Shwe News

တစ္နာရီ ၁၃၄ မိုင္ႏႈန္းနဲ႕ ဂ်ပန္ႏိုင္ငံထဲကို ဝင္ေရာက္လာမယ့္ စူပါတုိင္းဖြန္း Trami

Zawgyi

(ဂ်ပန္ႏိုင္ငံ ကမၻာ့ေျမပံုထဲက ေပ်ာက္ကြယ္ေတာ့ေလမလား )

အလြန္ၾကီးမားလြန္းတဲ့ မုန္တိုင္းတစ္ခုဟာ ဂ်ပန္ႏုိင္ငံဆီကုိ ဦးတည္ေနျပီး ဒီမုန္တုိင္းကိုေတာ့ စူပါတိုင္ဖြန္း Trami လုိ႕နာမည္ေပးထားပါတယ္ ။ မုန္တုိင္းဟာ အနီေရာင္အဆင့္ရွိျပီးေတာ့ တစ္နာရီကုိ ၁၃၄ မုိင္ႏႈန္းနဲ႕တိုက္ခတ္ေနျပီး သာမန္မုန္တုိင္းေတြထက္ဆိုးရြားတဲ့မုန္တိုင္းတစ္ခုလုိ႕ေၾကျငာထားပါတယ္။

ဂ်ပန္ႏိုင္ငံဟာ မုန္တုိင္းေတြနဲ႕ ၾကံဳေနၾကႏုိင္ငံတစ္ခုျဖစ္ျပီး လြန္ခဲ့တဲ့လအနည္းငယ္ကလည္း Kansai ေလဆိပ္မွာ ေရလႊမ္းမိုးခဲ့တဲ့အတြက္ ခရီးသည္ေပါင္း ေထာင္ခ်ီ အခ်ိန္ၾကန္႕ၾကာခဲ့ရဖူးပါေသးတယ္။

အခုဆိုရင္ Trami မုန္တိုင္းဟာ Miyako ကြ်န္းရဲ႕အေရွ႕ေတာင္ဘက္ ၁၈၆ မိုင္ေလာက္အကြာမွာရွိေနပါတယ္။ မုန္တုိင္းဝင္လာမယ့္အေျခအေနေၾကာင့္ JLA နဲ႕ ANA ေလေၾကာင္းလုိင္းႏွစ္ခုဟာ ခရီးစဥ္ေပါင္း ၁၀၀ ေက်ာ္ေလာက္ကုိ ဖ်က္သိမ္းထားျပီးျပီျဖစ္ပါတယ္။ဒီမုန္တိုင္းဝင္လာျပီးတဲ့ေနာက္မွာ ေနာက္ဆက္တြဲရာသီဥတုေဘးအႏၱရာယ္ေတြရွိလာႏုိင္တယ္လုိ႕လည္း မိုးေလဝသဌာနကေျပာၾကားထားပါတယ္။

၁၉၆၁ ခုႏွစ္ေနာက္ပိုင္းျဖစ္ခဲ့တဲ့ ရာသီဥတု ေဘးအႏၱရာယ္ေတြထဲမွာေတာ့ လြန္ခဲ့တဲ့ ၂၅ ႏွစ္ကတိုက္ခဲ့တဲ့ Jebi မုန္တိုင္း နဲ႕ Kansai ေလဆိပ္ေရလႊမ္းမိုးမႈကအဆိုးဆံုးပါပဲ။ အခုလက္ရွိအေျခအေနမွာေတာ့ Trami မုန္တိုင္းေၾကာင့္ ေသဆံုးသူ စုစုေပါင္း လူ ၁၇ ဦးရွိေနျပီျဖစ္ပါတယ္။ ယခုႏွစ္ဟာ ဂ်ပန္ႏုိင္ငံအတြက္ အဆုိးရြားဆံုးႏွစ္တစ္ခုဆိုလည္းမမွားပါဘူး။

ဒီႏွစ္အတြင္းမွာ မီးေတာင္ေပါက္ကြဲမႈ ၊ ေရခဲျပင္စကိတ္မေတာ္တဆမႈ နဲ႕ လူေပါင္း ၂ ေသာင္းေလာက္ ေဆးရံုေရာက္ခဲ့ရျပီး ၈၀ ေလာက္ေသဆံုးခဲ့ရတဲ့အပူလြန္ကဲမႈ ၊ ဂ်ပန္ႏုိင္ငံအေနာက္ဘက္မွ လူ ၂၀၀ ေက်ာ္ေသခဲ့ရတဲ့ ေရလႊမ္းမိုးမႈ အစရွိတဲ့ ရာသီဥတု ဆိုးရြားမႈမ်ိဳးစံုျဖစ္ေပၚေနပါတယ္။ Jebi မုန္တုိင္းတိုက္ခဲ့တုန္းက မုန္တုိင္းဝင္ျပီးႏွစ္ရက္အၾကာမွာ Hokkaido ကမီးေတာင္ေပါက္ကြဲသြားျပီး အနီးနားပတ္ဝန္းက်င္မွ လူေပါင္း ၄၄ ေယာက္ေလာက္ေသဆံုးခဲ့ရပါတယ္။

