Shwe News

ကယ္ဆယ္ေရးသမားမ်ား ျပန္လည္ အကူအညီ ေတာင္းလိုက္ရတဲ့ ေမွာ္ဘီေက်ာင္းက ေသြးပ်က္ဖြယ္ရာ “ည”

### မွတ္မွတ္ ရရ ထို တည ###** ကယ္ဆယ္ေရးသမား မ်ား ျပန္၍ အကူအညီ ျပန္ေတာင္းရျခင္း ***

၂၆-၉-၂၀၁၈ ည ၁၀ နာရီ ၃၀ ခန္႔အခ်ိန္ စကားေျပာစက္ထဲ အသံၾကားလိုက္ရတယ္ မုတၱမ ေမွာ္ဘီ ေက်းရြာ တြင္ ရန္ျဖစ္ၾက၍ လူနာမ်ားပါတယ္တဲ့။ကၽြန္ေတာ္ တို႔ ေမာ္လၿမိဳင္ လူမႈကယ္ဆယ္ေရး အသင္းက 04 ထြက္ပါၿပီ တဲ့ လူနာမ်ားတဲ့အတြက္ လိုက္ထြက္ေပးၾကပါအံုးေပါ့။ရံုးကလည္း 06 နဲ႔ 05 ခ်က္ခ်င္း လိုက္ထြက္ပါၿပီ တဲ့။

OK ကၽြန္ေတာ္လည္း အိမ္ေရာက္ေနၿပီ ဆိုေတာ့ ေဆးရံုႀကီးမွာ ဝိုင္းေစာင့္ေပးမယ္ေပါ့ ဒါနဲ႔ပဲ ညအိပ္တဲ့ အဝတ္အစား နဲ႔ ခ်က္ခ်င္း ဆိုင္ကယ္ နဲ႔ လိုက္ထြက္ ေဆးရံုႀကီး မွာ ဝိုင္း ကူဖို႔ သြားေစာင့္တာေပါ့။ေဆးရံုေရာက္ေတာ့ လူေတြ အမ်ားႀကီး ေရာက္ေနၿပီ ဘာျဖစ္တာလည္း သတင္းေမးတာေပါ့ မုတၱမ ေမွာ္ဘီ ေက်းရြာက ရန္ျဖစ္ လူနာေတြပါတဲ့ ဒါနဲ႔ပဲ ထြက္သြားတဲ့ ကားေတြကိုယ္ ေနာက္ေၾကာင္းျပန္လွည့္ဖို႔ စက္နဲ႔ ျပန္ေခၚရတာေပါ့။06 ကေတာ့ ျပန္လွည့္လာတယ္ က်န္ ၂ စီး ကေတာ့ အေျခအေန ၾကည့္မယ္ ဆိုၿပီး ဆက္သြားလိုက္တယ္။

အဲ့ဒီ မွာ ေဆးရံုမွာ ရွိေနတဲ့ သူတေယာက္က အစ္ကို စကားေျပာခ်င္လို႔ ဆိုၿပီး ေဘးကို ထြက္သြားတယ္ ကၽြန္ေတာ္က ဘာလည္း ေပါ့ အကူအညီ ေတာင္းခ်င္လို႔တဲ့ ရြာထဲမွာ လူနာ က်န္ေသးတယ္ တဲ့ ကူညီပါတဲ့။ဒါနဲ႔ပဲ ရတာေပါ့ လူကယ္ဖို႔ ဖြဲ႕ထားတဲ့ အဖြဲ႕ပဲေလ ရတာေပါ့ ဘာျဖစ္လည္း သူက ဆက္ေျပာတယ္ အႏၲရာယ္ေတာ့ မ်ားတယ္ ေနာ္တဲ့ မ်ားလည္း ရတယ္ အစ္ကို ေပါ့။ဒါနဲ႔ပဲ သူက ဆက္ေျပာတယ္ မေၾကာက္နဲ႔တဲ့ သူ႔မွာ ေသနတ္ ပါတယ္တဲ့ ညီေလး တို႔ကိုယ္ တခုခု လုပ္ရင္ သူပစ္မယ္ တဲ့ OK ေပါ့ ရတယ္။

