KNOWLEDGE MOBILE Review

စမတ္ဖုန္းအသစ္တစ္လံုး ၀ယ္ယူတဲ့အခါ မလုပ္သင့္တဲ့ အခ်က္ ၅ခ်က္။

ဖုန္းအသစ္၀ယ္ဖို႕အတြက္ စဥ္းစားရတာက စိတ္လႈပ္ရွားစရာေကာင္းသလို စိတ္ညစ္စရာလည္း ျဖစ္ပါတယ္။ ေရြးခ်ယ္စရာေတြ အမ်ားအျပားရွိတဲ့အျပင္ ကိုယ္နဲ႕သင့္ေတာ္မယ့္ဖုန္းတစ္လံုးကို ေရြးခ်ယ္ဖို႕ကေတာ့ အရမ္းကို ခက္ခဲပါတယ္။

ဘယ္ဖုန္းကို ေရြးခ်ယ္ဖို႕သင့္ေတာ္မလဲဆိုတာ ဆံုးျဖတ္တဲ့အခါ သင့္အေနနဲ႕ သိထားသင့္တာေလးေတြ ရွိပါတယ္။ ဖုန္းအေနနဲ႕ ေစ်းၾကီးႏုိင္တယ္ဆိုေပမယ့္လည္း သင့္အေနနဲ႕ တစ္ႏွစ္ ႏွစ္ႏွစ္ေလာက္ သံုးလို႕ရမယ္ဆုိရင္ မေကာင္းဘူးလား။

ကၽြန္ေတာ့အေနနဲ႕ သင့္ကို ဘယ္ဖုန္းကသင့္ေတာ္သလဲဆိုတာ ေျပာသြားမွာ မဟုတ္ပါဘူး။ လူတုိင္းမွာ လိုအပ္ခ်က္ေတြနဲ႕ ဆႏၵေတြက မတူညီၾကပါဘူး။ သင့္ရဲ႕ မွားယြင္းသြားႏုိင္တဲ့ အယူအဆ၊ ေရြးခ်ယ္မႈကို အခက္ေတြ႕ေစႏုိင္တဲ့ အခ်က္ေတြကို ေရွာင္ရွားဖုိ႕အတြက္ ကူညီေပးရံုသက္သက္ပါ။

၁။ ေငြအရမ္း သံုးျခင္း

သင္တတ္ႏုိင္တာထက္ မ်ားတဲ့ပမာဏကို အသံုးျပဳဖုိ႕အတြက္ ႏုိးလို႕ ေျပာလိုက္ပါ။ ဖုန္းတစ္လံုးကို မ၀ယ္ခင္မွာ သင့္အေနနဲ႕ ေငြပမာဏကို အရင္ခ်ိန္ဆထားရမွာပါ။

ေငြပမာဏကို ခ်ိန္ဆထားျခင္းက ခက္ခဲတဲ့အရာတစ္ခု မဟုတ္ေပမယ့္လည္း အေကာင္းဆံုးေရြးခ်ယ္မႈေတြကို ေရြးခ်ယ္ေစႏုိင္ျပီး သင့္ရဲ႕ ေရြးခ်ယ္မႈကို ေဘာင္ကန္႕သတ္ေပးပါတယ္။ သင္က သံုးသိန္းေလာက္ တတ္ႏိုင္တယ္ဆိုရင္ ဒီထက္ေစ်းမ်ားတဲ့ဖုန္းေတြကို မစဥ္းစားပါနဲ႕။

စမတ္ဖုန္းေတြဟာ အရမ္းမိုက္တယ္ဆိုတာ ကၽြန္ေတာ္သိပါတယ္။ ကၽြန္ေတာ္တို႕အားလံုးက ေစ်းအၾကီးဆံုးနဲ႕ ေနာက္ဆံုးေပၚ feature ေတြကို အသံုးျပဳခ်င္ၾကတာပဲမလား။ ဒါေပမယ့္လညး္ ဒီထက္အေရးပါတဲ့အရာေတြက ဘ၀မွာ ရွိေနေသးတယ္မဟုတ္လား။ အဲဒီလိုေစ်းၾကီးတဲ့စမတ္ဖုန္းကို ၀ယ္ယူျပီးေနာက္မွာ သင္ရင္ဆုိင္ရမယ့္ အခက္အခဲေတြ အမ်ားၾကီး ရွိေနပါေသးတယ္။

