COMPUTER KNOWLEDGE

”ဂူးဂဲ ” (Google) တည္ေထာင္သူႏွစ္ဦးအေၾကာင္း သိေကာင္းစရာ

အခုေခတ္မွာ ကြန္ပ်ဳတာဖြင့္လုိက္တာနဲ႔ ” ဂူးဂဲ ” (Google) ဆိုတဲ့စကားလံုးကို ျမင္ေနၾကမို႔ လူတုိင္းရင္းႏွီးေနလာက္ပါျပီ။ ကြန္ပ်ုဳတာေလာကမွာ နာမည္ၾကီးတီထြင္သူမ်ားျဖစ္တဲ့ စတိေဂ်ာ့(Steve Jobs) ၊ ဘီလ္ဂိတ္( Bill Gates) တို႔ကိုေတာ့ သတင္းေတြ၊ဂ်ာနယ္ေတြမွာ အျမဲေဖာ္ျပေလ့႐ွိတာမို႔ လူတိုင္းမစိမ္းေတာ့ေပမယ့္ ဂူးဂဲ တည္ေထာင္သူႏွစ္ဦးကုိေတာ့ လူသိနည္းပါတယ္။ ဂူးဂဲတည္ေထာင္သူႏွစ္ဦး Sergey Brin နဲ႔ Larry Page တို႔ဟာ ပညာတတ္မိသားစုၾကား ၾကီးျပင္းလာခဲ့သူေတြျဖစ္ပါတယ္။ သူတို႔ႏွစ္ေယာက္က စတန္းဖို႔ဒ္တကၠသိုလ္္မွာ ကြန္ပ်ဳတာလုပ္ငန္းမ်ားနဲ႔ပတ္သတ္တဲ့သုေတသနေတြလုပ္ၾကရင္း ရင္းႏွီးသြားျပီး ဂူးဂဲကုမၸဏီကိုတည္ေထာင္ခဲ့ၾကတယ္။ စတင္တည္ေထာင္ခ်ိန္မွာ ၁၉၉၈ခုႏွစ္ ၊သူတို႔အသက္က ၂၄၊ ၂၅ သာ႐ွိပါေသးတယ္။ ကုမၸဏီဝင္ေငြက ၂၀၀၇ခုႏွစ္ထိေတာ့ ေဒၚလာ ၄.၂ ဘီလီယံ(ေပါင္ ၂.၁ ဘီလီယံ) လို႔သိရပါတယ္။

Sergey Brin

၁၉၇၃ခုႏွစ္ ၾသဂုတ္လ ၂၁ရက္ေန႔တြင္ ဆာဂ်ီကို ေမာ္စကို၊ ႐ု႐ွမွာေမြးဖြားခဲ့တယ္။ လက္႐ွိ Los Altos ,ကယ္လီဖိုးနီးယားမွာေနထုိင္ျပီး ဂ်ဴးေသြးေႏွာ႐ု႐ွားလူမ်ဳိးတစ္ေယာက္ျဖစ္ပါတယ္။ ဆာဂ်ီရဲ ႔အေဖက ဂ်ဳးျဖစ္ေနလို႔ ပညာေရးပုိင္းမွာတားဆီးပိတ္ဆို႔မႈလုပ္ခံခဲ့ရတယ္။ ၆ႏွစ္သားအရြယ္မွာ ဆိုဗီယက္ျပည္ေထာင္စုမွ အေမရိကန္သို႔ေျပာင္းေရႊ႕ေနထိုင္ခဲ့ပါတယ္။ သူ႔အေဖနဲ႔အဘိုးလိုပဲ ၁၉၉၃ခုႏွစ္မွာ သခ်ၤာနဲ႔ ကြန္ပ်ဳတာသိပံဘဲြ႔ကုိMaryland တကၠသိုလ္မွ ဘဲြ႔ရ႐ွိခဲ့ျပီး ၁၉၉၅ခုႏွစ္တြင္ Stanford University မွကြန္ပ်ဳတာသိပံၸေဒါက္တာဘဲြ႔ ဆက္လက္ယူခဲ့ပါတယ္။ စတန္းဖို႔ဒ္မွာ လာရီနဲ႔ေတြ႔ဆံုရင္းႏွီးခဲ့ျပီး Data Mining စနစ္ကုိသံုးကာ ပိုမိုေကာင္းမြန္တဲ့ Search Engine တစ္ခုကို ႏွစ္ေယာက္ေပါင္းျပဳလုပ္ခဲ့ၾကတယ္။ ” The Anatomy of a Large- Scale Hypertextual Web Search Engine” စာတမ္းကိုေရးျပီး သူတို႔ႏွစ္ေယာက္စိတ္ကူးစိတ္သန္းေတြကို ေပါင္းစပ္ကာ Search Engine အသစ္ကို စမ္းသပ္ခဲ့ၾကတယ္။ အေပါင္းအသင္းအခ်ဳိ ႔ဆီက အကူညီေတာင္းျပီး Server ၀ယ္ယူကာ Menlo Park မွာ ဂိုေဒါင္ေလးတစ္ခုငွားခဲ့ၾကပါတယ္။
၂၀၁၂မွာ အသက္၃၅ႏွစ္ေအာက္ ကမၻာ့အေကာင္းဆံုးတီထြင္သူအေယာက္ ၁၀၀ကို ေပးတဲ့ MIT Technology Review TR100 ကို လာရီနဲ႔အတူရ႐ွိခဲ့တဲ့အျပင္၂၀၀၃ခုႏွစ္မွာ IE စီးပြားေရးေက်ာင္းမွ ဂုဏ္ျပဳခ်ီးျမွင့္တဲ့ MBA ဆုကိုလည္းရ႐ွိခဲ့ပါတယ္။ Forbes မဂၢဇင္းမွာ ၂၀၁၂ခုႏွစ္တုန္းက အေမရိကန္ေဒၚလာ ၁၈.၇ဘီလီယံပုိင္ဆိုင္တဲ့ ကမၻာ့ ၂၄ေယာက္ေျမာက္အခ်မ္းသာဆံုးလူအျဖစ္ ဆာဂ်ီကိုသတ္မွတ္ထားခဲ့ပါတယ္။