မုတၱမ အရင္ ရာဇာမင္း ဆီဆိုင္ေဘးက ေန သြားရတယ္ ေတာ္ေတာ္လည္း ဝင္ရပါတယ္။အရင္ေရာက္ေနတဲ့ ကား ၂ စီးကလည္း ေစာင့္ခိုင္းထားလို႔ ေစာင့္ေနပါတယ္ ေမွာ္ဘီ ေက်းရြာထဲလည္း ေရာက္ေရာ ေတြ႕ပါၿပီ ဗ်ာ။အရြယ္စံု က်ား မ အပ်ိဳ လူပ်ိဳ လူတိုင္းလက္ထဲမွာ ဓါးကိုယ္စီ နဲ႔ နည္းနည္းေတာ့ စေၾကာက္လာၿပီ ဒါေပမယ့္ ဆိုဒ္ နဲ႔ေပါ့ ဗ်ာ ဒဏ္ရာ ရထားတဲ့ သူ ဘယ္မွာလည္း ေမးရတာေပါ့ မသိဘူးတဲ့။အဲ့ဒီ အခ်ိန္မွာ ကၽြန္ေတာ္တို႔ကိုယ္ ေခၚလာတဲ့ ဟိုလူႀကီးလည္း လွည့္ေျပးသြားၿပီ မရွိေတာ့ဘူး။ဒါနဲ႔ပဲ ေမးျမန္းရင္း နဲ႔ ဘုန္းႀကီးေက်ာင္းထဲ ေရာက္သြားတယ္ ေတြ႕ပါၿပီ လူနာေတြ ၅ ေယာက္ အမ်ိဳးသား လူနာ တစ္ဦး ကေတာ့ ဓါးထိုးခံ ထိထားတယ္ အသက္အႏၲရာယ္ ေတာ့ မရွိပါဘူး ေသြားေတာ့ထြက္ေနတယ္ ဒါနဲ႔ပဲ လုပ္စရာရွိတာ လုပ္ၾကတာေပါ့။

အားလံုးၿပီးတာနဲ႔ လူနာေတြ ကားေပၚတင္တာေပါ့ ရြာထဲ ဝင္ေတာ့ ကားက ၂ စီးပဲ ပါသြားတယ္ 06 နဲ႔ 04 လူနာ ၅ ေယာက္ အဆင္ေျပေအာင္ တင္ရတာေပါ့ တင္ၿပီးလို႔ ထြက္မယ္လည္း ဆိုေရာ ဘုန္းႀကီးေက်ာင္းထိပ္ကေန လွမ္းေျပာတယ္ မင္းတို႔ အဲ့လူေတြ တင္ၿပီး ထြက္လာရဲရင္ ထြက္ၾကည့္တဲ့ မင္းတို႔ ကားပါ ေခ်လိုက္မယ္တဲ့။

ဘုန္းႀကီးေက်ာင္းထဲမွာ ရွိတဲ့ လူနာေတြ ေရာ အမ်ိဳးသမီး ေတြေရာ ငိုၿပီး တားၾကတယ္ မထြက္ပါနဲ႔တဲ့ တကယ္လုပ္မွာတဲ့ ကၽြန္ေတာ္တို႔ လူလာကယ္တာေလ ေပါ့ ခုျဖစ္ေနၾကတဲ့ ျပသာနာ နဲ႔လည္း မဆိုင္ဘူး သိလည္း မသိခ်င္ဘူးလို႔ ကၽြန္ေတာ္တို႔ လူကယ္ၿပီးရင္ ျပန္မယ္ေပါ့ အဲ့ဒါနဲ႔ပဲ အျပင္ကေန ခဲ နဲ႔ ထုပါေလေရာ ဘုန္းႀကီးေက်ာင္းေပၚ ေျပးတက္ၾကတာေပါ့။

ေက်ာင္းေပၚလည္း ေရာက္ေရာ မျပင္ကေန မီးပါျဖတ္လိုက္ၾကတယ္ ခုဏ ကထက္ နည္းနည္းေလး ပိုေၾကာက္လာတာေပါ့ ကယ္ဆယ္ေရးဂသမားလည္း လူပဲေလ ေနာ္။အျပင္ကေနလည္း အသံမ်ိဳးစံု နဲ႔ ေအာ္ေနၾကတယ္ ထြက္လာရဲတဲ့ေကာင္ ထြက္လာ ႐ိုက္သတ္ လိုက္မယ္ ေပါ့ ရံုးမွာ က်န္ခဲ့တဲ့ သူေတြလည္း သိကုန္ေတာ့ အားလံုးလည္း စိတ္ပူေနၾကၿပီ ဝင္လာလို႔လည္း မရ ။

