ 3400 mAh ပဲ ပါ၀င်ပါတယ်။

ထူးခြားမှုတစ်ခုကတော့ Mi Mix 2s ဖုန်းမှာ အားအမြန်သွင်းနိုင်မယ့် ကြိုးမဲ့ အားသွင်းစနစ် Qi wireless charging အထောက်အပံ့ပါဝင်တဲ့ ကမ္ဘာ့ပမထဆုံး ceramic ထုတ်ကုန်တစ်ခုဖြစ်လာပါတယ်။

၀မ်းနည်းစရာတစ်ခုကတော့ ဒီဖုန်းမှာ နားကြပ်ပေါက်မပါပါဘူး။ ရေစိမ်ခံနိုင်ခြင်းမရှိသလို ရေဖျန်းပက်မှုဒဏ်လည်း မခံနိုင်ပါဘူးလို့ သိရပါတယ်။ ပြီးတော့ SD card slot မပါဝင်ပါဘူး။

 

Mi Mix 3s ကို 6GB/64GB, 6GB/128GB နဲ့ 8GB/256GB ဆိုပြီး သုံးမျိုးရွေးချယ် ၀ယ်ယူနိုင်ပါတယ်။ အရောင်ကိုတော့ အနက်နဲ့အဖြူဆိုပြီး နှစ်မျိုးရနိုင်ပါတယ်။

Mi Mix 2s ရဲ့စျေးနှုန်းမှာတော့ ဒေါ်လာ ၅၃၀ နဲ့စတင် ရောင်းချမှာ ဖြစ်ပါတယ်။ 6GB/128GB မော်ဒယ်အတွက်က ဒေါ်လာ ၆၄၀ နဲ့ စတင်ရောင်းချမှာပါ။

အောက်မှာ Xiaomi ကနေ တရားဝင် လုပ်ထားတဲ့ Video တစ်ခုကို ကြည့်လိုက်ပါ။

Mi Mix 2Sနဲ့ ရိုက်ကူးထားတဲ့ ပုံတွေကို အောက်မှာ တင်ပေးလိုက်ပါတယ်။

Boykhai (နည်းပညာချစ်သူ)

About the author

ShweLight

Leave a Comment