Shwe News

ထြက္ေျပးသြားတဲ့အက်ဥ္းသား၄၀ထဲကအက်ဥ္းသားသံုးဦးကို ဖမ္းမိ

ရန္ကုန္၊စက္တင္ဘာ ၁၆။ ။ကရင္ျပည္နယ္၊ဘားအံျမိဳ႕နယ္၊ ေထာင္ကေလးေက်းရြာအနီးရွိ ဘားအံအက်ဥ္းေထာင္မွာ အက်ဥ္းသား ၄၀ ေထာင္ေဖာက္ထြက္ေျပးသြားခဲ့ျပီး လက္ရွိမွာ ထြက္ေျပးသြားခဲ့တဲ့ အက်ဥ္းသား ၃ဦးကို ဖမ္းဆီးရမိျပီလို႔ ကရင္ျပည္နယ္ရဲတပ္ဖြဲ႔၊ ျပည္နယ္ရဲတပ္ဖြဲ႔မွဴး ရဲမွဴးၾကီးေအာင္ျမတ္မိုးကေျပာပါတယ္။

“ လက္ရွိမွာ သံုးေယာက္ဖမ္းမိထားပါျပီး ဆက္လက္ျပီးေတာ့ ဖမ္းဆီးေနပါတယ္။”လို႔ ရဲမွဴးၾကီးေအာင္ျမတ္မိုးကေျပာပါတယ္။
အက်ဥ္းေထာင္အတြင္းရွိ ဓမၼာရံုေတာင္ဘက္စိုက္ခင္းအတြင္း သန္႔ရွင္းေရးျပဳလုပ္ခဲ့ျပီးေနာက္ ဓမၼာရံုေရွ႕မွာ စုပံုထားတဲ့ အမိႈက္မ်ားအား အက်ဥ္းေထာင္မွ အသံုးျပဳေနတဲ့ Mazda Titan ေမာ္ေတာ္ယာဥ္နဲ႔ တင္ေဆာင္ျပီး ထြက္ခြာသြားမဲ့ျပဳခ်ိန္ ေထာင္၀န္ထမ္းယာဥ္ေမာင္းအား ဆြဲခ်ထိုးၾကိတ္ကာ ထြက္ေျပးခဲ့ျခင္းျဖစ္တယ္လို႔လည္းသိရပါတယ္။


အက်ဥ္းသား ၄၀ထဲမွာ ထိုေမာ္ေတာ္ယာဥ္ကို ေမာင္းနွင္ကာ ေထာင္တံခါးေလးဆင့္အားတိုက္ဖြင့္ျပီး ဘားအံ-လိႈင္းဘြဲ႔ကားလမ္းမွ လိႈင္းဘြဲ႔ျမိဳ႕ဘက္ကိုထြက္ေျပးသြားခဲ့ျခင္းျဖစ္တယ္လို႔လည္းသိရပါတယ္။

ထြက္ေျပးသြားတဲ့ အက်ဥ္းသားမ်ားကို ျမန္မာနိုင္ငံရဲတပ္ဖြဲ႔၀င္မ်ားနဲ႔ နယ္ေျမခံတပ္ရင္းတပ္ဖြဲ႔၀င္မ်ား ပူးေပါင္းျပီး လိုက္လံဖမ္းဆီးေနတယ္လို႔လည္းသိရပါတယ္။
author နွင္းနွင္း
photo ကိုေဇာ္ရဲထက္

 

  • Unicode

ရန်ကုန်၊စက်တင်ဘာ ၁၆။ ။ကရင်ပြည်နယ်၊ဘားအံမြို့နယ်၊ ထောင်ကလေးကျေးရွာအနီးရှိ ဘားအံအကျဉ်းထောင်မှာ အကျဉ်းသား ၄၀ ထောင်ဖောက်ထွက်ပြေးသွားခဲ့ပြီး လက်ရှိမှာ ထွက်ပြေးသွားခဲ့တဲ့ အကျဉ်းသား ၃ဦးကို ဖမ်းဆီးရမိပြီလို့ ကရင်ပြည်နယ်ရဲတပ်ဖွဲ့၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုးကပြောပါတယ်။

“ လက်ရှိမှာ သုံးယောက်ဖမ်းမိထားပါပြီး ဆက်လက်ပြီးတော့ ဖမ်းဆီးနေပါတယ်။”လို့ ရဲမှူးကြီးအောင်မြတ်မိုးကပြောပါတယ်။
အကျဉ်းထောင်အတွင်းရှိ ဓမ္မာရုံတောင်ဘက်စိုက်ခင်းအတွင်း သန့်ရှင်းရေးပြုလုပ်ခဲ့ပြီးနောက် ဓမ္မာရုံရှေ့မှာ စုပုံထားတဲ့ အမှိုက်များအား အကျဉ်းထောင်မှ အသုံးပြုနေတဲ့ Mazda Titan မော်တော်ယာဉ်နဲ့ တင်ဆောင်ပြီး ထွက်ခွာသွားမဲ့ပြုချိန် ထောင်ဝန်ထမ်းယာဉ်မောင်းအား ဆွဲချထိုးကြိတ်ကာ ထွက်ပြေးခဲ့ခြင်းဖြစ်တယ်လို့လည်းသိရပါတယ်။
အကျဉ်းသား ၄၀ထဲမှာ ထိုမော်တော်ယာဉ်ကို မောင်းနှင်ကာ ထောင်တံခါးလေးဆင့်အားတိုက်ဖွင့်ပြီး ဘားအံ-လှိုင်းဘွဲ့ကားလမ်းမှ လှိုင်းဘွဲ့မြို့ဘက်ကိုထွက်ပြေးသွားခဲ့ခြင်းဖြစ်တယ်လို့လည်းသိရပါတယ်။
ထွက်ပြေးသွားတဲ့ အကျဉ်းသားများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနဲ့ နယ်မြေခံတပ်ရင်းတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး လိုက်လံဖမ်းဆီးနေတယ်လို့လည်းသိရပါတယ်။
author နှင်းနှင်း
photo ကိုဇော်ရဲထက်

About the author

Shwe News

Leave a Comment