ကၽြန္ေတာ္ တို႔ ရြာထဲ ကိုယ္ ေရာက္တဲ့ အခ်ိန္က ခန္႔မွန္းေျခ ၁၀ နာရီ ၄၅ မိနစ္ ေလာက္ေတာ့ ရွိမယ္ အခ်ိန္ ကလည္း ၾကာလာၿပီ အားလံုးလည္း စိတ္ပူေနၾကၿပီ ဘာလုပ္ၾကမလည္း ေပါ့ ဒါနဲ႔ပဲ အျပင္က လူေတြ နဲ႔ စကားသြားေျပာၾကည့္မယ္ေပါ့ သူတို႔က ေျပာတယ္ မင္းတို႔ ျပန္ခ်င္ရင္ ျပန္တဲ့ အဲ့ဒီ ဘုန္းႀကီးေက်ာင္းေပၚက လူတေယာက္ မင္းတို႔ ကားေပၚပါသြားလို႔ကေတာ့ အားလံုး အေသ ပဲတဲ့။

အျပင္ မွာေစာင့္ေနတဲ့ လူေတြ နဲ႔ စကားေျပာၾကည့္ေတာ့ လံုျခံဳေရး စိတ္ခ်မွ ျပန္ထြက္လာပါတဲ့ ကၽြန္ေတာ္က ေမးတာေပါ့ ဘယ္သူလာကယ္ မွာလည္း ေပါ့ ရဲ လား စစ္တပ္ လားေပါ့ ဒီေလာက္ေတာင္ တရြာလံုး ဒုတ္ ဓါးေတြ ကိုင္ၿပီး ေသာင္းက်န္းေနၾကတာ ဘယ္သူမွ မလာဘူး လားေပါ့ အခ်ိန္ကလည္း မနက္ ၁ နာရီ ထိုးၿပီေလ။အဲ့လူေတြ မရွိၾကဘူးတဲ့ ေအာ္ သနားစရာေကာင္းတဲ့ ကယ္ဆယ္ေရး သမားေတြ ဘဝ။မည္သူ႔ကိုမဆို ကယ္တဲ့သူေတြ ဒုကၡေရာက္ၾကေတာ့ ျပန္ကယ္မယ့္သူ ဘယ္သူမွ မရွိဘူးေလ ခဏ ေနေတာ့ဖုန္းဆက္လာၾကတယ္ မင္းတို႔ကိုယ္ ကယ္မယ့္သူေတြ လာေနၿပီတဲ့ ေပ်ာ္လိုက္တာေလ အိမ္ျပန္ရေတာ့မယ္ ေပါ့။လာကယ္ၾကပါတယ္ BGF က သူေတြ ေက်းဇူးတင္ပါတယ္ ဗ်ာ။

သူတို႔ ေတြရဲ႕ ေက်းဇူးနဲ႔ ဒုတ္ဓါး လက္နက္ ကိုင္ထားတဲ့ လူ တစ္ရာေလာက္ကိုယ္ ျဖတ္ေက်ာ္ၿပီး မနက္ ၁နာရီ ၃၀ မိနစ္ အခ်ိန္မွာ ကၽြန္ေတာ္ တို႔ ေမာ္လၿမိဳင္ လူမႈကယ္ဆယ္ေရး အသင္းမွ ၁၆ ေယာက္ ေအးျမၾကည္လင္ ကယ္ဆယ္ေရး အသင္းမွ ဆရာေတာ္ အပါအဝင္ ၄ ေယာက္ စုစုေပါင္း ကယ္ဆယ္ေရး သမား အေယာက္ ၂၀ ေဘးကင္းလံုျခံဳ စြာနဲ႔ မုတၱမ ၿမိဳ႕ ေမွာ္ဘီေက်းရြာ ရြာထိပ္ကိုယ္ ျပန္လည္ ေရာက္ရွိလာပါတယ္ဗ်ာ။ကိုယ္ေတြ႕ ျဖစ္ရပ္ေလးပါ ကယ္ဆယ္ေရးသမား ၃ ႏွစ္ တာ ကာလ အတြင္းမွာ ပထမ ဦးဆံုး ကိုယ္ေတြ႕ အေတြ႕အၾကံဳေလးပါ။(လူနာ မ်ားကိုယ္ေတာ့ ကယ္ထုတ္မလာႏိုင္တာကိုယ္ေတာ့ ဝမ္းနည္းမိပါတယ္။) Credit: ေက်ာ္စြာဟိန္း… Mawlamyine RESCUE အေရးေပၚလူမႈကယ္ဆယ္ေရးအဖြဲ႕။

