LOCAL NEWS News TECH NEWS

ျမန္မာႏုိင္ငံပုိင္ ၿဂိဳဟ္တုငယ္တစ္ခုကုိ ၂၀၂၀ တြင္ လႊတ္တင္မည္ဟုဆုိ

ျမန္မာႏုိင္ငံပိုင္ၿဂိဳဟ္တု ငယ္တစ္ခုကုိ ဂ်ပန္ႏုိင္ငံ Hokkaido တကၠသုိလ္အကူအညီျဖင့္ ၂၀၂၀ ၌လႊတ္တင္မည္ျဖစ္ ေၾကာင္း ၿဂိဳဟ္တုဆက္သြယ္ေရး အင္ဂ်င္နီယာခ်ဳပ္ဦး၀င္းေအာင္ က ေျပာၾကားသည္။

အဆုိပါ ၿဂိဳဟ္တုငယ္သည္ ၅၀ ကီလုိဂရမ္သာအေလးခ်ိန္ရွိ ၿပီး အျမင့္ေပ ကီလုိမီတာ ၆၀၀ မွေန၍ ကမၻာကုိ မိနစ္ ၉၀ လွ်င္ တစ္ႀကိမ္လွည့္ပတ္မည္ဟု ၎ က ေျပာသည္။

‘‘ၿဂိဳဟ္တုက ႏွစ္လုံးလႊတ္ မယ္။ ပထမတစ္လုံးက ပညာသင္ တဲ့အေနနဲ႔ ဂ်ပန္မွာသြားၿပီးထုတ္ လုပ္မွာ။ ေနာက္တစ္လုံးက ျမန္ မာႏုိင္ငံမွာပဲ ထုတ္လုပ္ၿပီးေတာ့ ငါးႏွစ္ၾကာတဲ့အခါ (၂၀၂၃)မွာ ထပ္လႊတ္မယ္’’ ဟု ဦး၀င္းေအာင္ က ေျပာသည္။

ဂ်ပန္ႏုိင္ငံ၌ ၿဂိဳဟ္တုတည္ ေဆာက္သည့္နည္းပညာကုိ သြား ေရာက္သင္ယူရန္ ေရြးခ်ယ္ထား ျခင္းမရွိေသးေသာ္လည္း အ ၾကမ္းဖ်င္းအားျဖင့္ ေလေၾကာင္း ႏွင့္ အာကာသပညာတကၠသုိလ္မွ ေက်ာင္းဆင္းမ်ား (သုိ႔မဟုတ္) ေက်ာင္းသားမ်ားကုိ ေစလႊတ္ ဖြယ္ရွိသည္ဟု ၎ကေျပာသည္။

‘‘အျမင့္က ဒူးသာသာ ေလာက္ပဲရွိမယ္။ (ႏွစ္ေပခန္႔)အန္စာတုံးပုံပါ။ အဲဒီမွာတယ္လီစ ကုပ္ေတြပါတယ္။ ကင္မရာေတြ ပါတယ္။ ကမၻာကုိပတ္ရင္းနဲ႔ သူ ကဓာတ္ပုံ႐ုိက္မယ္။ မုိးေလ၀သ ႀကိဳတင္ခန္႔မွန္းလုိ႔ရတယ္။ စုိက္ ပ်ိဳးေရးအေျခအေနေတြ၊ ဆည္ ေျမာင္းအေျခအေနေတြ အဲဒီအ တြက္ ပုံရိပ္ေတြရမယ္။ ဒါကုိ ၀န္ ႀကီးဌာနေတြ ခြဲေ၀အသုံးျပဳမွာပါ’’ ဟု ဦး၀င္းေအာင္က ေျပာသည္။

ၿဂိဳဟ္တုနည္းပညာသြား ေရာက္သင္ၾကားရာတြင္ တည္ ေဆာက္မႈမွစတင္၍ ထိန္းခ်ဳပ္ သည့္အထိပါ၀င္ေၾကာင္း၊ ပထမ လႊတ္တင္မည့္ ၿဂိဳဟ္တုသက္တမ္း သည္ ၂ ႏွစ္ျဖစ္ၿပီး ဒုတိယေျမာက္ လႊတ္တင္မည့္ၿဂိဳဟ္တုသက္တမ္း မွာ ငါးႏွစ္ျဖစ္ေၾကာင္း ၎က ေျပာသည္။

