Shwe News

ၿပည္ပမွ သယ္လာေသာ အေလာင္းအား ေလဆိပ္တြင္ ထုတ္ခြင့္မရလို႔ မသာပါးစပ္ထဲကေတာင္ႏိွုက္ယူတဲ႔ အေနအထားမို႔ ေျပာပါေတာ့မည္ လို႔ဆိုလိုက္တဲ႔ ေက်ာ္သူ

မသာပါးစပ္ ထဲကေတာင္ႏိွုက္ယူတဲ့ အဆင့္ေရာက္ေနပါၿပီလား လို႔ေၿပာလိုက္တဲ႔ ေက်ာ္သူ။ ဒီေန႔ ၿပည္ပမွ သယ္လာေသာ အေလာင္းအား ေလဆိပ္တြင္ ထုတ္ခြင့္မရလို႔ ကိုေက်ာ္သူေပါက္ကြဲေနတာ ကို ပရိတ္သတ္အတြက္ တင္ၿပပါရေစ။

“””မသာပါးစပ္ထဲက နွိဳက္စားသူမ်ား။ မေျပာမၿပီး မတီးမျမည္ပါ။ ဒါ့ေၾကာင့္ ေျပာပါေတာ့မည္ သမၼတႀကီးခင္ဗ်ား။ ျပည္ပႏိုင္ငံမ်ားတြင္ မိသားစုႏွင့္ခြဲခြါ၍၀မ္းေရးအတြက္ ပင္ပန္းဆင္းရဲခံကာ ရွာေဖြစားေသာက္ၿပီး ၿပည္တြင္းရွိမိသားစုမ်ားထံသို႔ ေထာက္ပ့ံေငြပို႔ေပးေနရရွာေသာျမန္ မာႏိုင္ငံသားမ်ား ျပည္ပႏိုင္ငံတြင္ဆုံးပါးသြားသည့္အခါ က်န္ရစ္ခဲ့ေသာမိသားစုမ်ား၏ ဆႏၵအရ ၿမန္မာျပည္တြင္းသို႔ေသဆုံးသြားရရွာသည့္ ၿမန္မာႏိုင္ငံသားမ်ား၏ ႐ုပ္ခႏၶာအား ေလယာဥ္ျဖင့္သယ္ေဆာင္ခဲ့ရာတြင္လူမ်ိဳးျခား၊ ဘာသာျခားျပည္ပ ႏိုင္ငံမွ၀န္ထမ္းမ်ားသည္ လိုေလေသးမရွိကူညီေပးခဲ့၍ ထိုေသဆုံးသူ ျမန္မာႏိုင္ငံသား၏ ႐ုပ္ခႏၶာမွာ ၿမန္မာျပည္ ရန္ကုန္ေလဆိပ္သို႔ေလ်ာလ်ဴစြာ ေရာက္ခဲ့ေသာ္လည္း

သူ၏႐ုပ္ခႏၶာအား ၿမန္မာျပည္ေလဆိပ္တြင္ လြယ္ကူစြာထုတ္ခြင့္မရသည္မွာ အဘယ့္ေၾကာင့္နည္း ဟု ကြ်န္ေတာ္စဥ္းစားမိေတာ့သည္။ ျမန္မာလူမ်ိဳးျဖစ္ပါလ်က္ အမိျမန္မာႏိုင္ငံသို႔အသက္မပါသည့္ ခႏၶာအားျပန္လည္၀င္ခြင့္ျပဳရန္ အတြက္ ခ်ိဳ႕တဲ့သည့္ မိသားစုမ်ားအေနျဖင့္ အလြန္ခက္ခဲလွေပေတာ့သည္။

ဤအေၾကာင္းအရာႏွင့္ပါတ္သက္၍ ကြ်န္ေတာ့ထံသို႔ စာတစ္ေစာင္၀င္လာသည္ကို ဖတ္ရွဳေစခ်င္သည္။ (…..) ႏိုင္ငံ မွ ၿမန္မာနိူင္ငံသို ့နာေရးမ်ားျပန္ပို ့ရာတြင္ ျမန္မာနိူင္ငံရွိ (…..) ေလေျကာင္းလိုင္းကာဂိုဌာနတြင္ တာဝန္ထမ္းေဆာင္ေသာ ( – ) ဌာနမွ (……) ဆိုသူသည္ နာေရးတစ္ေလာင္း (၇) ေသာင္းမွ (၈) ေသာင္းေက်ာ္ တရားဝင္မိသားစုမ်ားထံေတာင္းခံပါသည္။