  • Unicode

### မှတ်မှတ် ရရ ထို တည ###** ကယ်ဆယ်ရေးသမား များ ပြန်၍ အကူအညီ ပြန်တောင်းရခြင်း ***

၂၆-၉-၂၀၁၈ ည ၁၀ နာရီ ၃၀ ခန့်အချိန် စကားပြောစက်ထဲ အသံကြားလိုက်ရတယ် မုတ္တမ မှော်ဘီ ကျေးရွာ တွင် ရန်ဖြစ်ကြ၍ လူနာများပါတယ်တဲ့။ကျွန်တော် တို့ မော်လမြိုင် လူမှုကယ်ဆယ်ရေး အသင်းက 04 ထွက်ပါပြီ တဲ့ လူနာများတဲ့အတွက် လိုက်ထွက်ပေးကြပါအုံးပေါ့။ရုံးကလည်း 06 နဲ့ 05 ချက်ချင်း လိုက်ထွက်ပါပြီ တဲ့။

OK ကျွန်တော်လည်း အိမ်ရောက်နေပြီ ဆိုတော့ ဆေးရုံကြီးမှာ ဝိုင်းစောင့်ပေးမယ်ပေါ့ ဒါနဲ့ပဲ ညအိပ်တဲ့ အဝတ်အစား နဲ့ ချက်ချင်း ဆိုင်ကယ် နဲ့ လိုက်ထွက် ဆေးရုံကြီး မှာ ဝိုင်း ကူဖို့ သွားစောင့်တာပေါ့။ဆေးရုံရောက်တော့ လူတွေ အများကြီး ရောက်နေပြီ ဘာဖြစ်တာလည်း သတင်းမေးတာပေါ့ မုတ္တမ မှော်ဘီ ကျေးရွာက ရန်ဖြစ် လူနာတွေပါတဲ့ ဒါနဲ့ပဲ ထွက်သွားတဲ့ ကားတွေကိုယ် နောက်ကြောင်းပြန်လှည့်ဖို့ စက်နဲ့ ပြန်ခေါ်ရတာပေါ့။06 ကတော့ ပြန်လှည့်လာတယ် ကျန် ၂ စီး ကတော့ အခြေအနေ ကြည့်မယ် ဆိုပြီး ဆက်သွားလိုက်တယ်။

အဲ့ဒီ မှာ ဆေးရုံမှာ ရှိနေတဲ့ သူတယောက်က အစ်ကို စကားပြောချင်လို့ ဆိုပြီး ဘေးကို ထွက်သွားတယ် ကျွန်တော်က ဘာလည်း ပေါ့ အကူအညီ တောင်းချင်လို့တဲ့ ရွာထဲမှာ လူနာ ကျန်သေးတယ် တဲ့ ကူညီပါတဲ့။ဒါနဲ့ပဲ ရတာပေါ့ လူကယ်ဖို့ ဖွဲ့ထားတဲ့ အဖွဲ့ပဲလေ ရတာပေါ့ ဘာဖြစ်လည်း သူက ဆက်ပြောတယ် အန္တရာယ်တော့ များတယ် နော်တဲ့ များလည်း ရတယ် အစ်ကို ပေါ့။ဒါနဲ့ပဲ သူက ဆက်ပြောတယ် မကြောက်နဲ့တဲ့ သူ့မှာ သေနတ် ပါတယ်တဲ့ ညီလေး တို့ကိုယ် တခုခု လုပ်ရင် သူပစ်မယ် တဲ့ OK ပေါ့ ရတယ်။

