COMPUTER MOBILE Review

ဟက္ကာဆိုတာ ဘယ္သူေတြလဲ။

လတ္တေလာ ေဖ့စ္ဘြတ္ခ္အေကာင့္တခ်ိဳ႕ ဟက္ခံရၿပီးေနာက္ ဟက္ကာေတြအေပၚ ေဝဖန္မႈေတြ ျမင့္တက္လို႔ေနပါတယ္။

ဒါေပမဲ့ ဟက္ကာ (Hacker) တိုင္းဟာ ေဒတာအခ်က္အလက္ ခိုးယူသူေတြမဟုတ္ၾကဘဲ ဟက္ကာတစ္ဦးျဖစ္လာဖို႔လည္း မလြယ္ကူဘူးလို႔ နည္းပညာရွင္ေတြက ျမန္မာတိုင္း(မ္)ကို ေျပာပါတယ္။

”လူေတြက ဟက္ကာဆိုရင္ ေဒတာအခ်က္အလက္ခိုးယူသူေတြလို႔ပဲ ထင္ၾကတယ္။ ဟက္ကာတိုင္းကေတာ့ ေဒတာအခ်က္အလက္ ခိုးယူတာ မဟုတ္ပါဘူး။ ဟက္ကာတစ္ေယာက္ျဖစ္လာဖို႔ နည္းပညာေတြကို ေသေသခ်ာခ်ာေလ့လာတတ္ေျမာက္မွသာ ဟက္ကာတစ္ဦး ျဖစ္လာတာပါ”ဟု ျမန္မာႏိုင္ငံ ကြန္ပ်ဴတာအသင္းခ်ဳပ္ဥကၠဌဦးခြန္ဦးက ေမ ၁၈ ရက္က ေျပာပါတယ္။

နည္းပညာရပ္ေတြကို တတ္ကြၽမ္းၿပီး Hacking ပညာရပ္နဲ႔ အသက္ေမြးဝမ္းေက်ာင္းျပဳေနသူေတြဟာ က်င့္ဝတ္ (Ethic) ေတြကို လိုက္နာက်င့္သုံးေနတဲ့ Ethical Hacker မ်ားသာျဖစ္တယ္လို႔ သူက ေျပာပါတယ္။

လက္ရွိမွာလည္း ပုဂၢလိကနဲ႔ အစိုးရပိုင္းဆိုင္ရာလုပ္ငန္းေတြမွာ အသုံးျပဳေနတဲ့ ဝက္ဘ္ဆိုက္ေတြနဲ႔ Network ပိုင္းဆိုင္ရာ ႀကံ့ခိုင္မႈရွိေစဖို႔အတြက္ ျပည္တြင္းမွာရွိတဲ့ Ethical Hacker ေတြရဲ႕ အကူအညီကို ရယူေနတာေတြလည္း ရွိပါတယ္။

”Ethical Hacker ေတြဘက္က ရလာတဲ့ အက်ိဳးေက်းဇူးကေတာ့ ဥပမာ ကုမၸဏီတစ္ခုရဲ႕ ဝက္ဘ္ဆိုက္ (သို႔မဟုတ္) Gmail ေတြ ဟက္ခံရၿပီဆိုရင္ ေဒတာအခ်က္အလက္ေတြနဲ႔ အေကာင့္ေတြျပန္ရဖို႔အတြက္ Ethical Hacker ေတြရဲ႕အကူအညီကို ယူရတာပါပဲ။ အေတြ႕အႀကဳံအရ အစိုးရပိုင္းနဲ႔ဆက္ႏႊယ္ၿပီး ေျပာမယ္ဆိုရင္ ဝန္ႀကီးဌာနေတြနဲ႔ သက္ဆိုက္တဲ့ ဝက္ဘ္ဆိုက္ေတြ ဟက္ခံထားရၿပီဆိုရင္ ဒီဟက္ခံထားရတဲ့ ဝက္ဘ္ဆိုက္ေတြကို ျပန္ရဖို႔အတြက္ Ethical Hacker ေတြရဲ႕ အကူအညီကိုယူရၿပီး ေျဖရွင္းခဲ့ရတာေတြကို ႀကဳံေတြ႕ဖူးပါတယ္”ဟု ဦးခြန္ဦးက ေျပာသည္။

