FACEBOOK TECH NEWS

၂၀၁၈ ပထမသံုးလအတြင္း Facebook Account အတု ၅၈၃သန္းကို ပိတ္ခဲ့တဲ့ Facebook

Facebook ဟာ ၂၀၁၈ ခုႏွစ္ ပထမသံုးလအတြင္း Community Standard ေတြကို ခ်ိဳးေဖာက္ခဲ့တဲ့ account နဲ႔ post ၁.၅ ဘီလ်ံကို ပိတ္ပင္ခဲ့တယ္လို႔ ထုတ္ျပန္ခဲ့ပါတယ္။

Facebook အေနနဲ႔ spam post ေတြနဲ႔ account အတုေတြကုိ တိုက္ဖ်က္ဖုိ႔ ထိန္းခ်ဳပ္တဲ့အေရးယူမႈ ေတာ္ေတာ္မ်ားမ်ားကို ျပဳလုပ္ခဲ့တယ္လို႔ ပထမသုံးလပတ္ Community Standards Enforcement Report မွာ Facebook က ေျပာၾကားခဲ့ပါတယ္။ အေရးယူမႈအတြင္း spam ၈၃၇ သန္းအေပၚ တာဝန္ယူေဆာင္ရြက္ခဲ့ၿပီး သုံးလအတြင္း account အတု ၅၈၃ သန္းကို ပိတ္သိမ္းလုိက္ပါတယ္။ ဒါ့အျပင္ Facebook ဟာ အမုန္းစကား အေရအတြက္၂.၅ သန္း၊ အၾကမ္းဖက္မႈကို ေဖာ္ျပတဲ့ပုံအေရအတြက္ ၃.၄ သန္းနဲ႔ လိင္ပုိင္းဆိုင္ရာ ေဖာ္ခၽြတ္လုပ္ေဆာင္ခ်က္ ၂၁ သန္းတို႔ကိုလည္း ထိန္းခ်ဳပ္ခဲ့ပါေသးတယ္။

“ဒီလုပ္ေဆာင္ခ်က္ေတြက အစပဲရိွပါေသးတယ္။ ကၽြန္ေတာ္တို႔အေနနဲ႔ ပြင့္လင္းျမင္သာမႈရွိေအာင္ ႀကိဳးစားေနပါတယ္” လို႔ ဥေရာပ၊ အေရွ႕အလယ္ပုိင္းနဲ႔ အာဖရိကအတြက္ Facebook ရဲ႕ public policy ဒုဥကၠ႒ ရစ္ခ်တ္အလန္က ေျပာပါတယ္။

Facebook အေနနဲ႔ ထိန္းခ်ဳပ္ခဲ့တဲ့ content ေတြထဲမွာ မူပုိင္ခြင့္ခ်ိဳးေဖာက္ခဲ့တဲ့ အရာေတြကုိ ရွာေဖြအေရးယူမႈေတြ ပါဝင္သလို သုံးစြဲသူေတြ တင္လိုက္တဲ့ အရာေတြလည္း ပါဝင္ပါတယ္။ အမ်ားျပည္သူအတြက္ မသင့္ေတာ္တဲ့ ပုံေတြပါဝင္တဲ့ content အေရအတြက္ေတြကလည္း သုံးလပတ္ဆက္တိုက္ ၃ ဆအထိ ျမင့္တက္ေနတယ္လို႔ အခ်က္အလက္ေလ့လာဆန္းစစ္ေရး ဒုဥကၠ႒ အဲလက္စ္႐ႈဇ္က ေျပာခဲ့ပါတယ္။

အၾကမ္းဖက္ခံရမႈကို ေဖာ္ျပထားတဲ့ပုံေတြ ျမင့္တက္လာရတာဟာ လတ္တေလာ သုံးလပတ္အတြင္း ဆီးရီးယားက အျဖစ္အပ်က္တခ်ိဳ႕ေၾကာင့္ ျဖစ္ၿပီး ကမ႓ာေပၚမွာ အျဖစ္ဆိုးေတြထြက္ေပၚလာရင္ Facebook ေပၚမွာလည္း အဲဒီလုိအရာေတြမ်ားစြာ ေပၚလာတတ္တယ္လုိ႔ ႐ႈဇ္က သုံးသပ္ခဲ့ပါတယ္။

