LOCAL NEWS TECH NEWS

ျမန္မာႏုိင္ငံပိုင္ ၿဂိဳဟ္တုငယ္ႏွစ္ခု တည္ေဆာက္ရန္ ေဒၚလာ ၁၆သန္းအသံုးျပဳမည္

ႏုိင္ငံပိုင္ၿဂိဳဟ္တုငယ္ ႏွစ္ခုတည္ေဆာက္ရန္ ေဒၚလာ ၁၆သန္းအသံုးျပဳမည္ဟု ၿဂိဳဟ္တုဆက္သြယ္ေရးအင္ဂ်င္နီယာခ်ဳပ္ ဦး၀င္းေအာင္က ေျပာသည္။

‘‘ႏွစ္ခုေပါင္း ကုန္က်စရိတ္ ထဲမွာ စမ္းသပ္ခန္းေတြ၊ ထိန္းခ်ဳပ္ စခန္းေတြပါမယ္။ ပညာကို ဂ်ပန္ ကသင္ၿပီးေတာ့ ထိန္းခ်ဳပ္စခန္းကို ျမန္မာႏုိင္ငံမွာ တည္ေဆာက္မွာ ပါ’’ ဟု ၎ကေျပာသည္။

အေ၀းၾကည့္မွန္ေျပာင္းႏွင့္ ကင္မရာမ်ားတပ္ဆင္ထားသည့္ ၿဂိဳဟ္တုငယ္ႏွစ္လံုးကို ငါးႏွစ္အ တြင္း ဂ်ပန္ႏုိင္ငံႏွင့္ ပူးေပါင္း၍ လႊတ္တင္မည္ျဖစ္သည္။

ပထမတစ္လံုးကို ပညာသင္ အေနျဖင့္ ဂ်ပန္တြင္ သြားေရာက္ ထုတ္လုပ္မည္ျဖစ္ၿပီး ဒုတိယတစ္ လံုးကို ျမန္မာႏုိင္ငံ၌ ကိုယ္တိုင္ ထုတ္လုပ္မည္ျဖစ္သည္။

ျမန္မာႏုိင္ငံအေနျဖင့္ ၿဂိဳဟ္ တုငယ္တည္ေဆာက္ျခင္းႏွင့္ထိန္း ခ်ဳပ္ျခင္း လုပ္ငန္းစဥ္နည္းပညာကို ဂ်ပန္ႏုိင္ငံမွ ရရွိမည္ျဖစ္ေသာ္ လည္း ၿဂိဳဟ္တုလႊတ္တင္ျခင္း ေဆာက္ရြက္ႏုိင္ျခင္း မရွိသျဖင့္ ဂ်ပန္မွတစ္ဆင့္ လႊတ္တင္ေပး မည္ျဖစ္သည္။

အဆုိပါ ၿဂိဳဟ္တုငယ္သည္ ၅၀ ကီလိုဂရမ္သာအေလးခ်ိန္ရွိ ၿပီး အျမင့္ ကီလိုမီတာ ၆၀၀မွ ေန၍ ကမၻာကို မိနစ္ ၉၀လွ်င္တစ္ ႀကိမ္လွည့္ပတ္ေနမည္ျဖစ္သည္။

‘‘ကမၻာကိုပတ္ရင္းနဲ႔ သူက ဓာတ္ပံု႐ိုက္မယ္။ မိုးေလ၀သ ႀကိဳ တင္ခန္႔မွန္းလို႔ရတယ္။ စိုက္ပ်ိဳး ေရးအေျခအေနေတြ၊ ဆည္ ေျမာင္းအေျခအေနေတြ အဲဒီအ တြက္ ပံုရိပ္ေတြရမယ္။ ဒါကို ၀န္ႀကီးဌာနေတြ ခြဲေ၀အသံုးျပဳမွာပါ’’ ဟု ဦး၀င္းေအာင္က ေျပာၾကားသည္။

ျမန္မာႏုိင္ငံသည္ ၂၀၁၉ ဇြန္လ၌ အေမရိကန္ႏုိင္ငံ Intelsat ကုမၸဏီ လႊတ္တင္မည့္ဆက္သြယ္ ေရး ၿဂိဳဟ္တုတြင္ အခ်ိဳးက်အေန ျဖင့္ ေဒၚလာသန္း ၁၅၀ ေက်ာ္စိုက္ ထုတ္၍ ႏုိင္ငံပိုင္ၿဂိဳဟ္တု ဆက္ သြယ္ေရးကြန္ရက္တည္ေဆာက္ ရန္ သေဘာတူထားသည္။

