Shwe News

လမ္းလုရာကေန ရန္စထိုးႀကိတ္ဓါးနဲ႔ခုတ္ခံရသူက လူသတ္တရားခံျပန္ျဖစ္ (႐ုပ္သံ)

တ႐ုပ္နိုင္ငံ ဂ်င္ဆူးျပည္နယ္က ကူရွန္းၿမိဳ႕ေပၚတြင္ တနလၤာေန႔ညက ကားလမ္းလုရင္း ျပႆနာျဖစ္ခဲ့ၾကၿပီး လူတစ္ေယာက္ကို အုပ္စုဖြဲ႕ ကာ ထိုးႀကိတ္၊ ဓါးနဲ႔ခုတ္ခဲ့ရာမွ တစ္ေယာက္ေသဆုံးခဲ့သည္။

အဆိုပါအမွုတြင္ တိုက္ခိုက္ခံခဲ့ရသူကို လူသတ္တရားခံအျဖစ္ ဖမ္းဆီးခဲ့သည့္အတြက္ တ႐ုပ္နိုင္ငံ တရားစီရင္ေရးအေပၚ မေက်နပ္သည့္ ေဝဖန္သံမ်ား အြန္လိုင္းေပၚမွာ ထြက္ေပၚခဲ့သည္။

ျဖစ္စဥ္မွာ တနလၤာေန႔ ညပိုင္းက ‘ယု’ ဟုအမည္ရေသာ အမ်ိဳးသားတစ္ဦးက လၽွပ္စစ္စက္ဘီးကို ပက္လက္ေဖာင္းကပ္လ်က္ ယာဥ္ေၾကာအတိုင္းစီးလာခဲ့ရာ လမ္းဆုံအေရာက္တြင္ မီးနီသြားျဖင့္ အရွိန္ေလ်ာ့ ရပ္တန႔္ရန္ ႀကိဳးစားစဥ္ အျခားယာဥ္ေၾကာမွ ေမာင္းႏွင္လာေသာ BMW စီဒင္ကားက သူ၏ေနာက္ကေန အတင္းဝင္ေရာက္ခဲ့ပါတယ္။

အဲဒီေနာက္ စက္ဘီးကို ေရွ႕တိုးဖို႔ ေျပာစဥ္ ‘ယု’က ရပ္ၾကည့္ေနခဲ့သျဖင့္ ကားေပၚမွ လူႏွစ္ဦး ဆင္းလာၿပီး ‘ယု’ ကို ေကာင္းေကာင္းမြန္မြန္ေျပာကာ စက္ဘီးကို ပက္လက္ေဖာင္းေပၚ တြန္းတင္ခဲ့ပါတယ္။

ထိုေနာက္ သူတို႔ ပလက္ေဖာင္းေပၚမွာ အခ်ီအခ်စကားေျပာေနစဥ္ BMW ကားထဲမွ ‘လြီ’ ဟုအမည္ရေသာ တတိယလူတစ္ဦး ထြက္လာၿပီး ‘ယု’ ကို စတင္ထိုးႀကိတ္ တိုက္ခိုက္ခဲ့သည္။ သူ႔ရဲ့အေဖာ္ ႏွစ္ေယာက္ကလည္း ဝင္ဆြဲျခင္းမျပဳပဲ ျပန္လည္ ခုခံေသာ ‘ယု’ ကို တစ္ခ်က္တစ္ခ်က္ ဝင္ထိုးခဲ့ေသးသည္။

အဲဒီေနာက္ ‘လြီ’က BMW ကားဆီသို႔ ျပန္သြားကာ ဓားရွည္ထုတ္ယူလားၿပီး ‘ယု’ ကို ဓါးနဲ႔လိုက္ပိုင္းခဲ့သျဖင့္ ပတ္ေျပးခဲ့ရၿပီး ျပန္လည္ခုခံရာ ‘လြီ’ ရဲ့လက္ထဲမွ ဓားလြတ္က်ခဲ့ၿပီး ဓားကို ‘ယု’ ကေကာက္ယူကာ ျပန္လည္ ခုတ္ပိုင္းခဲ့သျဖင့္ ‘လြီ’ ေသဆုံးသြားခဲ့သည္။