Source: စိုးထက္(internetjournal)

  • (Unicode)

Facebook ဟာ ၂၀၁၈ ခုနှစ် ပထမသုံးလအတွင်း Community Standard တွေကို ချိုးဖောက်ခဲ့တဲ့ account နဲ့ post ၁.၅ ဘီလျံကို ပိတ်ပင်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

Facebook အနေနဲ့ spam post တွေနဲ့ account အတုတွေကို တိုက်ဖျက်ဖို့ ထိန်းချုပ်တဲ့အရေးယူမှု တော်တော်များများကို ပြုလုပ်ခဲ့တယ်လို့ ပထမသုံးလပတ် Community Standards Enforcement Report မှာ Facebook က ပြောကြားခဲ့ပါတယ်။ အရေးယူမှုအတွင်း spam ၈၃၇ သန်းအပေါ် တာဝန်ယူဆောင်ရွက်ခဲ့ပြီး သုံးလအတွင်း account အတု ၅၈၃ သန်းကို ပိတ်သိမ်းလိုက်ပါတယ်။ ဒါ့အပြင် Facebook ဟာ အမုန်းစကား အရေအတွက်၂.၅ သန်း၊ အကြမ်းဖက်မှုကို ဖော်ပြတဲ့ပုံအရေအတွက် ၃.၄ သန်းနဲ့ လိင်ပိုင်းဆိုင်ရာ ဖော်ချွတ်လုပ်ဆောင်ချက် ၂၁ သန်းတို့ကိုလည်း ထိန်းချုပ်ခဲ့ပါသေးတယ်။

“ဒီလုပ်ဆောင်ချက်တွေက အစပဲရှိပါသေးတယ်။ ကျွန်တော်တို့အနေနဲ့ ပွင့်လင်းမြင်သာမှုရှိအောင် ကြိုးစားနေပါတယ်” လို့ ဥရောပ၊ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကအတွက် Facebook ရဲ့ public policy ဒုဥက္ကဋ္ဌ ရစ်ချတ်အလန်က ပြောပါတယ်။

Facebook အနေနဲ့ ထိန်းချုပ်ခဲ့တဲ့ content တွေထဲမှာ မူပိုင်ခွင့်ချိုးဖောက်ခဲ့တဲ့ အရာတွေကို ရှာဖွေအရေးယူမှုတွေ ပါဝင်သလို သုံးစွဲသူတွေ တင်လိုက်တဲ့ အရာတွေလည်း ပါဝင်ပါတယ်။ အများပြည်သူအတွက် မသင့်တော်တဲ့ ပုံတွေပါဝင်တဲ့ content အရေအတွက်တွေကလည်း သုံးလပတ်ဆက်တိုက် ၃ ဆအထိ မြင့်တက်နေတယ်လို့ အချက်အလက်လေ့လာဆန်းစစ်ရေး ဒုဥက္ကဋ္ဌ အဲလက်စ်ရှုဇ်က ပြောခဲ့ပါတယ်။

အကြမ်းဖက်ခံရမှုကို ဖော်ပြထားတဲ့ပုံတွေ မြင့်တက်လာရတာဟာ လတ်တလော သုံးလပတ်အတွင်း ဆီးရီးယားက အဖြစ်အပျက်တချို့ကြောင့် ဖြစ်ပြီး ကမ္ဘာပေါ်မှာ အဖြစ်ဆိုးတွေထွက်ပေါ်လာရင် Facebook ပေါ်မှာလည်း အဲဒီလိုအရာတွေများစွာ ပေါ်လာတတ်တယ်လို့ ရှုဇ်က သုံးသပ်ခဲ့ပါတယ်။

Source: စိုးထက်(internetjournal)

About the author

ShweLight

Leave a Comment