Larry Page

၁၉၇၃ခုႏွစ္ မတ္လ ၂၆ရက္ေန႔တြင္ East Laning,Michigan ,U.S မွာ ဖြားျမင္ခဲ့ပါတယ္။ လာရီရဲ ႔အေဖေရာ အေမက Michigan University မွ ကြန္ပ်ဳတာသိပံၸပါေမာကၡေတြျဖစ္ပါတယ္။
Michigan University မွ Computer Engineering ၀ိဇၨာ(ဂုဏ္ထူး)ဘဲြ႔ရ႐ွိခဲ့ျပီး Stanford University မွ ကြန္ပ်ဳတာသိပံၸမဟာဘဲြ႔ရ႐ွိခဲ့ပါတယ္။ မၾကာမီ ဆာဂ်ီနဲ႔ ရင္းႏွီးခဲ့ၾကတယ္။
ငယ္ငယ္တည္းက တီထြင္ရတာကိုၾကိဳက္ႏွစ္သက္သူမို႔ ေဒါက္တာဘဲြ႔တက္ေရာက္ေနစဥ္မွာပဲ World Wide Web တြက္ခ်က္စြမ္းရည္ကို ၾကိဳးစား႐ွာေဖြရင္း Back-Rub သုေတသန
စာတမ္းကို ေရးသားခဲ့တယ္။ လာရီရဲ ႔ Back-Rubဟာ အခ်က္အလက္ ၁၀သန္းေက်ာ္ေလာက္႐ွိျပီး ၾကားထဲမွာ မေရမတြက္ႏိုင္ေသာLinks မ်ား႐ွိတဲ့ Web ျဖစ္တာေၾကာင့္ ဒီအခ်က္ေတြဟာ ဆာဂ်ီကိုဆဲြေဆာင္ႏိုင္ခဲ့တယ္။ လာရီနဲ႔ ဆာဂ်ီအတူပူးေပါင္းျပီး Back Link Data ေတြကို Web Page အတြက္ အေရးၾကီးတဲ့ေဆာင္ရြက္ခ်က္ေတြလုပ္ဖို႔ Page Rank Algorithm ကိုတီထြင္ခဲ့တယ္။႐ွိျပီးသား Search Engine ထက္ ပိုမိုေကာင္းမြန္တဲ့ လုပ္ေဆာင္ခ်က္တစ္ခုျဖစ္လာခဲ့တယ္။ ၁၉၉၆ခုႏွစ္ ၾသဂုတ္လမွာေတာ့ Stanford University Website မွာ Google Version အသစ္ကိုျပဳလုပ္ႏုိင္ခဲ့ပါတယ္။

၂၀၁၃ ေမလမွာ အေအးေၾကာင့္ လာရီရဲ ႔ညာဘက္အသံအေၾကာေသသြားျပီး ဘယ္ဘက္အေၾကာကေတာ့ ၁၉၉၉တည္းက အေၾကာေသေနေၾကာင္း Google+ Profile မွာေျပာခဲ့တယ္။ လာရီအေၾကာေသေရာဂါကုိ ခံစားေနရတာ ၁၄ႏွစ္႐ွိခဲ့ေပမယ့္ ဆရာ၀န္ေတြက သူ႔ရဲ ႔ေရာဂါဇစ္ျမစ္ကို ႐ွာေဖြလို႔မရခဲ့ဘူး။ အေမရိကန္ႏုိင္ငံ ၊ ေဘာ္စတြန္ျမိဳ ႔က Voice Health Institute မွာအသံေၾကာဆိုင္ရာသုတသေနအစီအစဥ္ေတြကို လာရီ ေငြလွဴဒါန္းခဲ့ေၾကာင္း Google+post မွာေဖာ္ျပထားခဲ့ပါတယ္။ ​