၂။ Brand အစြဲရွိသူ

မွားတတ္တဲ့အမွားတစ္ခုကေတာ့ Brand အစြဲရွိတဲ့သူပါပဲ။ ဒါဟာ လူသိမ်ားတဲ့ Brand ေတြကိုပဲ စဥ္းစားေစမိျပီးေတာ့ တျခားအရာေတြကို မၾကည့္ျဖစ္ေအာင္ လုပ္ထားလိုက္တာပါ။

OnePlus လိုမ်ိဳးကလည္း သင့္တင့္တဲ့ေစ်းႏႈန္းနဲ႕ ဖုန္းေတြကို ထုတ္လုပ္ေပးေနတဲ့ လုပ္ငန္းတစ္ခု ျဖစ္ပါတယ္။ မၾကာေသးခင္က ေၾကညာထားတဲ့ OnePlus 5T ဆိုတာကလည္း ေဒၚလာ ၂၂၅ ေလာက္သာရွိျပီးေတာ့ Samsung Galaxy S8 ထက္ ေစ်းသက္သာျပီးေတာ့ လုပ္ေဆာင္ခ်က္ေတြလည္း ေကာင္းမြန္ပါတယ္။ 5T ဟာ RAM မ်ားမ်ားပါ၀င္တယ္၊ dual-SIM သံုးလို႕ရတယ္။ dual-camera setup ကိုလည္း ေတြ႕ရပါတယ္။

စမတ္ဖုန္းတစ္လံုးအသစ္၀ယ္ယူတဲ့အခါမွာ စိတ္ကိုဖြင့္ထားဖို႕ လိုပါတယ္။ စမတ္ဖုန္းထုတ္လုပ္သူအၾကီးစားၾကီးေတြဟာ လုပ္ငန္းအေသးေတြထက္ အရည္အေသြးေကာင္းမြန္တယ္လို႕ အျမဲမယူဆထားပါနဲ႕။ အဲဒီလို မဟုတ္ပါဘူး။

Samsung ၊ LG နဲ႕ အျခားေသာလုပ္ငန္းၾကီးေတြထံကေန မ၀ယ္သင့္ဘူးလို႕ ေျပာတာမဟုတ္ပါဘူး။ Brand အတြက္ ပရီမီယမ္ဖုိး ေပးလိုက္ရဦးမွာဆိုတာကိုလည္း ထည့္သြင္းစဥ္းစားပါ။ Honor ၊ Xiaomi ၊ Oppo နဲ႕ OnePlus တို႕ဆီကေနလည္း ေကာင္းမြန္တဲ့ စမတ္ဖုန္းေတြ ရႏုိင္ပါေသးတယ္။

၃။ သင့္လိုအပ္ခ်က္ကို ျဖည့္ဆည္းေပးႏုိင္သလား

ဖုန္းတစ္လံုးကို မ်က္စိက်ေနျပီဆိုရင္ေတာ့ အဲဒီဖုန္းရဲ႕ အေသးစိတ္အခ်က္အလက္ေတြနဲ႕ feature ေတြကို ေသခ်ာေလးၾကည့္ဖို႕လိုပါတယ္။ တတ္သိတဲ့သူကို ေခၚသြားတာလည္း အေကာင္းဆံုးနည္းလမ္းတစ္ခုပါပဲ။