ပထမဦးဆုံးၿဂိဳဟ္တုကုိ Japan Aerospace Exploration Agency မွတစ္ဆင့္ ေျမျပင္ႏွင့္ ကီလုိမီတာ ၄၀၀ အကြာတြင္ရွိ သည့္ International Space Station (ISS) သုိ႔ေပးပို႔မည္ျဖစ္ သည္။ အဆုိပါၿဂိဳဟ္တုကုိ ISS မွ ထပ္ဆင့္လႊတ္တင္မည္ျဖစ္ ေသာ္လည္း ဒုတိယေျမာက္ၿဂိဳဟ္ တုကုိ ေျမျပင္မွ ဒုံးပ်ံႏွင့္ တိုက္ ႐ုိက္လႊတ္တင္မည္ဟု ဦး၀င္း ေအာင္ကေျပာသည္။

‘‘ပထမတစ္လုံးမွာ ထုတ္ လုပ္တာ၊ ထိန္းခ်ဳပ္တာေတြကုိ သင္မယ္။ ဒုတိယအလုံးမွာ ထုတ္ လုပ္တာ၊ ထိန္းခ်ဳပ္တာကုိ ကုိယ့္ ဘာသာလုပ္မယ္။ လႊတ္တင္ တာကေတာ့ ျမန္မာမွာမရွိေသး တဲ့အတြက္ ဂ်ပန္မွာပဲ လုပ္မွာပါ’’ ဟု ၎ကေျပာသည္။

ျမန္မာႏုိင္ငံသည္ ၂၀၁၉ ဇြန္ လ၌ အေမရိကန္ႏုိင္ငံ Intelsat ကုမၸဏီက လႊတ္တင္မည့္ဆက္ သြယ္ေရးၿဂိဳဟ္တုတြင္အခ်ိဳးက် အေနျဖင့္ ေဒၚလာသန္း ၁၅၀ ေက်ာ္စုိက္ထုတ္၍ ႏုိင္ငံပုိင္ၿဂိဟ္တုဆက္သြယ္ေရးကြန္ရက္ တည္ေဆာက္ရန္ သေဘာတူထားသည္။

Source: 7daydaily

  • (Unicode)

မြန်မာနိုင်ငံပိုင်ဂြိုဟ်တု ငယ်တစ်ခုကို ဂျပန်နိုင်ငံ Hokkaido တက္ကသိုလ်အကူအညီဖြင့် ၂၀၂၀ ၌လွှတ်တင်မည်ဖြစ် ကြောင်း ဂြိုဟ်တုဆက်သွယ်ရေး အင်ဂျင်နီယာချုပ်ဦးဝင်းအောင် က ပြောကြားသည်။

အဆိုပါ ဂြိုဟ်တုငယ်သည် ၅၀ ကီလိုဂရမ်သာအလေးချိန်ရှိ ပြီး အမြင့်ပေ ကီလိုမီတာ ၆၀၀ မှနေ၍ ကမ္ဘာကို မိနစ် ၉၀ လျှင် တစ်ကြိမ်လှည့်ပတ်မည်ဟု ၎င်း က ပြောသည်။

‘‘ဂြိုဟ်တုက နှစ်လုံးလွှတ် မယ်။ ပထမတစ်လုံးက ပညာသင် တဲ့အနေနဲ့ ဂျပန်မှာသွားပြီးထုတ် လုပ်မှာ။ နောက်တစ်လုံးက မြန် မာနိုင်ငံမှာပဲ ထုတ်လုပ်ပြီးတော့ ငါးနှစ်ကြာတဲ့အခါ (၂၀၂၃)မှာ ထပ်လွှတ်မယ်’’ ဟု ဦးဝင်းအောင် က ပြောသည်။