၂ဝ၁၇ ခုႏွစ္၊ ၾသဂုတ္လက တူရကီဟက္ကာမ်ားအဖြဲ႕ဟု အမည္ခံထားတဲ့ အဖြဲ႕တစ္ခုက အစိုးရဝန္ႀကီးဌာနမ်ားႏွင့္ သက္ဆိုင္ရာဝက္ဘ္ဆိုက္ေတြကို တိုက္ခိုက္မႈျဖစ္ခဲ့ၿပီး ဒါကို ျပည္တြင္းက ဟက္ကာအဖြဲ႕ဝင္ေတြ ပူးေပါင္းထားတဲ့ Union of Underground Myanmar Hackers (UGMH) အဖြဲ႕က ျပန္လည္တုံ႔ျပန္တိုက္ခိုက္ခဲ့တဲ့ ျဖစ္ရပ္လည္းရွိခဲ့ပါတယ္။

Hacker မွာ White Hacker (Ethical Hacker) နဲ႔ Black Hacker ဆိုၿပီး ႏွစ္မ်ိဳးရွိတယ္လို႔ ျမန္မာအိုင္စီတီဖြံ႕ၿဖိဳးေရး အဖြဲ႕အစည္း၊ အမႈေဆာင္ဒါ႐ိုက္တာ ေဒၚထိုက္ထိုက္ေအာင္က ေျပာပါတယ္။

”White Hacker ေတြက စာေမးပြဲေတြ၊ cartification ေတြရထားၿပီးတဲ့ Hacker ေတြျဖစ္တဲ့အတြက္ ကုမၸဏီေတြမွာ အလုပ္ရဖို႔အတြက္ အခြင့္အလမ္းေတြရွိပါတယ္။ ကုမၸဏီတစ္ခုရဲ႕ Network System မွာရွိတဲ့ အားနည္းခ်က္ေတြကို ရွာေဖြၿပီး ျပဳျပင္တာတို႔၊ တိုက္ခိုက္ခံရတယ္ဆိုလည္း ျပန္ၿပီးရယူေပးတာတို႔ကို လုပ္ေပးႏိုင္ဖို႔ အလုပ္အကိုင္ အခြင့္အလမ္းေတြ ရွိပါတယ္”လို႔ သူက ေျပာပါတယ္။

White Hacker ေတြဟာ အစိုးရပိုင္း ေဒတာအခ်က္အလက္ေတြကို ကာကြယ္ဖို႔လည္း အေထာက္အပံ့ေပးႏိုင္တယ္လို႔ ေဒၚထိုက္ထိုက္ေအာင္က ေျပာပါတယ္။

”အစိုးရပိုင္းကို အေထာက္အပံ့ေပးဖို႔ဆိုရင္လည္း အစိုးရရဲ႕ သက္ဆိုင္တဲ့ေဒတာအခ်က္အလက္ေတြ၊ ဝက္ဘ္ဆိုက္ေတြကို လြယ္လြယ္နဲ႔ Hacking မလုပ္ႏိုင္ေအာင္ White Hacker ေတြရဲ႕ တတ္ေျမာက္ထားတဲ့ ပညာရပ္ေတြနဲ႔ ကာကြယ္ႏိုင္ပါတယ္။ အစိုးရဝက္ဘ္ဆိုက္ေတြကို အလြယ္တကူ Hacking မလုပ္ႏိုင္ေအာင္ စမ္းသပ္ရာမွာလည္း White Hacker ေတြအေနနဲ႔ အစိုးရဌာနေတြကို အရင္ခြင့္ေတာင္းၿပီးမွပဲ လုပ္ေဆာင္ၾကတာပါ” လို႔ ေဒၚထိုက္ထိုက္ေအာင္က ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ Ethical Hacker ဦးေရ ၁ဝဝ ေအာက္သာရွိတယ္လို႔ ဦးခြန္ဦးက ေျပာပါတယ္။

