MOBILE TECH NEWS

ကမာၻ႔ပထမဆုံး ဟိုလိုဂရမ္မ်က္ႏွာျပင္နဲ႔ စမတ္ဖုန္းကို ယခုႏွစ္အတြင္း ေတြ႕ျမင္ရဖြယ္ရွိ

ကမာၻ႔ပထမဆုံး ဟိုလိုဂရမ္မ်က္ႏွာျပင္သုံး စမတ္ဖုန္းျဖစ္တဲ့ “Hydrogen One” ကို မၾကာမီလအနည္းငယ္အတြင္း ျမင္ေတြ႕ ရေတာ့မွာ ျဖစ္ပါတယ္။ ဒီဖုန္းကို နာမည္ေက်ာ္ ပေရာ္ဖက္ရွင္နယ္ ဒီဂ်စ္တယ္ Cinema ကင္မရာေတြကို ထုတ္လုပ္ေနတဲ့ Red ကုမၸဏီက ထုတ္လုပ္မွာျဖစ္ၿပီး၊ ယခုႏွစ္ေႏွာင္းပိုင္းအတြင္း စတင္ေရာင္းခ်သြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ ေမလ ၁၉ ရက္ေန႔က Red ကုမၸဏီဟာ နာမည္ႀကီးနည္းပညာမီဒီယာတစ္ခ်ိဳ႕ကို ႐ုတ္တရက္ ဖိတ္ၾကားၿပီး Hydrogen One စမတ္ဖုန္း ေရွ႕ေျပးေမာ္ဒယ္ကို မိတ္ဆက္ျပသခဲ့ၿပီး၊ ယခုႏွစ္ကုန္ေလာက္မွာ စတင္ေရာင္းခ်သြားမွာ ျဖစ္တယ္လို႔ တရားဝင္ ေၾကျငာလိုက္တာပါ။

Android စနစ္သုံးပဲျဖစ္တဲ့ Hydrogen One ဖုန္းရဲ႕ အဓိကထူးျခားတဲ့ Feature တခုကေတာ့ မ်က္မွန္မလိုဘဲ 3D ပုံရိပ္ ေတြကို တိုက္႐ိုက္ခံစားၾကည့္ရႈႏိုင္မယ့္ “Holographic Display” ပါ။ အသုံးျပဳသူ တေယာက္အေနနဲ႔ ဒီ 3D ပုံရိပ္ေတြကို ဘက္ေပါင္းစုံကေန ၾကည့္ရႈႏိုင္မယ့္အျပင္ လက္အမူအရာ ပုံစံေတြနဲ႔လည္း ဒီပုံရိပ္ေတြကို “ထိေတြ႕ထိန္းခ်ဳပ္” ႏိုင္မွာ ျဖစ္ပါတယ္။

ဒါ့အျပင္ Holographic Display မွာ ၾကည့္ႏိုင္မယ့္ 3D ပုံရိပ္ေတြကို အဆင္သင့္႐ိုက္ကူးႏိုင္မယ့္ Front ကင္မရာေတြလည္း ဒီဖုန္းမွာ ပါဝင္လာမယ္လို႔ သိထားရပါတယ္။ ဒီကင္မရာေတြကို အသုံးျပဳၿပီး၊ 3D Video Chat ေတြကိုလည္း အသုံးျပဳ လာႏိုင္မွာ ျဖစ္ပါတယ္၊

Hydrogen One ရဲ႕ ေနာက္ထပ္စိတ္ဝင္စားစရာေကာင္းတဲ့ နည္းပညာတစ္ခုက Modular နည္းပညာပါ။ ဖုန္း အစိတ္အပိုင္းေတြ ထပ္မံတပ္ဆင္လို႔ရတဲ့ Modular Design ဟာ အထူးအဆန္းေတာ့ မဟုတ္ေပမယ့္ Red ကုမၸဏီ အေနနဲ႔ DSLR ကင္မရာေတြမွာ အသုံးျပဳေနတဲ့ Lens အႀကီးစားေတြကိုပါ ဒီဖုန္းမွာ ထပ္တပ္ဆင္ႏိုင္ေအာင္ လုပ္ေပးဖိုု႔ျပင္ဆင္လ်က္ ရွိပါတယ္။

Red Hydrogen One စမတ္ဖုန္းရဲ႕ Pre-Order ေဈးႏႈန္းေတြကေတာ့ အလူမီနီယမ္ ကိုယ္ထည္ေမာ္ဒယ္ကို အေမရိကန္ ေဒၚလာ ၁,၁၉၅ ေဒၚလာ သတ္မွတ္ထားၿပီး၊ တိုက္ေတနီယမ္ေမာ္ဒယ္ကို ကန္ေဒၚလာ ၁,၅၉၅ ေဒၚလာ ေဈးႏႈန္း သတ္မွတ္ထားတယ္လို႔ သိရပါတယ္။ ဒီေဈးအတိုင္းဆို iPhone X ထက္ေတာင္ ေဈးပိုမ်ားေနၿပီး၊ ေဈးအႀကီးဆုံး စမတ္ဖုန္းတစ္လုံး ျဖစ္လာႏိုင္ပါတယ္။ အဆိုပါ စမတ္ဖုန္း တရားဝင္ ထြက္ရွိမယ့္ ရက္ကိုေတာ့ မသိရွိရေသးပါဘူး။