မိဘမ်ားမေပးပါက ေသဆုံးသူ အလုပ္လုပ္ကိုင္သည့္ (…..) နိူင္ငံေလဆိပ္သို႔ နာေရးသယ္ေဆာင္ခြင္ ့မျပဳႏိုင္ေၾကာင္း မသိနားမလည္သည့္ အပူသည္ကာယကံရွင္မိသားစုမ်ားအားၿခိမ္းေျခာက္သည့္ပုံစံျဖင့္ေျပာဆိုမွဳမ်ားျပဳလုပ္ေနပါသည္။

 

ျပည္တြင္း ျပည္ပ လူမူကူညီေရးအသင္းမ်ားက(အခမဲ့) ကူညီေနေသာ္လည္း ယင္းရန္ကုန္ရွိေငြေၾကးအဓမၼေတာင္းခံေနေသာ ထိုသူအတြက္ပိုက္ဆံလာေပးခိုင္းသလိုျဖစ္ေနပါသည္။ ထိုသူသည္ ရန္ကုန္ေလဆိပ္ရွိ (….) ႏိုင္ငံေလေျကာင္းလိုင္းကာဂိုဌာနတြင္ေန႔စဥ္ေတာင္းရမ္းေနပါသည္။ မည္ကဲ့သို ့အေရးယူလ်င္ရနိူင္ပါမည္လဲဟု တင္ျပပါသည္ ။

နာေရးကူညီမူ(ရန္ကုန္) မွ ကာယကံရွင္၏ေနရပ္ေဒသသို႔ ကူညီပို႔့ေဆာင္ရမည့္နာေရးမ်ားျဖစ္သျဖင့္တင္ျပအပ္ပါသည္။ မွ/ ( …..ႏိုင္ငံ မွျမန္မာပရဟိတအသင္း)ေအာ္… ကြ်န္ေတာ္တို႔ႏိုင္ငံ လာဒ္ေပးလာဒ္ယူကိစၥက မသာပါးစပ္ထဲကေတာင္ႏိူက္ယူတဲ့အဆင့္ေရာက္ေနပါၿပီလားဟုေတြးေတာရင္းျဖင့္… “ေသေသာသူသည္သုႆန္သို႔ သက္သက္သာသာသြားသင့္သည္။”

(ေက်ာ္သူ) Myanmar Live

  • Unicode

မသာပါးစပ် ထဲကတောင်နှိုက်ယူတဲ့ အဆင့်ရောက်နေပါပြီလား လို့ပြောလိုက်တဲ့ ကျော်သူ။ ဒီနေ့ ပြည်ပမှ သယ်လာသော အလောင်းအား လေဆိပ်တွင် ထုတ်ခွင့်မရလို့ ကိုကျော်သူပေါက်ကွဲနေတာ ကို ပရိတ်သတ်အတွက် တင်ပြပါရစေ။

“””မသာပါးစပ်ထဲက နှိုက်စားသူများ။ မပြောမပြီး မတီးမမြည်ပါ။ ဒါ့ကြောင့် ပြောပါတော့မည် သမ္မတကြီးခင်ဗျား။ ပြည်ပနိုင်ငံများတွင် မိသားစုနှင့်ခွဲခွါ၍ဝမ်းရေးအတွက် ပင်ပန်းဆင်းရဲခံကာ ရှာဖွေစားသောက်ပြီး ပြည်တွင်းရှိမိသားစုများထံသို့ ထောက်ပံ့ငွေပို့ပေးနေရရှာသောမြန် မာနိုင်ငံသားများ ပြည်ပနိုင်ငံတွင်ဆုံးပါးသွားသည့်အခါ ကျန်ရစ်ခဲ့သောမိသားစုများ၏ ဆန္ဒအရ မြန်မာပြည်တွင်းသို့သေဆုံးသွားရရှာသည့် မြန်မာနိုင်ငံသားများ၏ ရုပ်ခန္ဓာအား လေယာဉ်ဖြင့်သယ်ဆောင်ခဲ့ရာတွင်လူမျိုးခြား၊ ဘာသာခြားပြည်ပ နိုင်ငံမှဝန်ထမ်းများသည် လိုလေသေးမရှိကူညီပေးခဲ့၍ ထိုသေဆုံးသူ မြန်မာနိုင်ငံသား၏ ရုပ်ခန္ဓာမှာ မြန်မာပြည် ရန်ကုန်လေဆိပ်သို့လျောလျူစွာ ရောက်ခဲ့သော်လည်း