လက္ရွိ ႀကဳံေတြ႕ေနရတဲ့ Hacking ျပဳလုပ္ခံရျခင္းေတြဟာ Facebook အေကာင့္ Hack ခံရျခင္းေတြသာျဖစ္ေၾကာင္း ဦးခြန္ဦးက ေျပာပါတယ္။

”လက္တေလာ ျမန္မာႏိုင္ငံမွာ Hacking နဲ႔ပတ္သက္ၿပီးေျပာရင္ ေဖ့စ္ဘြတ္ခ္အေကာင့္ေတြ ဟက္တဲ့ကိစၥေတြပဲ ျဖစ္မယ္ထင္တယ္။ ဒီလို အေကာင့္ေတြကိုေတာ့ Ethical Hacker က လုပ္မယ္မထင္ဘူး။ ဒါေပမဲ့ ပုဂၢိဳလ္ေရးအရ အခုေဖ့စ္ဘြတ္ခ္အေကာင့္ေတြ ဟက္ခံေနရတဲ့အပိုင္းကို ေျပာမယ္ဆိုရင္ အဓိကကေတာ့ အေကာင့္သုံးတဲ့သူေတြက ကိုယ့္ရဲ႕ Password ကို လုံၿခဳံေအာင္မထားႏိုင္မႈနဲ႔ လုံၿခဳံေရးပိုင္းဆိုင္ရာ Upgrade မလုပ္တာေတြနဲ႔ ဆိုင္မယ္ထင္ပါတယ္” လို႔ သူကေျပာပါတယ္။

ေဖ့စ္ဘြတ္ခ္အေကာင့္ေတြကို ဟက္တာေတြဟာ အေပ်ာ္သေဘာမ်ိဳးလုပ္ျခင္း (သို႔မဟုတ္) ေငြလိမ္လည္ ေတာင္းခံလိုျခင္းေၾကာင့္သာ ဟက္ျခင္းျဖစ္ႏိုင္တယ္လို႔ ဦးခြန္ဦးက ေျပာပါတယ္။

”လူငယ္ေတြက အေကာင့္တစ္ခုရဲ႕ Password ကို ေက်ာ္လိုက္ႏိုင္ရင္ အဲဒီအေပၚမွာ ဂုဏ္ယူၾကတယ္။ တခ်ိဳ႕က်ေတာ့လည္း စီးပြားေရးသမားေတြရဲ႕အေကာင့္ေတြဟက္ၿပီး အေကာင့္ထဲမွာရွိတဲ့ အေရးႀကီး ေဒတာအခ်က္အလက္ေတြျဖစ္တဲ့ ဥပမာ−ဘဏ္လုပ္ငန္းဆိုင္ရာတို႔၊ ႐ုံးတြင္းပိုင္းဆိုင္ရာအခ်က္အလက္ေတြကို ယူထားၿပီး ပိုက္ဆံလိမ္ေတာင္းတာမ်ိဳးေတြေပါ့။ ဒီလိုလုပ္ျခင္းေတြဟာဥပေဒနဲ႔ ၿငိစြန္းေနတယ္ဆိုတာ အသိပညာေပးမႈ လုပ္ဖို႔လိုပါတယ္”လို႔ သူက ျမန္မာတိုင္း(မ္)ကို ေျပာပါတယ္။

မိမိအေကာင့္ကို ဟက္ခံရပါက လက္ရွိ ဆက္သြယ္ေရးဥပေဒအျပင္၊ Electronic Transactions Law နဲ႔လည္း တရားစြဲႏိုင္ေၾကာင္း ေဒၚထိုက္ထိုက္ေအာင္က အႀကံျပဳေျပာပါတယ္။

”Black Hacker ေတြက်ေတာ့ သူမ်ားေတြရဲ႕ Network ေတြကိုခြင့္ျပဳခ်က္မရဘဲ ဝင္ေရာက္ေႏွာက္တဲ့အပိုင္းေပါ့။ ဒီလိုေတြ ေႏွာင့္ယွက္တာမ်ိဳးေတြဆိုရင္ ဆက္သြယ္ေရးဥပေဒအျပင္ Electronic Transactions Law ေတြနဲ႔ တရားစြဲလို႔ရပါတယ္” လို႔ သူက ေျပာပါတယ္။