မုတ္တမ အရင် ရာဇာမင်း ဆီဆိုင်ဘေးက နေ သွားရတယ် တော်တော်လည်း ဝင်ရပါတယ်။အရင်ရောက်နေတဲ့ ကား ၂ စီးကလည်း စောင့်ခိုင်းထားလို့ စောင့်နေပါတယ် မှော်ဘီ ကျေးရွာထဲလည်း ရောက်ရော တွေ့ပါပြီ ဗျာ။အရွယ်စုံ ကျား မ အပျို လူပျို လူတိုင်းလက်ထဲမှာ ဓါးကိုယ်စီ နဲ့ နည်းနည်းတော့ စကြောက်လာပြီ ဒါပေမယ့် ဆိုဒ် နဲ့ပေါ့ ဗျာ ဒဏ်ရာ ရထားတဲ့ သူ ဘယ်မှာလည်း မေးရတာပေါ့ မသိဘူးတဲ့။အဲ့ဒီ အချိန်မှာ ကျွန်တော်တို့ကိုယ် ခေါ်လာတဲ့ ဟိုလူကြီးလည်း လှည့်ပြေးသွားပြီ မရှိတော့ဘူး။ဒါနဲ့ပဲ မေးမြန်းရင်း နဲ့ ဘုန်းကြီးကျောင်းထဲ ရောက်သွားတယ် တွေ့ပါပြီ လူနာတွေ ၅ ယောက် အမျိုးသား လူနာ တစ်ဦး ကတော့ ဓါးထိုးခံ ထိထားတယ် အသက်အန္တရာယ် တော့ မရှိပါဘူး သွေားတော့ထွက်နေတယ် ဒါနဲ့ပဲ လုပ်စရာရှိတာ လုပ်ကြတာပေါ့။

အားလုံးပြီးတာနဲ့ လူနာတွေ ကားပေါ်တင်တာပေါ့ ရွာထဲ ဝင်တော့ ကားက ၂ စီးပဲ ပါသွားတယ် 06 နဲ့ 04 လူနာ ၅ ယောက် အဆင်ပြေအောင် တင်ရတာပေါ့ တင်ပြီးလို့ ထွက်မယ်လည်း ဆိုရော ဘုန်းကြီးကျောင်းထိပ်ကနေ လှမ်းပြောတယ် မင်းတို့ အဲ့လူတွေ တင်ပြီး ထွက်လာရဲရင် ထွက်ကြည့်တဲ့ မင်းတို့ ကားပါ ချေလိုက်မယ်တဲ့။

ဘုန်းကြီးကျောင်းထဲမှာ ရှိတဲ့ လူနာတွေ ရော အမျိုးသမီး တွေရော ငိုပြီး တားကြတယ် မထွက်ပါနဲ့တဲ့ တကယ်လုပ်မှာတဲ့ ကျွန်တော်တို့ လူလာကယ်တာလေ ပေါ့ ခုဖြစ်နေကြတဲ့ ပြသာနာ နဲ့လည်း မဆိုင်ဘူး သိလည်း မသိချင်ဘူးလို့ ကျွန်တော်တို့ လူကယ်ပြီးရင် ပြန်မယ်ပေါ့ အဲ့ဒါနဲ့ပဲ အပြင်ကနေ ခဲ နဲ့ ထုပါလေရော ဘုန်းကြီးကျောင်းပေါ် ပြေးတက်ကြတာပေါ့။

ကျောင်းပေါ်လည်း ရောက်ရော မပြင်ကနေ မီးပါဖြတ်လိုက်ကြတယ် ခုဏ ကထက် နည်းနည်းလေး ပိုကြောက်လာတာပေါ့ ကယ်ဆယ်ရေးဂသမားလည်း လူပဲလေ နော်။အပြင်ကနေလည်း အသံမျိုးစုံ နဲ့ အော်နေကြတယ် ထွက်လာရဲတဲ့ကောင် ထွက်လာ ရိုက်သတ် လိုက်မယ် ပေါ့ ရုံးမှာ ကျန်ခဲ့တဲ့ သူတွေလည်း သိကုန်တော့ အားလုံးလည်း စိတ်ပူနေကြပြီ ဝင်လာလို့လည်း မရ ။