Reference: The Google Guys – Richard L.Brandt

Source: trend

  •  (Unicode)

အခုခေတ်မှာ ကွန်ပျုတာဖွင့်လိုက်တာနဲ့ ” ဂူးဂဲ ” (Google) ဆိုတဲ့စကားလုံးကို မြင်နေကြမို့ လူတိုင်းရင်းနှီးနေလာက်ပါပြီ။ ကွန်ပျုုတာလောကမှာ နာမည်ကြီးတီထွင်သူများဖြစ်တဲ့ စတိဂျော့(Steve Jobs) ၊ ဘီလ်ဂိတ်( Bill Gates) တို့ကိုတော့ သတင်းတွေ၊ဂျာနယ်တွေမှာ အမြဲဖော်ပြလေ့ရှိတာမို့ လူတိုင်းမစိမ်းတော့ပေမယ့် ဂူးဂဲ တည်ထောင်သူနှစ်ဦးကိုတော့ လူသိနည်းပါတယ်။ ဂူးဂဲတည်ထောင်သူနှစ်ဦး Sergey Brin နဲ့ Larry Page တို့ဟာ ပညာတတ်မိသားစုကြား ကြီးပြင်းလာခဲ့သူတွေဖြစ်ပါတယ်။ သူတို့နှစ်ယောက်က စတန်းဖို့ဒ်တက္ကသိုလ်မှာ ကွန်ပျုတာလုပ်ငန်းများနဲ့ပတ်သတ်တဲ့သုတေသနတွေလုပ်ကြရင်း ရင်းနှီးသွားပြီး ဂူးဂဲကုမ္ပဏီကိုတည်ထောင်ခဲ့ကြတယ်။ စတင်တည်ထောင်ချိန်မှာ ၁၉၉၈ခုနှစ် ၊သူတို့အသက်က ၂၄၊ ၂၅ သာရှိပါသေးတယ်။ ကုမ္ပဏီဝင်ငွေက ၂၀၀၇ခုနှစ်ထိတော့ ဒေါ်လာ ၄.၂ ဘီလီယံ(ပေါင် ၂.၁ ဘီလီယံ) လို့သိရပါတယ်။

Sergey Brin

၁၉၇၃ခုနှစ် သြဂုတ်လ ၂၁ရက်နေ့တွင် ဆာဂျီကို မော်စကို၊ ရုရှမှာမွေးဖွားခဲ့တယ်။ လက်ရှိ Los Altos ,ကယ်လီဖိုးနီးယားမှာနေထိုင်ပြီး ဂျူးသွေးနှောရုရှားလူမျိုးတစ်ယောက်ဖြစ်ပါတယ်။ ဆာဂျီရဲ့အဖေက ဂျုးဖြစ်နေလို့ ပညာရေးပိုင်းမှာတားဆီးပိတ်ဆို့မှုလုပ်ခံခဲ့ရတယ်။ ၆နှစ်သားအရွယ်မှာ ဆိုဗီယက်ပြည်ထောင်စုမှ အမေရိကန်သို့ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ သူ့အဖေနဲ့အဘိုးလိုပဲ ၁၉၉၃ခုနှစ်မှာ သင်္ချာနဲ့ ကွန်ပျုတာသိပံဘွဲ့ကိုMaryland တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၉၅ခုနှစ်တွင် Stanford University မှကွန်ပျုတာသိပ္ပံဒေါက်တာဘွဲ့ ဆက်လက်ယူခဲ့ပါတယ်။ စတန်းဖို့ဒ်မှာ လာရီနဲ့တွေ့ဆုံရင်းနှီးခဲ့ပြီး Data Mining စနစ်ကိုသုံးကာ ပိုမိုကောင်းမွန်တဲ့ Search Engine တစ်ခုကို နှစ်ယောက်ပေါင်းပြုလုပ်ခဲ့ကြတယ်။ ” The Anatomy of a Large- Scale Hypertextual Web Search Engine” စာတမ်းကိုရေးပြီး သူတို့နှစ်ယောက်စိတ်ကူးစိတ်သန်းတွေကို ပေါင်းစပ်ကာ Search Engine အသစ်ကို စမ်းသပ်ခဲ့ကြတယ်။ အပေါင်းအသင်းအချို့ဆီက အကူညီတောင်းပြီး Server ဝယ်ယူကာ Menlo Park မှာ ဂိုဒေါင်လေးတစ်ခုငှားခဲ့ကြပါတယ်။
၂၀၁၂မှာ အသက်၃၅နှစ်အောက် ကမ္ဘာ့အကောင်းဆုံးတီထွင်သူအယောက် ၁၀၀ကို ပေးတဲ့ MIT Technology Review TR100 ကို လာရီနဲ့အတူရရှိခဲ့တဲ့အပြင်၂၀၀၃ခုနှစ်မှာ IE စီးပွားရေးကျောင်းမှ ဂုဏ်ပြုချီးမြှင့်တဲ့ MBA ဆုကိုလည်းရရှိခဲ့ပါတယ်။ Forbes မဂ္ဂဇင်းမှာ ၂၀၁၂ခုနှစ်တုန်းက အမေရိကန်ဒေါ်လာ ၁၈.၇ဘီလီယံပိုင်ဆိုင်တဲ့ ကမ္ဘာ့ ၂၄ယောက်မြောက်အချမ်းသာဆုံးလူအဖြစ် ဆာဂျီကိုသတ်မှတ်ထားခဲ့ပါတယ်။