ေဖ့စ္ဘြတ္ခ္အေကာင့္ေတြကို အလြယ္တကူ ခိုးယူတာ၊ ဟက္တာေတြ မျပဳလုပ္ႏိုင္ေစဖို႔ အထူးေဆာင္႐ြက္လ်က္ရွိတယ္လို႔လည္း ေဖ့စ္ဘြတ္ခ္က တာဝန္ရွိသူက ေျပာပါတယ္။

”လုံၿခဳံေရးကို Facebook ရဲ႕ Product ဒီဇိုင္းတိုင္းမွာ ထည့္သြင္းထားပါတယ္။ လုံၿခဳံေရးစနစ္က threat ေတြကို အခ်ိန္တစ္စကၠန္႔အတြင္း အႀကိမ္ေပါင္းသန္းနဲ႔ခ်ီ run ၿပီး သုံးစြဲသူေတြဆီကို မေရာက္ခင္မွာဘဲ ေတြ႕ရွိၿပီး ဖယ္ရွားႏိုင္ဖို႔ ေနာက္ကြယ္မွာ လုပ္ေဆာင္ေနပါတယ္။ ဒါ့ျပင္ သုံးစြဲသူေတြကလည္း လုံၿခဳံေရးနဲ႔သက္ဆိုင္တဲ့ Tools ေတြကို ေ႐ြးခ်ယ္ႏိုင္ၿပီး လုံၿခဳံေရး Checkup ကို မိနစ္အနည္းငယ္အတြင္းမွာပဲ သုံးခ်င္တဲ့ လုံၿခဳံေရးပိုင္းဆိုင္ရာ Feature ေတြ အသုံးျပဳေနေၾကာင္း စစ္ေဆးလို႔ရမွာ ျဖစ္ပါတယ္” ဟု ေဖ့စ္ဘြတ္ခ္ျမန္မာရဲ႕ Policy Director, Ms MiaGarlick က ျမန္မာတိုင္း(မ္)ကို ေမ ၁ဝ ရက္က ေျပာပါတယ္။

ယခုလအတြင္းမွာလည္း အခ်ိဳ႕အႏုပညာရွင္ေတြရဲ႕အေကာင့္ေတြကို ဟက္ကာေတြက ဝင္ဟက္ၿပီး ေဒတာထိန္းသိမ္းမႈေတြ ျပဳလုပ္ကာ ေငြေၾကးအလႉေတာင္းခံတဲဲ့ျဖစ္စဥ္ေတြလည္း ျဖစ္ေပၚခဲ့ပါတယ္။

ဒီလိုအြန္လိုင္းမွာ Hacking လုပ္ေဆာင္မႈေတြကို ကာကြယ္ႏိုင္ဖို႔ Cyber Law ေတြ ေပၚေပါက္ရန္ လိုအပ္တယ္လို႔လည္း ဦးခြန္ဦးက ေျပာပါတယ္။

Source:mmtimes

  • (Unicode)

လတ်တလော ဖေ့စ်ဘွတ်ခ်အကောင့်တချို့ ဟက်ခံရပြီးနောက် ဟက်ကာတွေအပေါ် ဝေဖန်မှုတွေ မြင့်တက်လို့နေပါတယ်။

ဒါပေမဲ့ ဟက်ကာ (Hacker) တိုင်းဟာ ဒေတာအချက်အလက် ခိုးယူသူတွေမဟုတ်ကြဘဲ ဟက်ကာတစ်ဦးဖြစ်လာဖို့လည်း မလွယ်ကူဘူးလို့ နည်းပညာရှင်တွေက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

”လူတွေက ဟက်ကာဆိုရင် ဒေတာအချက်အလက်ခိုးယူသူတွေလို့ပဲ ထင်ကြတယ်။ ဟက်ကာတိုင်းကတော့ ဒေတာအချက်အလက် ခိုးယူတာ မဟုတ်ပါဘူး။ ဟက်ကာတစ်ယောက်ဖြစ်လာဖို့ နည်းပညာတွေကို သေသေချာချာလေ့လာတတ်မြောက်မှသာ ဟက်ကာတစ်ဦး ဖြစ်လာတာပါ”ဟု မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်ဥက္ကဌဦးခွန်ဦးက မေ ၁၈ ရက်က ပြောပါတယ်။

