Shwe News






(Unicode Version)

ချက်ပြီးပါက တစ်လက်မကျော် ရှည်ထွက်လာတဲ့ ကမ္ဘာ့ ဈေးအကြီးဆုံး ဆန်

ကမ္ဘာ့ဈေးအကြီးဆုံး စပါးက (Basmati paddy) ဖြစ်ပါတယ်။ လူကြိုက်အများဆုံး ဆန်ကလည်း (Basmati rice) ဖြစ်ပါတယ်။ Basmati စပါးမျိုးဟာ အမျိုးအစား များစွားရှိပြီးတော့ ဥပမာ: 11210/11211/1509 ဟူ၍ ကုဒ်နံပါတ်လေးတွေနဲ့ ဖော်ပြထားပါတယ်။

သူ့ရဲ့ဆန်စေ့ဟာ မချက်ပြုပ်မှီ (8.30mm to 8.40 mm) ခန့်မျှရှည်လျားပြီး ချက်ပြီးပါက တစ်လက်မ အထက်ထိ ရှည်ပါတယ်။ သူ့ကို ပါကစ္စတန် ၊ အိန္ဒိယ၊နီပေါလ် နှင့် ဘူတန်နိုင်ငံတွေ၌ အများဆုံး စိုက်ပျိုးပါတယ်။

အဓိက အသုံးပြုကြတာကတော့ ဒံပေါက်ထမင်း ချက်လုပ်တဲ့နေရာတွေမှာ အသုံးများပါတယ်။ ကျွန်တော် စားဖူးပါတယ် အမှန်ပြောရရင် ကျွန်တော်တို့ မြန်မာနိုင်ငံက ထွက်ရှိတဲ့ ပုသိမ် ပေါ်ဆန်းမွှေး ဆန်လောက် မကြိုက်နှစ်သက်ပါ။

Credit : Win Min Phyo (ဘဝခါးခါး)

About the author

Shwe News

Leave a Comment