ကျွန်တော် တို့ ရွာထဲ ကိုယ် ရောက်တဲ့ အချိန်က ခန့်မှန်းခြေ ၁၀ နာရီ ၄၅ မိနစ် လောက်တော့ ရှိမယ် အချိန် ကလည်း ကြာလာပြီ အားလုံးလည်း စိတ်ပူနေကြပြီ ဘာလုပ်ကြမလည်း ပေါ့ ဒါနဲ့ပဲ အပြင်က လူတွေ နဲ့ စကားသွားပြောကြည့်မယ်ပေါ့ သူတို့က ပြောတယ် မင်းတို့ ပြန်ချင်ရင် ပြန်တဲ့ အဲ့ဒီ ဘုန်းကြီးကျောင်းပေါ်က လူတယောက် မင်းတို့ ကားပေါ်ပါသွားလို့ကတော့ အားလုံး အသေ ပဲတဲ့။

အပြင် မှာစောင့်နေတဲ့ လူတွေ နဲ့ စကားပြောကြည့်တော့ လုံခြုံရေး စိတ်ချမှ ပြန်ထွက်လာပါတဲ့ ကျွန်တော်က မေးတာပေါ့ ဘယ်သူလာကယ် မှာလည်း ပေါ့ ရဲ လား စစ်တပ် လားပေါ့ ဒီလောက်တောင် တရွာလုံး ဒုတ် ဓါးတွေ ကိုင်ပြီး သောင်းကျန်းနေကြတာ ဘယ်သူမှ မလာဘူး လားပေါ့ အချိန်ကလည်း မနက် ၁ နာရီ ထိုးပြီလေ။အဲ့လူတွေ မရှိကြဘူးတဲ့ အော် သနားစရာကောင်းတဲ့ ကယ်ဆယ်ရေး သမားတွေ ဘဝ။မည်သူ့ကိုမဆို ကယ်တဲ့သူတွေ ဒုက္ခရောက်ကြတော့ ပြန်ကယ်မယ့်သူ ဘယ်သူမှ မရှိဘူးလေ ခဏ နေတော့ဖုန်းဆက်လာကြတယ် မင်းတို့ကိုယ် ကယ်မယ့်သူတွေ လာနေပြီတဲ့ ပျော်လိုက်တာလေ အိမ်ပြန်ရတော့မယ် ပေါ့။လာကယ်ကြပါတယ် BGF က သူတွေ ကျေးဇူးတင်ပါတယ် ဗျာ။

သူတို့ တွေရဲ့ ကျေးဇူးနဲ့ ဒုတ်ဓါး လက်နက် ကိုင်ထားတဲ့ လူ တစ်ရာလောက်ကိုယ် ဖြတ်ကျော်ပြီး မနက် ၁နာရီ ၃၀ မိနစ် အချိန်မှာ ကျွန်တော် တို့ မော်လမြိုင် လူမှုကယ်ဆယ်ရေး အသင်းမှ ၁၆ ယောက် အေးမြကြည်လင် ကယ်ဆယ်ရေး အသင်းမှ ဆရာတော် အပါအဝင် ၄ ယောက် စုစုပေါင်း ကယ်ဆယ်ရေး သမား အယောက် ၂၀ ဘေးကင်းလုံခြံု စွာနဲ့ မုတ္တမ မြို့ မှော်ဘီကျေးရွာ ရွာထိပ်ကိုယ် ပြန်လည် ရောက်ရှိလာပါတယ်ဗျာ။ကိုယ်တွေ့ ဖြစ်ရပ်လေးပါ ကယ်ဆယ်ရေးသမား ၃ နှစ် တာ ကာလ အတွင်းမှာ ပထမ ဦးဆုံး ကိုယ်တွေ့ အတွေ့အကြံုလေးပါ။(လူနာ များကိုယ်တော့ ကယ်ထုတ်မလာနိုင်တာကိုယ်တော့ ဝမ်းနည်းမိပါတယ်။) Credit: ကျော်စွာဟိန်း… Mawlamyine RESCUE အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့။

About the author

ilove

Leave a Comment