စာရြက္တစ္ရြက္မွာ သင္လိုခ်င္တဲ့ feature ေတြကို ေရးခ်ထားလိုက္ပါ။ ကင္မရာေကာင္းေကာင္း၊ ဘတ္ထရီေကာင္းေကာင္း၊ ၾကိဳးမဲ့အားသြင္းစနစ္၊ storeage ခ်ဲ႕ႏုိင္ျခင္း၊ အနားသတ္ေဘာင္နည္းဒီဇုိင္း စတဲ့အခ်က္ေတြထဲက ဘယ္တစ္ခုက သင့္အတြက္ အေရးပါဆံုးလဲ။ ဒီလိုလုပ္ျခင္းဟာ သင့္ရဲ႕ေ၀ခြဲမရျခင္းေတြကို အဆံုးသတ္သြားေစမွာပါ။ ဒါဆိုရင္ေတာ့ ဘယ္ဖုန္းက သင္လိုခ်င္တာေပးႏုိင္သလဲဆိုတာ ေပၚလြင္သြားပါျပီ။

ဆင္တူတဲ့ဖုန္းေတြအၾကား ဆံုးျဖတ္ရတာလည္း လြယ္ကူသြားေစပါတယ္။ ဥပမာ LG G6 နဲ႕ Samsung Galaxy S8 တို႕လိုေပါ့။ သတိထားရမွာက သင့္ရဲ႕သတ္မွတ္ထားတဲ့ ေငြပမာဏကို ေက်ာ္လြန္မသြားပါေစနဲ႕။

၄။ သက္တမ္းရင့္စမတ္ဖုန္းမ်ားကို အထင္ေသးျခင္း

ဒါကလည္း မွားေလ့ရွိပါတယ္။ မလုပ္ပါနဲ႕။ တစ္ႏွစ္ေလာက္ၾကာသြားတဲ့စမတ္ဖုန္းဟာ သင္ရွာေနတဲ့ feature ေတြကို ေပးႏုိင္ပါေသးတယ္။

ေနာက္ဆံုးထြက္စမတ္ဖုန္းေတြဆိုတာ သူတို႕ရဲ႕အရင္ထြက္စမတ္ဖုန္းေတြထက္ အျမဲတမ္းေကာင္းတယ္ဆိုတာ မဟုတ္ပါဘူး။ တစ္ခါတစ္ေလ ဒီဇုိင္းေျပာင္းတာမ်ိဳး၊ နည္းနည္းေလးေလာက္သာ ျပင္ဆင္ထားတာမ်ိဳးလည္း လုပ္တတ္ၾကပါတယ္။ ဒီေတာ့ ေနာက္ဆံုးထြက္ ဟန္းဆက္မျဖစ္လည္း ရတယ္ဆိုရင္ တစ္ႏွစ္ ႏွစ္ႏွစ္ေလာက္ရွိတဲ့ သက္တမ္းရင့္ စမတ္ဖုန္းကလည္း သင့္ေငြပမာဏကို သက္သာေအာင္ ေဆာင္ရြက္ေပးႏုိင္ေလာက္ပါတယ္။

Galaxy S8 အစား Galaxy S7 Edge ကို ၀ယ္ယူတာမ်ိဳးေပါ့။ ဒါဆိုရင္ ေဒၚလာ၇၂၅ ကေန ေဒၚလာ ၅၀၀ ျဖစ္သြားပါျပီ။

S7 Edge မွာ 18:9 display ၊ selfie ေကာင္းေကာင္းရိုက္ႏုိင္ျခင္း စတာေတြ လုပ္ႏုိင္ပါေသးတယ္။

စမတ္ဖုန္းေစ်းကြက္ထဲမွာ အေဟာင္းေတြလည္း ေကာင္းေသးတယ္ဆိုတာကို ေျပာခ်င္တာပါ။

၅။ အခ်ိန္အခါကို မၾကည့္ျခင္း

ေစ်းႏႈန္းေတြဟာ ေရာင္းခ်တဲ့သူအေပၚမွာ မူတည္ေနပါတယ္။ ပထမဆံုး၀င္လိုက္တဲ့ ဆိုင္မွာပဲ ၀ယ္ယူျခင္းကလည္း အမွားတစ္ခုပါပဲ။

