Shwe News
ပရိသတ်တွေစိတ်ဝင်စားနေတဲ့ ချစ်သူကောင်လေးကို တရားဝင်ချပြလိုက်တဲ့ ခင်လှိုင်သမီးလေး သဇင်ထူးမြင့်
  • Unicode
နာမည်ကြီး အနုပညာရှင်များရဲ့ ဆယ်ကျော်သက်သမီးပျိုလေးတွေထဲမှာ လူရွှင်တော် ဦးခင်လှိုင်ရဲ့ သမီးချောလေး သဇင်ထူးမြင့်လည်း ပါဝင်ပါတယ်။ဖြူဖြူချောချောလေးနဲ့ သိပ်ချစ်ဖို့ကောင်းတဲ့ သူမကတော့ အနုပညာအလုပ်တွေကို စိတ်ဝင်တစားလုပ်ကိုင်ခြင်းမရှိသူလေးလည်းဖြစ်ပါတယ်။
သူမကတော့ စီးပွားရေးလုပ်ငန်းတွေကိုပဲ တစိုက်မတ်မတ်လုပ်ကိုင်သွားချင်တယ်လို့ အင်တာဗျူးတချို့မှာ ဖြေဆိုဖူးပါသေးတယ်။
အချစ်ရေးနဲ့ပတ်သက်ပြီး ပေါ်ပေါ်ထင်ထင် မနေတတ်တဲ့ သူမကို ပရိသတ်တွေကလည်း စိတ်ဝင်စားနေကြတာအမှန်ပါပဲ။ ဒါ့အပြင် ခင်လှိုင်ရဲ့ သမီးလေးသဇင်ထူးမြင့်ဟာလည်း ကျောင်းရဲ့ Queen အလှတကာ အလှဆုံးဆုကိုလည်း ရရှိထားသူမို့ သူမအချစ်ရေးကို ပရိသတ်တွေ စိတ်ဝင်စားနေကြတာမဆန်းပါဘူးနော်။
ဒီနေ့မှာတော့ သူမက ပရိသတ်တွေကို အရမ်းစိတ်ဝင်စားနေကြတဲ့ ချစ်သူကောင်လေးပုံထုတ်ပြလိုက်ပါတယ်။ သူမထုတ်ပြလိုက်တဲ့ ပုံကြောင့် ပရိသတ်တွေအားလုံး အံ့သြသွားရမှာတော့အမှန်ပါပဲ ဟုတ်ပါတယ် သူမက ပရိသတ်တွေကို ကျီစားလိုက်တာလည်းဖြစ်ပါတယ်။
သူမကတော့ ဖေ့ဘုတ်ပေါ်မှာ “အချစ်ရေးကိုသိချင်တယ်ဆိုလို့ ချစ်သူနဲ့ပုံကိုတင်ပေးလိုက်တယ်နော်” ဆိုပြီး အတည်ပေါက်ကြီးနဲ့ ပရိသတ်တွေကို နောက်လိုက်တာဖြစ်ပါတယ်။
တကယ်တော့ သူမချစ်သူအစစ်အမှန်မဟုတ်ဘဲ အဖြူရောင်ရုပ်ထုကြီးနဲ့ အတူတွဲရိုက်ထားခြင်းသက်သက်သာဖြစ်ပါတယ်နော်။ Credit: We Love Cele
About the author
ilove
Leave a Comment