Shwe News Own Content

“ကျွန်တော်ရှက်တယ်” လို့ပြောလိုက်တဲ့ ကျော်ကျော်ဗိုကို ထောက်ခံလိုက်တဲ့ လူမင်း





  • Unicode

လူမှုကွန်ရက်စာမျက်နှာမှာ ကျော်ကျော်ဗိုလ်တင်ခဲ့တဲ့ “ကျွန်တော်ရှက်တယ်” လို့ပြောခဲ့တဲ့ ဗီဒီယိုအပေါ် ထောက်ခံလိုက်ကြောင်းအကယ်ဒမီ သရုပ်ဆောင်လူမင်းကပြောဆိုလိုက်ပါတယ်။

ကျော်ကျော်ဗိုလ်ပြောခဲ့သည့် စကားနှင့်ပတ်သက်၍ လူမင်းက ‘‘အဲဒီဟာတွေအကုန်လုံးက အမှန်တွေချည်းပါပဲ။ ဒါပေမဲ့အဲဒီ ဟာကို အမှန်လို့သိတဲ့အခါမှာ ကျွန်တော်တို့လည်း ကိုယ့်ဟာကိုယ် ပြောင်းလဲကြိုးစားနေတယ်။ အ ကြောင်းကြောင်းကြောင့် လုပ် လိုက်ရတယ်၊ ရိုက်လိုက်ရတယ် ဆိုတာမျိုးလည်းဖြစ်တယ်။ စိတ် မလုံတာကလည်း သရုပ်ဆောင် တိုင်းဖြစ်တယ်။ ဒါပေမဲ့လည်း ခု နက ပြောသလိုကျွန်တော်တို့ရုပ် ရှင်လောကကြီးက ပြောလိုက်တာ နဲ့လက်ညှိုးထိုးပြစ်တင်ဝေဖန်စ ရာချည်းမဟုတ်ပါဘူး။ ကျွန်တော် တို့လည်း ကိုယ်စွမ်းရှိသရွေ့ ပြောင်းလဲနေကြပါတယ်’’ လို့ မှတ်ချက်ပေးခဲ့တာလည်းဖြစ်ပါတယ်။

မြန်မာ့အနုပညာလောကရှိ ဇာတ်လမ်းရိုက်ကွက်များ သရုပ်ဆောင်ချက်များကို ပြည်သူအများအပြားက ဝေဖန်ခဲ့ပေမယ့်လည်း ခေါက်ရိုးကျိုး ဇာတ်ကွက်များကို ပြောင်းလဲခြင်း မရှိသေးဘူးလို့လည်း ဝေဖန်ခဲ့ပါတယ်။

လူမင်းကတော့ အနုပညာအစည်းအရုံး ဥက္ကဌရာထူးကို ဇင်ဝိုင်းထံ လွှဲပေးခဲ့ပြီးနောက် ယခုလိုစကားပြောခဲ့တာလည်းဖြစ်ပါတယ်။

  • နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ

About the author

ilove

Leave a Comment