ဒီေတာ့ အဲဒီစမတ္ဖုန္းကို လိုခ်င္တာေသခ်ာျပီဆိုရင္ ေစ်းႏႈန္းအနည္းဆံုးကို ဘယ္ဆိုင္ကေပးႏုိင္သလဲဆိုတာကိုလည္း လိုက္စံုစမ္းသင့္ပါတယ္။ ဥပမာ shop.com.mm တို႕ ဘာတို႕မွာ ေလွ်ာ့ေစ်းခ်တာမ်ိဳး၊ ႏွစ္သစ္ကူး၊ ဒီဇင္ဘာ၊ သီတင္းကၽြတ္ စတဲ့အခ်ိန္အခါေတြကိုလည္း ထည့္သြင္းစဥ္းစားသင့္ပါတယ္။

7techlover.org (နည္းပညာခ်စ္သူ)

Source: myanmarmobileapp

  • (Unicode)

ဖုန်းအသစ်ဝယ်ဖို့အတွက် စဉ်းစားရတာက စိတ်လှုပ်ရှားစရာကောင်းသလို စိတ်ညစ်စရာလည်း ဖြစ်ပါတယ်။ ရွေးချယ်စရာတွေ အများအပြားရှိတဲ့အပြင် ကိုယ်နဲ့သင့်တော်မယ့်ဖုန်းတစ်လုံးကို ရွေးချယ်ဖို့ကတော့ အရမ်းကို ခက်ခဲပါတယ်။

ဘယ်ဖုန်းကို ရွေးချယ်ဖို့သင့်တော်မလဲဆိုတာ ဆုံးဖြတ်တဲ့အခါ သင့်အနေနဲ့ သိထားသင့်တာလေးတွေ ရှိပါတယ်။ ဖုန်းအနေနဲ့ ဈေးကြီးနိုင်တယ်ဆိုပေမယ့်လည်း သင့်အနေနဲ့ တစ်နှစ် နှစ်နှစ်လောက် သုံးလို့ရမယ်ဆိုရင် မကောင်းဘူးလား။

ကျွန်တော့အနေနဲ့ သင့်ကို ဘယ်ဖုန်းကသင့်တော်သလဲဆိုတာ ပြောသွားမှာ မဟုတ်ပါဘူး။ လူတိုင်းမှာ လိုအပ်ချက်တွေနဲ့ ဆန္ဒတွေက မတူညီကြပါဘူး။ သင့်ရဲ့ မှားယွင်းသွားနိုင်တဲ့ အယူအဆ၊ ရွေးချယ်မှုကို အခက်တွေ့စေနိုင်တဲ့ အချက်တွေကို ရှောင်ရှားဖို့အတွက် ကူညီပေးရုံသက်သက်ပါ။

၁။ ငွေအရမ်း သုံးခြင်း

သင်တတ်နိုင်တာထက် များတဲ့ပမာဏကို အသုံးပြုဖို့အတွက် နိုးလို့ ပြောလိုက်ပါ။ ဖုန်းတစ်လုံးကို မဝယ်ခင်မှာ သင့်အနေနဲ့ ငွေပမာဏကို အရင်ချိန်ဆထားရမှာပါ။

ငွေပမာဏကို ချိန်ဆထားခြင်းက ခက်ခဲတဲ့အရာတစ်ခု မဟုတ်ပေမယ့်လည်း အကောင်းဆုံးရွေးချယ်မှုတွေကို ရွေးချယ်စေနိုင်ပြီး သင့်ရဲ့ ရွေးချယ်မှုကို ဘောင်ကန့်သတ်ပေးပါတယ်။ သင်က သုံးသိန်းလောက် တတ်နိုင်တယ်ဆိုရင် ဒီထက်ဈေးများတဲ့ဖုန်းတွေကို မစဉ်းစားပါနဲ့။

