Shwe News

အၾကင္နာတရား မေခါင္းပါးေၾကာင္းသက္ေသျပခဲ့တဲ့ ကမာၻ႕အဆိပ္အျပင္းဆုံး ေျမြေဟာက္ဘုရင္

ကၽြန္ေတာ္တုိ႕ရွင္သန္ရာကမာၻၾကီးမွာ အထူးဆန္းေတြၾကားရျမဲပါ။ အႏၱာယ္အရွိဆုံးသတၱဝါျဖစ္ေလ ၾကားရတဲ႔ပုံျပင္ကဆန္းျပားေလျဖစ္ပါတယ္။

အခုေဖာ္ျပေပးမယ့္အျဖစ္ပ်က္ေလးကေတာ့ အိႏၵိယ နုိင္ငံ ပန္ဂ်က္ဘ္ ျပည္နယ္မွာျဖစ္ပ်က္သြားခဲ႕တာျဖစ္ပါတယ္။ ေမြးခါစ ေခြးေပါက္ေလးနွစ္ေကာင္ ဟာ ပုိင္ရွင္ေတြ မသိခင္မွာပဲ ေရတြင္းအနက္ထဲကုိ က်သြားခဲ႕ပါတယ္။ ပုိင္ရွင္ျဖစ္သူက ေခြးေပါက္ေလးနွစ္ေကာင္ရဲ႕ ထူးဆန္္းတဲ႕ေဟာင္သံ နဲ႕ အေမျဖစ္သူ ရဲ႕ အူသံကုိ ၾကားရတဲ႕အခ်ိန္ခါမွေေပ်ာက္ဆုံးေနေၾကာင္းသတိထားမိတာျဖစ္ပါတယ္။

ပုိင္ရွင္ျဖစ္သူက အသံၾကားရာကုိရွာၾကည့္ရာ ေရတြင္းထဲမွာ ေတြ႕လုိက္ရတဲ႕ျမင္ကြင္းေၾကာင္း တုန္လူပ္သြားခဲ႕ျပီး ေခြးေပါက္ေလးေတြရဲ႕အသက္ကုိ စြန္႕လြတ္ရေတာ့မည့္အခ်ိန္လုိ႕ယူဆခဲ႕ပါတယ္။ အေၾကာင္းက ကမာၻ႕အဆိပ္အျပင္္းဆုံးလုိ႕တင္စားရတဲ႕ ေျမြေဟာက္ဘုရင္ အၾကီးစားတစ္ေကာင္က ေရတြင္းထဲက ေခြးေပါက္ေလးေတြရဲ႕ေဘးမွာ ရွိေနခဲ႕လုိ႕ပါ။ ဒါေပမယ့္ ေျမြေဟာက္ဘုရင္ဟာ ေခြးေပါက္ေလးေတြကုိ အႏၱရာယ္ျပဳမည့္ပံုမေပၚဘဲ ေရတြင္းထဲက ေရရွိတဲ႕ဘက္မသြားေအာင္ ကာကြယ္ေပးထားပုံနဲ႕တူပါတယ္။

ေနာက္ဆုံးေတာ့ ေခြးေပါက္ေလးေတြဟာ ေရတြင္းထဲမွာ ၄၈ နာရီၾကာေနခဲ႕ရတာပါ။ ပုိင္ရွင္နဲ႕ ကူညီသူေတြ လာေရာက္တဲ႕အခါ ေျမြေဟာက္လဲ ေရတြင္းရဲ႕ေဘးဘက္ကုိ ကပ္ေပးေနခဲ႕တယ္လို႕သိရပါတယ္။ ေခြးေပါက္ေလးေတြကုိ ဒဏ္ရာအနာတရမရွိကယ္ဆယ္နုိင္ခဲ႕ျပီး ေျမြကုိလဲ ဖမ္းယူလြတ္ေပးလိုက္ၾကတယ္လို႕ေဖာ္ျပထားပါတယ္။

ဒီအျဖစ္ပ်က္ေလးကေတာ့ ကမာၻ႕အႏၱရာယ္အရွိဆုံး သတၱဝါ ကေတာင္ တစ္ပါးသူ အႏၱရာယ္က်ေရာက္ေနစဥ္မွာ အခြင့္ေကာင္းမယူတတ္ဘဲ ကာကြယ္ေပးတတ္တဲ႕ အၾကင္နာတရား မေခါင္းပါးသူျဖစ္ေၾကာင္း သက္ေသျပခဲ႕တာပဲျဖစ္ပါတယ္။