Source: 7daydaily

  • (Unicode)

နိုင်ငံပိုင်ဂြိုဟ်တုငယ် နှစ်ခုတည်ဆောက်ရန် ဒေါ်လာ ၁၆သန်းအသုံးပြုမည်ဟု ဂြိုဟ်တုဆက်သွယ်ရေးအင်ဂျင်နီယာချုပ် ဦးဝင်းအောင်က ပြောသည်။

‘‘နှစ်ခုပေါင်း ကုန်ကျစရိတ် ထဲမှာ စမ်းသပ်ခန်းတွေ၊ ထိန်းချုပ် စခန်းတွေပါမယ်။ ပညာကို ဂျပန် ကသင်ပြီးတော့ ထိန်းချုပ်စခန်းကို မြန်မာနိုင်ငံမှာ တည်ဆောက်မှာ ပါ’’ ဟု ၎င်းကပြောသည်။

အဝေးကြည့်မှန်ပြောင်းနှင့် ကင်မရာများတပ်ဆင်ထားသည့် ဂြိုဟ်တုငယ်နှစ်လုံးကို ငါးနှစ်အ တွင်း ဂျပန်နိုင်ငံနှင့် ပူးပေါင်း၍ လွှတ်တင်မည်ဖြစ်သည်။

ပထမတစ်လုံးကို ပညာသင် အနေဖြင့် ဂျပန်တွင် သွားရောက် ထုတ်လုပ်မည်ဖြစ်ပြီး ဒုတိယတစ် လုံးကို မြန်မာနိုင်ငံ၌ ကိုယ်တိုင် ထုတ်လုပ်မည်ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ဂြိုဟ် တုငယ်တည်ဆောက်ခြင်းနှင့်ထိန်း ချုပ်ခြင်း လုပ်ငန်းစဉ်နည်းပညာကို ဂျပန်နိုင်ငံမှ ရရှိမည်ဖြစ်သော် လည်း ဂြိုဟ်တုလွှတ်တင်ခြင်း ဆောက်ရွက်နိုင်ခြင်း မရှိသဖြင့် ဂျပန်မှတစ်ဆင့် လွှတ်တင်ပေး မည်ဖြစ်သည်။

အဆိုပါ ဂြိုဟ်တုငယ်သည် ၅၀ ကီလိုဂရမ်သာအလေးချိန်ရှိ ပြီး အမြင့် ကီလိုမီတာ ၆၀၀မှ နေ၍ ကမ္ဘာကို မိနစ် ၉၀လျှင်တစ် ကြိမ်လှည့်ပတ်နေမည်ဖြစ်သည်။

‘‘ကမ္ဘာကိုပတ်ရင်းနဲ့ သူက ဓာတ်ပုံရိုက်မယ်။ မိုးလေဝသ ကြို တင်ခန့်မှန်းလို့ရတယ်။ စိုက်ပျိုး ရေးအခြေအနေတွေ၊ ဆည် မြောင်းအခြေအနေတွေ အဲဒီအ တွက် ပုံရိပ်တွေရမယ်။ ဒါကို ၀န်ကြီးဌာနတွေ ခွဲဝေအသုံးပြုမှာပါ’’ ဟု ဦးဝင်းအောင်က ပြောကြားသည်။

မြန်မာနိုင်ငံသည် ၂၀၁၉ ဇွန်လ၌ အမေရိကန်နိုင်ငံ Intelsat ကုမ္ပဏီ လွှတ်တင်မည့်ဆက်သွယ် ရေး ဂြိုဟ်တုတွင် အချိုးကျအနေ ဖြင့် ဒေါ်လာသန်း ၁၅၀ ကျော်စိုက် ထုတ်၍ နိုင်ငံပိုင်ဂြိုဟ်တု ဆက် သွယ်ရေးကွန်ရက်တည်ဆောက် ရန် သဘောတူထားသည်။

Source: 7daydaily

About the author

ShweLight

Leave a Comment