Source: irrawaddy

  •  (Unicode)

ကမ္ဘာ့ပထမဆုံး ဟိုလိုဂရမ်မျက်နှာပြင်သုံး စမတ်ဖုန်းဖြစ်တဲ့ “Hydrogen One” ကို မကြာမီလအနည်းငယ်အတွင်း မြင်တွေ့ ရတော့မှာ ဖြစ်ပါတယ်။ ဒီဖုန်းကို နာမည်ကျော် ပရော်ဖက်ရှင်နယ် ဒီဂျစ်တယ် Cinema ကင်မရာတွေကို ထုတ်လုပ်နေတဲ့ Red ကုမ္ပဏီက ထုတ်လုပ်မှာဖြစ်ပြီး၊ ယခုနှစ်နှောင်းပိုင်းအတွင်း စတင်ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၉ ရက်နေ့က Red ကုမ္ပဏီဟာ နာမည်ကြီးနည်းပညာမီဒီယာတစ်ချို့ကို ရုတ်တရက် ဖိတ်ကြားပြီး Hydrogen One စမတ်ဖုန်း ရှေ့ပြေးမော်ဒယ်ကို မိတ်ဆက်ပြသခဲ့ပြီး၊ ယခုနှစ်ကုန်လောက်မှာ စတင်ရောင်းချသွားမှာ ဖြစ်တယ်လို့ တရားဝင် ကြေငြာလိုက်တာပါ။

Android စနစ်သုံးပဲဖြစ်တဲ့ Hydrogen One ဖုန်းရဲ့ အဓိကထူးခြားတဲ့ Feature တခုကတော့ မျက်မှန်မလိုဘဲ 3D ပုံရိပ် တွေကို တိုက်ရိုက်ခံစားကြည့်ရှုနိုင်မယ့် “Holographic Display” ပါ။ အသုံးပြုသူ တယောက်အနေနဲ့ ဒီ 3D ပုံရိပ်တွေကို ဘက်ပေါင်းစုံကနေ ကြည့်ရှုနိုင်မယ့်အပြင် လက်အမူအရာ ပုံစံတွေနဲ့လည်း ဒီပုံရိပ်တွေကို “ထိတွေ့ထိန်းချုပ်” နိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် Holographic Display မှာ ကြည့်နိုင်မယ့် 3D ပုံရိပ်တွေကို အဆင်သင့်ရိုက်ကူးနိုင်မယ့် Front ကင်မရာတွေလည်း ဒီဖုန်းမှာ ပါဝင်လာမယ်လို့ သိထားရပါတယ်။ ဒီကင်မရာတွေကို အသုံးပြုပြီး၊ 3D Video Chat တွေကိုလည်း အသုံးပြု လာနိုင်မှာ ဖြစ်ပါတယ်၊

Hydrogen One ရဲ့ နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ နည်းပညာတစ်ခုက Modular နည်းပညာပါ။ ဖုန်း အစိတ်အပိုင်းတွေ ထပ်မံတပ်ဆင်လို့ရတဲ့ Modular Design ဟာ အထူးအဆန်းတော့ မဟုတ်ပေမယ့် Red ကုမ္ပဏီ အနေနဲ့ DSLR ကင်မရာတွေမှာ အသုံးပြုနေတဲ့ Lens အကြီးစားတွေကိုပါ ဒီဖုန်းမှာ ထပ်တပ်ဆင်နိုင်အောင် လုပ်ပေးဖိုု့ပြင်ဆင်လျက် ရှိပါတယ်။

Red Hydrogen One စမတ်ဖုန်းရဲ့ Pre-Order ဈေးနှုန်းတွေကတော့ အလူမီနီယမ် ကိုယ်ထည်မော်ဒယ်ကို အမေရိကန် ဒေါ်လာ ၁,၁၉၅ ဒေါ်လာ သတ်မှတ်ထားပြီး၊ တိုက်တေနီယမ်မော်ဒယ်ကို ကန်ဒေါ်လာ ၁,၅၉၅ ဒေါ်လာ ဈေးနှုန်း သတ်မှတ်ထားတယ်လို့ သိရပါတယ်။ ဒီဈေးအတိုင်းဆို iPhone X ထက်တောင် ဈေးပိုများနေပြီး၊ ဈေးအကြီးဆုံး စမတ်ဖုန်းတစ်လုံး ဖြစ်လာနိုင်ပါတယ်။ အဆိုပါ စမတ်ဖုန်း တရားဝင် ထွက်ရှိမယ့် ရက်ကိုတော့ မသိရှိရသေးပါဘူး။

Source: irrawaddy

 

About the author

ShweLight

Leave a Comment