Via: MM
Credit – Daily Hot News

  • Unicode

ကျွန်တော်တို့ရှင်သန်ရာကမ္ဘာကြီးမှာ အထူးဆန်းတွေကြားရမြဲပါ။ အန္တာယ်အရှိဆုံးသတ္တဝါဖြစ်လေ ကြားရတဲ့ပုံပြင်ကဆန်းပြားလေဖြစ်ပါတယ်။

အခုဖော်ပြပေးမယ့်အဖြစ်ပျက်လေးကတော့ အိန္ဒိယ နိုင်ငံ ပန်ဂျက်ဘ် ပြည်နယ်မှာဖြစ်ပျက်သွားခဲ့တာဖြစ်ပါတယ်။ မွေးခါစ ခွေးပေါက်လေးနှစ်ကောင် ဟာ ပိုင်ရှင်တွေ မသိခင်မှာပဲ ရေတွင်းအနက်ထဲကို ကျသွားခဲ့ပါတယ်။ ပိုင်ရှင်ဖြစ်သူက ခွေးပေါက်လေးနှစ်ကောင်ရဲ့ ထူးဆန်းတဲ့ဟောင်သံ နဲ့ အမေဖြစ်သူ ရဲ့ အူသံကို ကြားရတဲ့အချိန်ခါမှေပျောက်ဆုံးနေကြောင်းသတိထားမိတာဖြစ်ပါတယ်။

ပိုင်ရှင်ဖြစ်သူက အသံကြားရာကိုရှာကြည့်ရာ ရေတွင်းထဲမှာ တွေ့လိုက်ရတဲ့မြင်ကွင်းကြောင်း တုန်လူပ်သွားခဲ့ပြီး ခွေးပေါက်လေးတွေရဲ့အသက်ကို စွန့်လွတ်ရတော့မည့်အချိန်လို့ယူဆခဲ့ပါတယ်။ အကြောင်းက ကမ္ဘာ့အဆိပ်အပြင်းဆုံးလို့တင်စားရတဲ့ မြွေဟောက်ဘုရင် အကြီးစားတစ်ကောင်က ရေတွင်းထဲက ခွေးပေါက်လေးတွေရဲ့ဘေးမှာ ရှိနေခဲ့လို့ပါ။ ဒါပေမယ့် မြွေဟောက်ဘုရင်ဟာ ခွေးပေါက်လေးတွေကို အန္တရာယ်ပြုမည့်ပုံမပေါ်ဘဲ ရေတွင်းထဲက ရေရှိတဲ့ဘက်မသွားအောင် ကာကွယ်ပေးထားပုံနဲ့တူပါတယ်။

နောက်ဆုံးတော့ ခွေးပေါက်လေးတွေဟာ ရေတွင်းထဲမှာ ၄၈ နာရီကြာနေခဲ့ရတာပါ။ ပိုင်ရှင်နဲ့ ကူညီသူတွေ လာရောက်တဲ့အခါ မြွေဟောက်လဲ ရေတွင်းရဲ့ဘေးဘက်ကို ကပ်ပေးနေခဲ့တယ်လို့သိရပါတယ်။ ခွေးပေါက်လေးတွေကို ဒဏ်ရာအနာတရမရှိကယ်ဆယ်နိုင်ခဲ့ပြီး မြွေကိုလဲ ဖမ်းယူလွတ်ပေးလိုက်ကြတယ်လို့ဖော်ပြထားပါတယ်။

ဒီအဖြစ်ပျက်လေးကတော့ ကမ္ဘာ့အန္တရာယ်အရှိဆုံး သတ္တဝါ ကတောင် တစ်ပါးသူ အန္တရာယ်ကျရောက်နေစဉ်မှာ အခွင့်ကောင်းမယူတတ်ဘဲ ကာကွယ်ပေးတတ်တဲ့ အကြင်နာတရား မခေါင်းပါးသူဖြစ်ကြောင်း သက်သေပြခဲ့တာပဲဖြစ်ပါတယ်။

Via: MM
Credit – Daily Hot News

About the author

Wai Phyo Oo

Leave a Comment