နည်းပညာရပ်တွေကို တတ်ကျွမ်းပြီး Hacking ပညာရပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုနေသူတွေဟာ ကျင့်ဝတ် (Ethic) တွေကို လိုက်နာကျင့်သုံးနေတဲ့ Ethical Hacker များသာဖြစ်တယ်လို့ သူက ပြောပါတယ်။

လက်ရှိမှာလည်း ပုဂ္ဂလိကနဲ့ အစိုးရပိုင်းဆိုင်ရာလုပ်ငန်းတွေမှာ အသုံးပြုနေတဲ့ ဝက်ဘ်ဆိုက်တွေနဲ့ Network ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိစေဖို့အတွက် ပြည်တွင်းမှာရှိတဲ့ Ethical Hacker တွေရဲ့ အကူအညီကို ရယူနေတာတွေလည်း ရှိပါတယ်။

”Ethical Hacker တွေဘက်က ရလာတဲ့ အကျိုးကျေးဇူးကတော့ ဥပမာ ကုမ္ပဏီတစ်ခုရဲ့ ဝက်ဘ်ဆိုက် (သို့မဟုတ်) Gmail တွေ ဟက်ခံရပြီဆိုရင် ဒေတာအချက်အလက်တွေနဲ့ အကောင့်တွေပြန်ရဖို့အတွက် Ethical Hacker တွေရဲ့အကူအညီကို ယူရတာပါပဲ။ အတွေ့အကြုံအရ အစိုးရပိုင်းနဲ့ဆက်နွှယ်ပြီး ပြောမယ်ဆိုရင် ဝန်ကြီးဌာနတွေနဲ့ သက်ဆိုက်တဲ့ ဝက်ဘ်ဆိုက်တွေ ဟက်ခံထားရပြီဆိုရင် ဒီဟက်ခံထားရတဲ့ ဝက်ဘ်ဆိုက်တွေကို ပြန်ရဖို့အတွက် Ethical Hacker တွေရဲ့ အကူအညီကိုယူရပြီး ဖြေရှင်းခဲ့ရတာတွေကို ကြုံတွေ့ဖူးပါတယ်”ဟု ဦးခွန်ဦးက ပြောသည်။

၂ဝ၁၇ ခုနှစ်၊ သြဂုတ်လက တူရကီဟက်ကာများအဖွဲ့ဟု အမည်ခံထားတဲ့ အဖွဲ့တစ်ခုက အစိုးရဝန်ကြီးဌာနများနှင့် သက်ဆိုင်ရာဝက်ဘ်ဆိုက်တွေကို တိုက်ခိုက်မှုဖြစ်ခဲ့ပြီး ဒါကို ပြည်တွင်းက ဟက်ကာအဖွဲ့ဝင်တွေ ပူးပေါင်းထားတဲ့ Union of Underground Myanmar Hackers (UGMH) အဖွဲ့က ပြန်လည်တုံ့ပြန်တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်လည်းရှိခဲ့ပါတယ်။

Hacker မှာ White Hacker (Ethical Hacker) နဲ့ Black Hacker ဆိုပြီး နှစ်မျိုးရှိတယ်လို့ မြန်မာအိုင်စီတီဖွံ့ဖြိုးရေး အဖွဲ့အစည်း၊ အမှုဆောင်ဒါရိုက်တာ ဒေါ်ထိုက်ထိုက်အောင်က ပြောပါတယ်။

”White Hacker တွေက စာမေးပွဲတွေ၊ cartification တွေရထားပြီးတဲ့ Hacker တွေဖြစ်တဲ့အတွက် ကုမ္ပဏီတွေမှာ အလုပ်ရဖို့အတွက် အခွင့်အလမ်းတွေရှိပါတယ်။ ကုမ္ပဏီတစ်ခုရဲ့ Network System မှာရှိတဲ့ အားနည်းချက်တွေကို ရှာဖွေပြီး ပြုပြင်တာတို့၊ တိုက်ခိုက်ခံရတယ်ဆိုလည်း ပြန်ပြီးရယူပေးတာတို့ကို လုပ်ပေးနိုင်ဖို့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှိပါတယ်”လို့ သူက ပြောပါတယ်။