စမတ်ဖုန်းတွေဟာ အရမ်းမိုက်တယ်ဆိုတာ ကျွန်တော်သိပါတယ်။ ကျွန်တော်တို့အားလုံးက ဈေးအကြီးဆုံးနဲ့ နောက်ဆုံးပေါ် feature တွေကို အသုံးပြုချင်ကြတာပဲမလား။ ဒါပေမယ့်လည်း ဒီထက်အရေးပါတဲ့အရာတွေက ဘဝမှာ ရှိနေသေးတယ်မဟုတ်လား။ အဲဒီလိုဈေးကြီးတဲ့စမတ်ဖုန်းကို ဝယ်ယူပြီးနောက်မှာ သင်ရင်ဆိုင်ရမယ့် အခက်အခဲတွေ အများကြီး ရှိနေပါသေးတယ်။

၂။ Brand အစွဲရှိသူ

မှားတတ်တဲ့အမှားတစ်ခုကတော့ Brand အစွဲရှိတဲ့သူပါပဲ။ ဒါဟာ လူသိများတဲ့ Brand တွေကိုပဲ စဉ်းစားစေမိပြီးတော့ တခြားအရာတွေကို မကြည့်ဖြစ်အောင် လုပ်ထားလိုက်တာပါ။

OnePlus လိုမျိုးကလည်း သင့်တင့်တဲ့ဈေးနှုန်းနဲ့ ဖုန်းတွေကို ထုတ်လုပ်ပေးနေတဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ မကြာသေးခင်က ကြေညာထားတဲ့ OnePlus 5T ဆိုတာကလည်း ဒေါ်လာ ၂၂၅ လောက်သာရှိပြီးတော့ Samsung Galaxy S8 ထက် ဈေးသက်သာပြီးတော့ လုပ်ဆောင်ချက်တွေလည်း ကောင်းမွန်ပါတယ်။ 5T ဟာ RAM များများပါဝင်တယ်၊ dual-SIM သုံးလို့ရတယ်။ dual-camera setup ကိုလည်း တွေ့ရပါတယ်။

စမတ်ဖုန်းတစ်လုံးအသစ်ဝယ်ယူတဲ့အခါမှာ စိတ်ကိုဖွင့်ထားဖို့ လိုပါတယ်။ စမတ်ဖုန်းထုတ်လုပ်သူအကြီးစားကြီးတွေဟာ လုပ်ငန်းအသေးတွေထက် အရည်အသွေးကောင်းမွန်တယ်လို့ အမြဲမယူဆထားပါနဲ့။ အဲဒီလို မဟုတ်ပါဘူး။

Samsung ၊ LG နဲ့ အခြားသောလုပ်ငန်းကြီးတွေထံကနေ မဝယ်သင့်ဘူးလို့ ပြောတာမဟုတ်ပါဘူး။ Brand အတွက် ပရီမီယမ်ဖိုး ပေးလိုက်ရဦးမှာဆိုတာကိုလည်း ထည့်သွင်းစဉ်းစားပါ။ Honor ၊ Xiaomi ၊ Oppo နဲ့ OnePlus တို့ဆီကနေလည်း ကောင်းမွန်တဲ့ စမတ်ဖုန်းတွေ ရနိုင်ပါသေးတယ်။

၃။ သင့်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သလား

ဖုန်းတစ်လုံးကို မျက်စိကျနေပြီဆိုရင်တော့ အဲဒီဖုန်းရဲ့ အသေးစိတ်အချက်အလက်တွေနဲ့ feature တွေကို သေချာလေးကြည့်ဖို့လိုပါတယ်။ တတ်သိတဲ့သူကို ခေါ်သွားတာလည်း အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။

စာရွက်တစ်ရွက်မှာ သင်လိုချင်တဲ့ feature တွေကို ရေးချထားလိုက်ပါ။ ကင်မရာကောင်းကောင်း၊ ဘတ်ထရီကောင်းကောင်း၊ ကြိုးမဲ့အားသွင်းစနစ်၊ storeage ချဲ့နိုင်ခြင်း၊ အနားသတ်ဘောင်နည်းဒီဇိုင်း စတဲ့အချက်တွေထဲက ဘယ်တစ်ခုက သင့်အတွက် အရေးပါဆုံးလဲ။ ဒီလိုလုပ်ခြင်းဟာ သင့်ရဲ့ဝေခွဲမရခြင်းတွေကို အဆုံးသတ်သွားစေမှာပါ။ ဒါဆိုရင်တော့ ဘယ်ဖုန်းက သင်လိုချင်တာပေးနိုင်သလဲဆိုတာ ပေါ်လွင်သွားပါပြီ။