အဆိုပါအျဖစ္ပ်က္ ဗီဒီယို အြန္လိုင္းေပၚ ပ်ံ႕ႏွံ့ခဲ့ၿပီးေနာက္ ‘ယု’ အေနနဲ႔ မိမိအသက္ကို ကာကြယ္တာျဖစ္လို႔ လူသတ္မွု မေျမာက္ေၾကာင္း ‘ယု’ ကို တရားခံအျဖစ္ ဖမ္းဆီးခံခဲ့ရတဲ့အေပၚ ဝိုင္းဝန္းေဝဖန္ ေျပာဆိုခဲ့ၾကပါတယ္။

ေသးဆုံးသူ ‘လြီ’ ဟာ ၁၉၈၂ ႏွစ္ဖြားျဖစ္ၿပီး ဓါးျပမွု၊ ၿခိမ္းေျခာက္မွု၊ ဓားထိုးမွုတို႔နဲ႔ ေထာင္ ၅ ႀကိမ္ထက္မနည္း က်ဖူးခဲ့ၿပီး ေထာင္ထဲမွာ ၉ ႏွစ္ေက်ာ္ ေနခဲ့ဖူးသူလည္းျဖစ္သည္။

တရားခံအျဖစ္ ဖမ္းဆီးခံထားရသူ ‘ယု’မွာ စားေသာက္ဆိုင္တစ္ခုက အင္ဂ်င္နီယာတစ္ဦးျဖစ္ၿပီး သူ႔ရဲ့ လုပ္ေဖာ္ကိုင္ဖက္ေတြက ‘ယု’ ဟာ လူေကာင္းတစ္ေယာက္ျဖစ္ကာ အလုပ္ႀကိဳးစားသူလည္း ျဖစ္တယ္လို႔ ေပက်င္းသတင္းမွာ ေဖာ္ျပခဲ့ပါတယ္။

ဒါေပမယ့္ အခ်ိဳ႕ေသာ ေရွ႕ေနေတြရဲ့ အျမင္ကေတာ့ ‘ယု’ ရဲ့ လုပ္ရပ္ဟာ ကိုယ့္ကိုယ္ကို ကာကြယ္တာထက္ ပိုတယ္ဆိုၿပီး လက္မခံနိုင္ျဖစ္ေနၾကပါတယ္။

လက္ရွိမွာေတာ့ အျဖစ္အပ်က္ကို အေသးစိပ္ စုံစမ္းေလ့လာေနၾကဆဲျဖစ္ပါတယ္။ မိတ္ေဆြကေရာ ဗီဒီယိုၾကည့္ၿပီးတဲ့ေနာက္ ဘယ္လို ထင္ျမင္ခ်က္ ေပးလိုပါသလဲခင္မ်ာ..?

Credit – PoPoLay

  • Unicode

တရုပ်နိုင်ငံ ဂျင်ဆူးပြည်နယ်က ကူရှန်းမြို့ပေါ်တွင် တနင်္လာနေ့ညက ကားလမ်းလုရင်း ပြဿနာဖြစ်ခဲ့ကြပြီး လူတစ်ယောက်ကို အုပ်စုဖွဲ့ ကာ ထိုးကြိတ်၊ ဓါးနဲ့ခုတ်ခဲ့ရာမှ တစ်ယောက်သေဆုံးခဲ့သည်။

အဆိုပါအမှုတွင် တိုက်ခိုက်ခံခဲ့ရသူကို လူသတ်တရားခံအဖြစ် ဖမ်းဆီးခဲ့သည့်အတွက် တရုပ်နိုင်ငံ တရားစီရင်ရေးအပေါ် မကျေနပ်သည့် ဝေဖန်သံများ အွန်လိုင်းပေါ်မှာ ထွက်ပေါ်ခဲ့သည်။

ဖြစ်စဉ်မှာ တနင်္လာနေ့ ညပိုင်းက ‘ယု’ ဟုအမည်ရသော အမျိုးသားတစ်ဦးက လျှပ်စစ်စက်ဘီးကို ပက်လက်ဖောင်းကပ်လျက် ယာဉ်ကြောအတိုင်းစီးလာခဲ့ရာ လမ်းဆုံအရောက်တွင် မီးနီသွားဖြင့် အရှိန်လျော့ ရပ်တန့်ရန် ကြိုးစားစဉ် အခြားယာဉ်ကြောမှ မောင်းနှင်လာသော BMW စီဒင်ကားက သူ၏နောက်ကနေ အတင်းဝင်ရောက်ခဲ့ပါတယ်။