White Hacker တွေဟာ အစိုးရပိုင်း ဒေတာအချက်အလက်တွေကို ကာကွယ်ဖို့လည်း အထောက်အပံ့ပေးနိုင်တယ်လို့ ဒေါ်ထိုက်ထိုက်အောင်က ပြောပါတယ်။

”အစိုးရပိုင်းကို အထောက်အပံ့ပေးဖို့ဆိုရင်လည်း အစိုးရရဲ့ သက်ဆိုင်တဲ့ဒေတာအချက်အလက်တွေ၊ ဝက်ဘ်ဆိုက်တွေကို လွယ်လွယ်နဲ့ Hacking မလုပ်နိုင်အောင် White Hacker တွေရဲ့ တတ်မြောက်ထားတဲ့ ပညာရပ်တွေနဲ့ ကာကွယ်နိုင်ပါတယ်။ အစိုးရဝက်ဘ်ဆိုက်တွေကို အလွယ်တကူ Hacking မလုပ်နိုင်အောင် စမ်းသပ်ရာမှာလည်း White Hacker တွေအနေနဲ့ အစိုးရဌာနတွေကို အရင်ခွင့်တောင်းပြီးမှပဲ လုပ်ဆောင်ကြတာပါ” လို့ ဒေါ်ထိုက်ထိုက်အောင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ Ethical Hacker ဦးရေ ၁ဝဝ အောက်သာရှိတယ်လို့ ဦးခွန်ဦးက ပြောပါတယ်။

လက်ရှိ ကြုံတွေ့နေရတဲ့ Hacking ပြုလုပ်ခံရခြင်းတွေဟာ Facebook အကောင့် Hack ခံရခြင်းတွေသာဖြစ်ကြောင်း ဦးခွန်ဦးက ပြောပါတယ်။

”လက်တလော မြန်မာနိုင်ငံမှာ Hacking နဲ့ပတ်သက်ပြီးပြောရင် ဖေ့စ်ဘွတ်ခ်အကောင့်တွေ ဟက်တဲ့ကိစ္စတွေပဲ ဖြစ်မယ်ထင်တယ်။ ဒီလို အကောင့်တွေကိုတော့ Ethical Hacker က လုပ်မယ်မထင်ဘူး။ ဒါပေမဲ့ ပုဂ္ဂိုလ်ရေးအရ အခုဖေ့စ်ဘွတ်ခ်အကောင့်တွေ ဟက်ခံနေရတဲ့အပိုင်းကို ပြောမယ်ဆိုရင် အဓိကကတော့ အကောင့်သုံးတဲ့သူတွေက ကိုယ့်ရဲ့ Password ကို လုံခြုံအောင်မထားနိုင်မှုနဲ့ လုံခြုံရေးပိုင်းဆိုင်ရာ Upgrade မလုပ်တာတွေနဲ့ ဆိုင်မယ်ထင်ပါတယ်” လို့ သူကပြောပါတယ်။

ဖေ့စ်ဘွတ်ခ်အကောင့်တွေကို ဟက်တာတွေဟာ အပျော်သဘောမျိုးလုပ်ခြင်း (သို့မဟုတ်) ငွေလိမ်လည် တောင်းခံလိုခြင်းကြောင့်သာ ဟက်ခြင်းဖြစ်နိုင်တယ်လို့ ဦးခွန်ဦးက ပြောပါတယ်။

