Shwe News

FDA ဝန္ထမ္းအမ်ိဳးသမီးကို မုဒိန္းက်င့္ သတ္ျဖတ္ခဲ့သူ တကၠစီယာဥ္ေမာင္း မ်ဳိးေဇာ္ဦး အား ေသဒဏ္ခ်မွတ္လိုက္ၿပီ :O

FDA ၀န္ထမ္းအမ်ဳိးသမီးကုိ မုဒိမ္းက်င့္၊ သတ္ျဖတ္လုယက္မႈနဲ႔ အမႈရင္ဆုိင္ေနရတဲ့ မ်ဳိးေဇာ္ဦး(ခ)ဆီးဒိုးနားကုိ လူသတ္မႈ၊ လုယက္မႈ၊ မုဒိမ္းမႈ၊ ဓမၼတာနဲ႔ဆန္႔က်င္တဲ့ မုဒိမ္းမႈပုဒ္မေတြနဲ႔ အေရွ႕ပိုင္းခ႐ိုင္တရား႐ုံးက ဇြန္လ ၂၂ ရက္ေန႔မွာ ရန္ကုန္အေရွ႕ပိုင္းခရိုင္တရားရံုးက ေသဒဏ္ခ်မွတ္ခဲ့တယ္လုိ႔ သိရပါတယ္။

FDA (အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲမႈ ဦးစီးဌာန) ဒုႀကီးၾကပ္ေရးမွဴး မေရႊရည္ဝင္းကို အဓမၼျပဳက်င့္သတ္ျဖတ္တယ္လုိ႔ သံသယရွိသူ မ်ဳိးေဇာ္ဦး (ေခၚ) ဆီဒိုးနားကို လူသတ္မႈပုဒ္မ ၃၀၂၊ မုဒိမ္းမႈပုဒ္မ ၃၇၆၊ ဓမၼတာႏွင့္ ဆန္႔က်င္ေသာျပစ္မႈ ၃၇၇ႏွင့္ လုယက္မႈ က်ဴးလြန္ရာတြင္ နာ က်င္ေစမႈပုဒ္မ ၃၉၄ တို႔နဲ႔ ေဖေဖာ္ဝါရီ ၂၂ ရက္က အေရွ႕ပိုင္းခ႐ိုင္တရား႐ံုးမွာ တရားစြဲဆိုခဲ့တာ ျဖစ္ပါတယ္။

FDA ၀န္ထမ္း မေရႊရည္၀င္းက ဇန္န၀ါရီ ၂၀ ရက္မွာ ဒဂံုၿမိဳ႕နယ္က ေနအိမ္သို႔ ျပန္ဖို႔ လွည္းတန္းလမ္းဆံုနားမွာ တကၠစီငွားစီးတာကေန တကၠစီယာဥ္ေမာင္း မ်ဳိးေဇာ္ဦး (ခ) ဆီဒိုးနား၏ အဓမၼျပဳက်င့္ သတ္ျဖတ္ခံရေၾကာင္း ရဲတပ္ဖြဲ႕ က သတင္းထုတ္ျပန္ထားပါတယ္။

အဆိုပါ အမိန္႔ခ်မွတ္မႈကုိ တရားခံဘက္က တစ္လအတြင္း အယူခံ၀င္သြားမယ္လုိ႔ တရားခံေရွ႕ေန ဦးေမာင္ေမာင္လြင္က ေျပာပါတယ္။

Credit Duwun News

  • Unicode

FDA ဝန်ထမ်းအမျိုးသမီးကို မုဒိမ်းကျင့်၊ သတ်ဖြတ်လုယက်မှုနဲ့ အမှုရင်ဆိုင်နေရတဲ့ မျိုးဇော်ဦး(ခ)ဆီးဒိုးနားကို လူသတ်မှု၊ လုယက်မှု၊ မုဒိမ်းမှု၊ ဓမ္မတာနဲ့ဆန့်ကျင်တဲ့ မုဒိမ်းမှုပုဒ်မတွေနဲ့ အရှေ့ပိုင်းခရိုင်တရားရုံးက ဇွန်လ ၂၂ ရက်နေ့မှာ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက သေဒဏ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

FDA (အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန) ဒုကြီးကြပ်ရေးမှူး မရွှေရည်ဝင်းကို အဓမ္မပြုကျင့်သတ်ဖြတ်တယ်လို့ သံသယရှိသူ မျိုးဇော်ဦး (ခေါ်) ဆီဒိုးနားကို လူသတ်မှုပုဒ်မ ၃၀၂၊ မုဒိမ်းမှုပုဒ်မ ၃၇၆၊ ဓမ္မတာနှင့် ဆန့်ကျင်သောပြစ်မှု ၃၇၇နှင့် လုယက်မှု ကျူးလွန်ရာတွင် နာ ကျင်စေမှုပုဒ်မ ၃၉၄ တို့နဲ့ ဖေဖော်ဝါရီ ၂၂ ရက်က အရှေ့ပိုင်းခရိုင်တရားရုံးမှာ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

FDA ဝန်ထမ်း မရွှေရည်ဝင်းက ဇန်နဝါရီ ၂၀ ရက်မှာ ဒဂုံမြို့နယ်က နေအိမ်သို့ ပြန်ဖို့ လှည်းတန်းလမ်းဆုံနားမှာ တက္ကစီငှားစီးတာကနေ တက္ကစီယာဉ်မောင်း မျိုးဇော်ဦး (ခ) ဆီဒိုးနား၏ အဓမ္မပြုကျင့် သတ်ဖြတ်ခံရကြောင်း ရဲတပ်ဖွဲ့ က သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါ အမိန့်ချမှတ်မှုကို တရားခံဘက်က တစ်လအတွင်း အယူခံဝင်သွားမယ်လို့ တရားခံရှေ့နေ ဦးမောင်မောင်လွင်က ပြောပါတယ်။

Credit Duwun News

About the author

Wai Phyo Oo

Leave a Comment