အဲဒီနောက် စက်ဘီးကို ရှေ့တိုးဖို့ ပြောစဉ် ‘ယု’က ရပ်ကြည့်နေခဲ့သဖြင့် ကားပေါ်မှ လူနှစ်ဦး ဆင်းလာပြီး ‘ယု’ ကို ကောင်းကောင်းမွန်မွန်ပြောကာ စက်ဘီးကို ပက်လက်ဖောင်းပေါ် တွန်းတင်ခဲ့ပါတယ်။

ထိုနောက် သူတို့ ပလက်ဖောင်းပေါ်မှာ အချီအချစကားပြောနေစဉ် BMW ကားထဲမှ ‘လွီ’ ဟုအမည်ရသော တတိယလူတစ်ဦး ထွက်လာပြီး ‘ယု’ ကို စတင်ထိုးကြိတ် တိုက်ခိုက်ခဲ့သည်။ သူ့ရဲ့အဖော် နှစ်ယောက်ကလည်း ဝင်ဆွဲခြင်းမပြုပဲ ပြန်လည် ခုခံသော ‘ယု’ ကို တစ်ချက်တစ်ချက် ဝင်ထိုးခဲ့သေးသည်။

အဲဒီနောက် ‘လွီ’က BMW ကားဆီသို့ ပြန်သွားကာ ဓားရှည်ထုတ်ယူလားပြီး ‘ယု’ ကို ဓါးနဲ့လိုက်ပိုင်းခဲ့သဖြင့် ပတ်ပြေးခဲ့ရပြီး ပြန်လည်ခုခံရာ ‘လွီ’ ရဲ့လက်ထဲမှ ဓားလွတ်ကျခဲ့ပြီး ဓားကို ‘ယု’ ကကောက်ယူကာ ပြန်လည် ခုတ်ပိုင်းခဲ့သဖြင့် ‘လွီ’ သေဆုံးသွားခဲ့သည်။

အဆိုပါအဖြစ်ပျက် ဗီဒီယို အွန်လိုင်းပေါ် ပျံ့နှံ့ခဲ့ပြီးနောက် ‘ယု’ အနေနဲ့ မိမိအသက်ကို ကာကွယ်တာဖြစ်လို့ လူသတ်မှု မမြောက်ကြောင်း ‘ယု’ ကို တရားခံအဖြစ် ဖမ်းဆီးခံခဲ့ရတဲ့အပေါ် ဝိုင်းဝန်းဝေဖန် ပြောဆိုခဲ့ကြပါတယ်။

သေးဆုံးသူ ‘လွီ’ ဟာ ၁၉၈၂ နှစ်ဖွားဖြစ်ပြီး ဓါးပြမှု၊ ခြိမ်းခြောက်မှု၊ ဓားထိုးမှုတို့နဲ့ ထောင် ၅ ကြိမ်ထက်မနည်း ကျဖူးခဲ့ပြီး ထောင်ထဲမှာ ၉ နှစ်ကျော် နေခဲ့ဖူးသူလည်းဖြစ်သည်။

တရားခံအဖြစ် ဖမ်းဆီးခံထားရသူ ‘ယု’မှာ စားသောက်ဆိုင်တစ်ခုက အင်ဂျင်နီယာတစ်ဦးဖြစ်ပြီး သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ‘ယု’ ဟာ လူကောင်းတစ်ယောက်ဖြစ်ကာ အလုပ်ကြိုးစားသူလည်း ဖြစ်တယ်လို့ ပေကျင်းသတင်းမှာ ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့် အချို့သော ရှေ့နေတွေရဲ့ အမြင်ကတော့ ‘ယု’ ရဲ့ လုပ်ရပ်ဟာ ကိုယ့်ကိုယ်ကို ကာကွယ်တာထက် ပိုတယ်ဆိုပြီး လက်မခံနိုင်ဖြစ်နေကြပါတယ်။

လက်ရှိမှာတော့ အဖြစ်အပျက်ကို အသေးစိပ် စုံစမ်းလေ့လာနေကြဆဲဖြစ်ပါတယ်။ မိတ်ဆွေကရော ဗီဒီယိုကြည့်ပြီးတဲ့နောက် ဘယ်လို ထင်မြင်ချက် ပေးလိုပါသလဲခင်မျာ..?

Credit – PoPoLay

About the author

Wai Phyo Oo

Leave a Comment