ဂျပန်နိုင်ငံ၌ ဂြိုဟ်တုတည် ဆောက်သည့်နည်းပညာကို သွား ရောက်သင်ယူရန် ရွေးချယ်ထား ခြင်းမရှိသေးသော်လည်း အ ကြမ်းဖျင်းအားဖြင့် လေကြောင်း နှင့် အာကာသပညာတက္ကသိုလ်မှ ကျောင်းဆင်းများ (သို့မဟုတ်) ကျောင်းသားများကို စေလွှတ် ဖွယ်ရှိသည်ဟု ၎င်းကပြောသည်။

‘‘အမြင့်က ဒူးသာသာ လောက်ပဲရှိမယ်။ (နှစ်ပေခန့်)အန်စာတုံးပုံပါ။ အဲဒီမှာတယ်လီစ ကုပ်တွေပါတယ်။ ကင်မရာတွေ ပါတယ်။ ကမ္ဘာကိုပတ်ရင်းနဲ့ သူ ကဓာတ်ပုံရိုက်မယ်။ မိုးလေဝသ ကြိုတင်ခန့်မှန်းလို့ရတယ်။ စိုက် ပျိုးရေးအခြေအနေတွေ၊ ဆည် မြောင်းအခြေအနေတွေ အဲဒီအ တွက် ပုံရိပ်တွေရမယ်။ ဒါကို ၀န် ကြီးဌာနတွေ ခွဲဝေအသုံးပြုမှာပါ’’ ဟု ဦးဝင်းအောင်က ပြောသည်။

ဂြိုဟ်တုနည်းပညာသွား ရောက်သင်ကြားရာတွင် တည် ဆောက်မှုမှစတင်၍ ထိန်းချုပ် သည့်အထိပါ၀င်ကြောင်း၊ ပထမ လွှတ်တင်မည့် ဂြိုဟ်တုသက်တမ်း သည် ၂ နှစ်ဖြစ်ပြီး ဒုတိယမြောက် လွှတ်တင်မည့်ဂြိုဟ်တုသက်တမ်း မှာ ငါးနှစ်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ပထမဦးဆုံးဂြိုဟ်တုကို Japan Aerospace Exploration Agency မှတစ်ဆင့် မြေပြင်နှင့် ကီလိုမီတာ ၄၀၀ အကွာတွင်ရှိ သည့် International Space Station (ISS) သို့ပေးပို့မည်ဖြစ် သည်။ အဆိုပါဂြိုဟ်တုကို ISS မှ ထပ်ဆင့်လွှတ်တင်မည်ဖြစ် သော်လည်း ဒုတိယမြောက်ဂြိုဟ် တုကို မြေပြင်မှ ဒုံးပျံနှင့် တိုက် ရိုက်လွှတ်တင်မည်ဟု ဦးဝင်း အောင်ကပြောသည်။

‘‘ပထမတစ်လုံးမှာ ထုတ် လုပ်တာ၊ ထိန်းချုပ်တာတွေကို သင်မယ်။ ဒုတိယအလုံးမှာ ထုတ် လုပ်တာ၊ ထိန်းချုပ်တာကို ကိုယ့် ဘာသာလုပ်မယ်။ လွှတ်တင် တာကတော့ မြန်မာမှာမရှိသေး တဲ့အတွက် ဂျပန်မှာပဲ လုပ်မှာပါ’’ ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံသည် ၂၀၁၉ ဇွန် လ၌ အမေရိကန်နိုင်ငံ Intelsat ကုမ္ပဏီက လွှတ်တင်မည့်ဆက် သွယ်ရေးဂြိုဟ်တုတွင်အချိုးကျ အနေဖြင့် ဒေါ်လာသန်း ၁၅၀ ကျော်စိုက်ထုတ်၍ နိုင်ငံပိုင်ဂြိဟ်တုဆက်သွယ်ရေးကွန်ရက် တည်ဆောက်ရန် သဘောတူထားသည်။

Source: 7daydaily

About the author

ShweLight

Leave a Comment