Shwe News
တစ်နာရီ (၁၅၇) မိုင် နှုန်းရှိသည့် ဟာရီကိန်းမုန်တိုင်းကြောင့် ဘီလီယံ ၃၀ ဖိုးအထိ ဆုံးရှူံးမူရှိနိုင်တဲ့ အမေရိကန်
  • Unicode
အရှေ့ကမ်းရိုးတန််းရှိ လူဦးရေ (၂၅) မီလီယံသည် ယခုအပတ်တွင် တစ်နာရီ (၁၅၇)မိုင်နှုန်းရှိသည့် ဟာရီကိန်းမုန်တိုင်းဒဏ်ကို ခံခဲ့ရပါတယ်။ သတင်းထုတ်ပြန်ချက်များအရ မုန်တိုင်းကြောင့် ပင်လယ်ရေသည် ပေ (၂၀)အထိ မြင့်တက်ခဲ့ပါတယ်။ ပြည်သူလူထု (၁.၅)မီလီယံကျော်ကို Carolina မြောက်ပိုင်းနှင့် တောင်ပို်င်းသို့ ပြောင်းရွှေ့နေထိုင်ရန် ကြေငြာခဲ့ပါတယ်။ အမျိုးသား ဟာရီကိန်းစင်တာမှ ယခုဟာရီကိန်းသည် ကြာသပတေးနေ့တွင် ကြီးမားသော မုန််တိုင်းသဖွယ် ပြောင်းလဲနိုင်ကြောင်း ကြေငြာခဲ့ပါတယ်။
မာက် Carolina ၊ တောင် Carolina ၊ ဗာဂျင်နီးယားနှင့် မယ်ရီလန်း ပြည်ထောင်စုဟာ အနီရောင် နယ်မြေအဖြစ် သတ်မှတ်ထားပါတယ်။ အရှေ့ကမ်းရိုးတန်းရှိ လယ်သမားများက သူတို့၏ ရေလှောင်ကန်များကို ဖောက်ချရန် ကြိုးစားနေကြပါတယ်။ လယ်ကွက်တိုင်းမှာလည်း ရေအိုင်များအတွင်းတွင် နွားချေးမြေသြဇာများ ဖြည့်ထားကြပါတယ်။ Carolina ပြည်ထောင်စု၏ အဖွဲ့အစည်းများကလည်း ဒေသခံများကို ဘေးကင်းရာသို့ ပြောင်းရွှေ့နေထိုင်စေပါတယ်။
အရင်မုန်တိုင်းတွေထက် အခုမုန်တိုင်းက ဒေသခံများကို ပြောင်းရွှေ့ရန် လိုအပ်နေပါတယ်လို့ သတင်းထောက်များက ဆိုခဲ့ပါတယ်။ ကုန်းတွင်းပိုင်းရှိ ကားလမ်းကြောင်းများကိုလည်း တစ်လမ်းသွား အဖြစ်သာ သတ်မှတ်လိုက်ပါတယ်။ ဒေသခံများကလည်း မုန်တိုင်းအတွင်း လိုအပ်သော ပစ္စည်းများနှင့် ရေသန့်များကို စုဆောင်းနေပြီး အိမ်များကို ပြန်လည်ပြုပြင် နေကြပါတယ်။ အချို့ကလည်း ပြောင်းရွှေ့ရန် စီစဉ်နေကြပါတယ်။ ပညာရှင်များက မုန်တိုင်း၏ နောက်ဆက်တွဲ ပျက်စီးမှုများသည် ဘီလီယံ (၃၀)အထိ ဖြစ်မည်ဟု ခန့်မှန်းထားပါတယ်။ Writer – Min Thu (Daily Hot News )
About the author
ilove
Leave a Comment