Credit- Min Thu (Daily Hot News)

တစ်နာရီ ၁၃၄ မိုင်နှုန်းနဲ့ ဂျပန်နိုင်ငံထဲကို ဝင်ရောက်လာမယ့် စူပါတိုင်းဖွန်း Trami
(ဂျပန်နိုင်ငံ ကမ္ဘာ့မြေပုံထဲက ပျောက်ကွယ်တော့လေမလား )

အလွန်ကြီးမားလွန်းတဲ့ မုန်တိုင်းတစ်ခုဟာ ဂျပန်နိုင်ငံဆီကို ဦးတည်နေပြီး ဒီမုန်တိုင်းကိုတော့ စူပါတိုင်ဖွန်း Trami လို့နာမည်ပေးထားပါတယ် ။ မုန်တိုင်းဟာ အနီရောင်အဆင့်ရှိပြီးတော့ တစ်နာရီကို ၁၃၄ မိုင်နှုန်းနဲ့တိုက်ခတ်နေပြီး သာမန်မုန်တိုင်းတွေထက်ဆိုးရွားတဲ့မုန်တိုင်းတစ်ခုလို့ကြေငြာထားပါတယ်။

ဂျပန်နိုင်ငံဟာ မုန်တိုင်းတွေနဲ့ ကြုံနေကြနိုင်ငံတစ်ခုဖြစ်ပြီး လွန်ခဲ့တဲ့လအနည်းငယ်ကလည်း Kansai လေဆိပ်မှာ ရေလွှမ်းမိုးခဲ့တဲ့အတွက် ခရီးသည်ပေါင်း ထောင်ချီ အချိန်ကြန့်ကြာခဲ့ရဖူးပါသေးတယ်။

အခုဆိုရင် Trami မုန်တိုင်းဟာ Miyako ကျွန်းရဲ့အရှေ့တောင်ဘက် ၁၈၆ မိုင်လောက်အကွာမှာရှိနေပါတယ်။ မုန်တိုင်းဝင်လာမယ့်အခြေအနေကြောင့် JLA နဲ့ ANA လေကြောင်းလိုင်းနှစ်ခုဟာ ခရီးစဉ်ပေါင်း ၁၀၀ ကျော်လောက်ကို ဖျက်သိမ်းထားပြီးပြီဖြစ်ပါတယ်။ဒီမုန်တိုင်းဝင်လာပြီးတဲ့နောက်မှာ နောက်ဆက်တွဲရာသီဥတုဘေးအန္တရာယ်တွေရှိလာနိုင်တယ်လို့လည်း မိုးလေဝသဌာနကပြောကြားထားပါတယ်။

၁၉၆၁ ခုနှစ်နောက်ပိုင်းဖြစ်ခဲ့တဲ့ ရာသီဥတု ဘေးအန္တရာယ်တွေထဲမှာတော့ လွန်ခဲ့တဲ့ ၂၅ နှစ်ကတိုက်ခဲ့တဲ့ Jebi မုန်တိုင်း နဲ့ Kansai လေဆိပ်ရေလွှမ်းမိုးမှုကအဆိုးဆုံးပါပဲ။ အခုလက်ရှိအခြေအနေမှာတော့ Trami မုန်တိုင်းကြောင့် သေဆုံးသူ စုစုပေါင်း လူ ၁၇ ဦးရှိနေပြီဖြစ်ပါတယ်။ ယခုနှစ်ဟာ ဂျပန်နိုင်ငံအတွက် အဆိုးရွားဆုံးနှစ်တစ်ခုဆိုလည်းမမှားပါဘူး။

ဒီနှစ်အတွင်းမှာ မီးတောင်ပေါက်ကွဲမှု ၊ ရေခဲပြင်စကိတ်မတော်တဆမှု နဲ့ လူပေါင်း ၂ သောင်းလောက် ဆေးရုံရောက်ခဲ့ရပြီး ၈၀ လောက်သေဆုံးခဲ့ရတဲ့အပူလွန်ကဲမှု ၊ ဂျပန်နိုင်ငံအနောက်ဘက်မှ လူ ၂၀၀ ကျော်သေခဲ့ရတဲ့ ရေလွှမ်းမိုးမှု အစရှိတဲ့ ရာသီဥတု ဆိုးရွားမှုမျိုးစုံဖြစ်ပေါ်နေပါတယ်။ Jebi မုန်တိုင်းတိုက်ခဲ့တုန်းက မုန်တိုင်းဝင်ပြီးနှစ်ရက်အကြာမှာ Hokkaido ကမီးတောင်ပေါက်ကွဲသွားပြီး အနီးနားပတ်ဝန်းကျင်မှ လူပေါင်း ၄၄ ယောက်လောက်သေဆုံးခဲ့ရပါတယ်။

Min Thu (Daily Hot News)

About the author

Shwe News

Leave a Comment