ဆင်တူတဲ့ဖုန်းတွေအကြား ဆုံးဖြတ်ရတာလည်း လွယ်ကူသွားစေပါတယ်။ ဥပမာ LG G6 နဲ့ Samsung Galaxy S8 တို့လိုပေါ့။ သတိထားရမှာက သင့်ရဲ့သတ်မှတ်ထားတဲ့ ငွေပမာဏကို ကျော်လွန်မသွားပါစေနဲ့။

၄။ သက်တမ်းရင့်စမတ်ဖုန်းများကို အထင်သေးခြင်း

ဒါကလည်း မှားလေ့ရှိပါတယ်။ မလုပ်ပါနဲ့။ တစ်နှစ်လောက်ကြာသွားတဲ့စမတ်ဖုန်းဟာ သင်ရှာနေတဲ့ feature တွေကို ပေးနိုင်ပါသေးတယ်။

နောက်ဆုံးထွက်စမတ်ဖုန်းတွေဆိုတာ သူတို့ရဲ့အရင်ထွက်စမတ်ဖုန်းတွေထက် အမြဲတမ်းကောင်းတယ်ဆိုတာ မဟုတ်ပါဘူး။ တစ်ခါတစ်လေ ဒီဇိုင်းပြောင်းတာမျိုး၊ နည်းနည်းလေးလောက်သာ ပြင်ဆင်ထားတာမျိုးလည်း လုပ်တတ်ကြပါတယ်။ ဒီတော့ နောက်ဆုံးထွက် ဟန်းဆက်မဖြစ်လည်း ရတယ်ဆိုရင် တစ်နှစ် နှစ်နှစ်လောက်ရှိတဲ့ သက်တမ်းရင့် စမတ်ဖုန်းကလည်း သင့်ငွေပမာဏကို သက်သာအောင် ဆောင်ရွက်ပေးနိုင်လောက်ပါတယ်။

Galaxy S8 အစား Galaxy S7 Edge ကို ဝယ်ယူတာမျိုးပေါ့။ ဒါဆိုရင် ဒေါ်လာ၇၂၅ ကနေ ဒေါ်လာ ၅၀၀ ဖြစ်သွားပါပြီ။

S7 Edge မှာ 18:9 display ၊ selfie ကောင်းကောင်းရိုက်နိုင်ခြင်း စတာတွေ လုပ်နိုင်ပါသေးတယ်။

စမတ်ဖုန်းဈေးကွက်ထဲမှာ အဟောင်းတွေလည်း ကောင်းသေးတယ်ဆိုတာကို ပြောချင်တာပါ။

၅။ အချိန်အခါကို မကြည့်ခြင်း

ဈေးနှုန်းတွေဟာ ရောင်းချတဲ့သူအပေါ်မှာ မူတည်နေပါတယ်။ ပထမဆုံးဝင်လိုက်တဲ့ ဆိုင်မှာပဲ ဝယ်ယူခြင်းကလည်း အမှားတစ်ခုပါပဲ။

ဒီတော့ အဲဒီစမတ်ဖုန်းကို လိုချင်တာသေချာပြီဆိုရင် ဈေးနှုန်းအနည်းဆုံးကို ဘယ်ဆိုင်ကပေးနိုင်သလဲဆိုတာကိုလည်း လိုက်စုံစမ်းသင့်ပါတယ်။ ဥပမာ shop.com.mm တို့ ဘာတို့မှာ လျှော့ဈေးချတာမျိုး၊ နှစ်သစ်ကူး၊ ဒီဇင်ဘာ၊ သီတင်းကျွတ် စတဲ့အချိန်အခါတွေကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။

7techlover.org (နည်းပညာချစ်သူ)

Source:myanmarmobileapp

About the author

ShweLight

Leave a Comment