Larry Page

၁၉၇၃ခုနှစ် မတ်လ ၂၆ရက်နေ့တွင် East Laning,Michigan ,U.S မှာ ဖွားမြင်ခဲ့ပါတယ်။ လာရီရဲ့အဖေရော အမေက Michigan University မှ ကွန်ပျုတာသိပ္ပံပါမောက္ခတွေဖြစ်ပါတယ်။
Michigan University မှ Computer Engineering ဝိဇ္ဇာ(ဂုဏ်ထူး)ဘွဲ့ရရှိခဲ့ပြီး Stanford University မှ ကွန်ပျုတာသိပ္ပံမဟာဘွဲ့ရရှိခဲ့ပါတယ်။ မကြာမီ ဆာဂျီနဲ့ ရင်းနှီးခဲ့ကြတယ်။
ငယ်ငယ်တည်းက တီထွင်ရတာကိုကြိုက်နှစ်သက်သူမို့ ဒေါက်တာဘွဲ့တက်ရောက်နေစဉ်မှာပဲ World Wide Web တွက်ချက်စွမ်းရည်ကို ကြိုးစားရှာဖွေရင်း Back-Rub သုတေသန
စာတမ်းကို ရေးသားခဲ့တယ်။ လာရီရဲ့ Back-Rubဟာ အချက်အလက် ၁၀သန်းကျော်လောက်ရှိပြီး ကြားထဲမှာ မရေမတွက်နိုင်သောLinks များရှိတဲ့ Web ဖြစ်တာကြောင့် ဒီအချက်တွေဟာ ဆာဂျီကိုဆွဲဆောင်နိုင်ခဲ့တယ်။ လာရီနဲ့ ဆာဂျီအတူပူးပေါင်းပြီး Back Link Data တွေကို Web Page အတွက် အရေးကြီးတဲ့ဆောင်ရွက်ချက်တွေလုပ်ဖို့ Page Rank Algorithm ကိုတီထွင်ခဲ့တယ်။ရှိပြီးသား Search Engine ထက် ပိုမိုကောင်းမွန်တဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်လာခဲ့တယ်။ ၁၉၉၆ခုနှစ် သြဂုတ်လမှာတော့ Stanford University Website မှာ Google Version အသစ်ကိုပြုလုပ်နိုင်ခဲ့ပါတယ်။

၂၀၁၃ မေလမှာ အအေးကြောင့် လာရီရဲ့ညာဘက်အသံအကြောသေသွားပြီး ဘယ်ဘက်အကြောကတော့ ၁၉၉၉တည်းက အကြောသေနေကြောင်း Google+ Profile မှာပြောခဲ့တယ်။ လာရီအကြောသေရောဂါကို ခံစားနေရတာ ၁၄နှစ်ရှိခဲ့ပေမယ့် ဆရာဝန်တွေက သူ့ရဲ့ရောဂါဇစ်မြစ်ကို ရှာဖွေလို့မရခဲ့ဘူး။ အမေရိကန်နိုင်ငံ ၊ ဘော်စတွန်မြို့က Voice Health Institute မှာအသံကြောဆိုင်ရာသုတသနေအစီအစဉ်တွေကို လာရီ ငွေလှူဒါန်းခဲ့ကြောင်း Google+post မှာဖော်ပြထားခဲ့ပါတယ်။

Reference: The Google Guys – Richard L.Brandt

Source: trend

 

About the author

ShweLight

Leave a Comment