”လူငယ်တွေက အကောင့်တစ်ခုရဲ့ Password ကို ကျော်လိုက်နိုင်ရင် အဲဒီအပေါ်မှာ ဂုဏ်ယူကြတယ်။ တချို့ကျတော့လည်း စီးပွားရေးသမားတွေရဲ့အကောင့်တွေဟက်ပြီး အကောင့်ထဲမှာရှိတဲ့ အရေးကြီး ဒေတာအချက်အလက်တွေဖြစ်တဲ့ ဥပမာ−ဘဏ်လုပ်ငန်းဆိုင်ရာတို့၊ ရုံးတွင်းပိုင်းဆိုင်ရာအချက်အလက်တွေကို ယူထားပြီး ပိုက်ဆံလိမ်တောင်းတာမျိုးတွေပေါ့။ ဒီလိုလုပ်ခြင်းတွေဟာဥပဒေနဲ့ ငြိစွန်းနေတယ်ဆိုတာ အသိပညာပေးမှု လုပ်ဖို့လိုပါတယ်”လို့ သူက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

မိမိအကောင့်ကို ဟက်ခံရပါက လက်ရှိ ဆက်သွယ်ရေးဥပဒေအပြင်၊ Electronic Transactions Law နဲ့လည်း တရားစွဲနိုင်ကြောင်း ဒေါ်ထိုက်ထိုက်အောင်က အကြံပြုပြောပါတယ်။

”Black Hacker တွေကျတော့ သူများတွေရဲ့ Network တွေကိုခွင့်ပြုချက်မရဘဲ ဝင်ရောက်နှောက်တဲ့အပိုင်းပေါ့။ ဒီလိုတွေ နှောင့်ယှက်တာမျိုးတွေဆိုရင် ဆက်သွယ်ရေးဥပဒေအပြင် Electronic Transactions Law တွေနဲ့ တရားစွဲလို့ရပါတယ်” လို့ သူက ပြောပါတယ်။

ဖေ့စ်ဘွတ်ခ်အကောင့်တွေကို အလွယ်တကူ ခိုးယူတာ၊ ဟက်တာတွေ မပြုလုပ်နိုင်စေဖို့ အထူးဆောင်ရွက်လျက်ရှိတယ်လို့လည်း ဖေ့စ်ဘွတ်ခ်က တာဝန်ရှိသူက ပြောပါတယ်။

”လုံခြုံရေးကို Facebook ရဲ့ Product ဒီဇိုင်းတိုင်းမှာ ထည့်သွင်းထားပါတယ်။ လုံခြုံရေးစနစ်က threat တွေကို အချိန်တစ်စက္ကန့်အတွင်း အကြိမ်ပေါင်းသန်းနဲ့ချီ run ပြီး သုံးစွဲသူတွေဆီကို မရောက်ခင်မှာဘဲ တွေ့ရှိပြီး ဖယ်ရှားနိုင်ဖို့ နောက်ကွယ်မှာ လုပ်ဆောင်နေပါတယ်။ ဒါ့ပြင် သုံးစွဲသူတွေကလည်း လုံခြုံရေးနဲ့သက်ဆိုင်တဲ့ Tools တွေကို ရွေးချယ်နိုင်ပြီး လုံခြုံရေး Checkup ကို မိနစ်အနည်းငယ်အတွင်းမှာပဲ သုံးချင်တဲ့ လုံခြုံရေးပိုင်းဆိုင်ရာ Feature တွေ အသုံးပြုနေကြောင်း စစ်ဆေးလို့ရမှာ ဖြစ်ပါတယ်” ဟု ဖေ့စ်ဘွတ်ခ်မြန်မာရဲ့ Policy Director, Ms MiaGarlick က မြန်မာတိုင်း(မ်)ကို မေ ၁ဝ ရက်က ပြောပါတယ်။

ယခုလအတွင်းမှာလည်း အချို့အနုပညာရှင်တွေရဲ့အကောင့်တွေကို ဟက်ကာတွေက ဝင်ဟက်ပြီး ဒေတာထိန်းသိမ်းမှုတွေ ပြုလုပ်ကာ ငွေကြေးအလှူတောင်းခံတဲ့ဖြစ်စဉ်တွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

ဒီလိုအွန်လိုင်းမှာ Hacking လုပ်ဆောင်မှုတွေကို ကာကွယ်နိုင်ဖို့ Cyber Law တွေ ပေါ်ပေါက်ရန် လိုအပ်တယ်လို့လည်း ဦးခွန်ဦးက ပြောပါတယ်။

Source:mmtimes

About the author

ShweLight

Leave a Comment