သူ၏ရုပ်ခန္ဓာအား မြန်မာပြည်လေဆိပ်တွင် လွယ်ကူစွာထုတ်ခွင့်မရသည်မှာ အဘယ့်ကြောင့်နည်း ဟု ကျွန်တော်စဉ်းစားမိတော့သည်။ မြန်မာလူမျိုးဖြစ်ပါလျက် အမိမြန်မာနိုင်ငံသို့အသက်မပါသည့် ခန္ဓာအားပြန်လည်ဝင်ခွင့်ပြုရန် အတွက် ချို့တဲ့သည့် မိသားစုများအနေဖြင့် အလွန်ခက်ခဲလှပေတော့သည်။

ဤအကြောင်းအရာနှင့်ပါတ်သက်၍ ကျွန်တော့ထံသို့ စာတစ်စောင်ဝင်လာသည်ကို ဖတ်ရှုစေချင်သည်။ (…..) နိုင်ငံ မှ မြန်မာနိူင်ငံသို့နာရေးများပြန်ပို့ရာတွင် မြန်မာနိူင်ငံရှိ (…..) လေကြောင်းလိုင်းကာဂိုဌာနတွင် တာဝန်ထမ်းဆောင်သော ( – ) ဌာနမှ (……) ဆိုသူသည် နာရေးတစ်လောင်း (၇) သောင်းမှ (၈) သောင်းကျော် တရားဝင်မိသားစုများထံတောင်းခံပါသည်။

မိဘများမပေးပါက သေဆုံးသူ အလုပ်လုပ်ကိုင်သည့် (…..) နိူင်ငံလေဆိပ်သို့ နာရေးသယ်ဆောင်ခွင့်မပြုနိုင်ကြောင်း မသိနားမလည်သည့် အပူသည်ကာယကံရှင်မိသားစုများအားခြိမ်းခြောက်သည့်ပုံစံဖြင့်ပြောဆိုမှုများပြုလုပ်နေပါသည်။

 

ပြည်တွင်း ပြည်ပ လူမူကူညီရေးအသင်းများက(အခမဲ့) ကူညီနေသော်လည်း ယင်းရန်ကုန်ရှိငွေကြေးအဓမ္မတောင်းခံနေသော ထိုသူအတွက်ပိုက်ဆံလာပေးခိုင်းသလိုဖြစ်နေပါသည်။ ထိုသူသည် ရန်ကုန်လေဆိပ်ရှိ (….) နိုင်ငံလေကြောင်းလိုင်းကာဂိုဌာနတွင်နေ့စဉ်တောင်းရမ်းနေပါသည်။ မည်ကဲ့သို့အရေးယူလျင်ရနိူင်ပါမည်လဲဟု တင်ပြပါသည် ။

နာရေးကူညီမူ(ရန်ကုန်) မှ ကာယကံရှင်၏နေရပ်ဒေသသို့ ကူညီပို့ဆောင်ရမည့်နာရေးများဖြစ်သဖြင့်တင်ပြအပ်ပါသည်။ မှ/ ( …..နိုင်ငံ မှမြန်မာပရဟိတအသင်း)အော်… ကျွန်တော်တို့နိုင်ငံ လာဒ်ပေးလာဒ်ယူကိစ္စက မသာပါးစပ်ထဲကတောင်နိူက်ယူတဲ့အဆင့်ရောက်နေပါပြီလားဟုတွေးတောရင်းဖြင့်… “သေသောသူသည်သုဿန်သို့ သက်သက်သာသာသွားသင့်သည်။”

(ကျော်သူ) Myanmar Live

About the author

Wai Phyo Oo

Leave a Comment